Tuesday, January 27, 2026

သိန္နီ – နမ့်စလပ်ကြား ယာဉ်တိုက်မှုဖြစ် အမျိုးသားတစ်ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း သိန္နီ – နမ့်စလပ်ကြား လမ်းမတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ (နိုဝင်ဘာ ၈)ရက် မနက် ၈ နာရီ ဝန်းကျင်တွင် သိန္နီမြို့ နှင့် နမ့်စလပ်ကြား လမ်းမကြီးတွင် ကားနှင့် ဆိုင်ကယ် ယာဥ်တိုက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်လာသူ ပွဲချင်ပြီး သေဆုံးသွားကြောင်း သိရသည်။

“ယာဉ်တိုက်မှုဖြစ်တာ။ ဆိုင်ကယ်သမားတော့ ခေါင်းကို ထိပြီး ချက်ချင်းသေဆုံးသွားတယ်။ ကားသမားကိုတော့ ရဲတွေ ခေါ်သွားပြီ။ ဆိုင်ကယ်သမားက ဘယ်သူလဲဆိုတာတော့ ကျနော်တို့လည်း မသိရသေးဘူး။” ဟု အနှိုင်းမဲ့ကုသိုလ် လူမှုကူညီရေးအသင်း သိန္နီမြို့က ပြောသည်။

ထို သိန္နီ − နမ့်စလပ် ကြားတွင် လမ်းကောင်းပြီး ယာဉ်တိုက်မှု မကြာခဏဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ထိုလမ်းတွင် ပြည်သူများအနေဖြင့် အသွားအလာ သတိထားသင့်ကြောင်း၊ ထို့အပြင် ဆိုင်ကယ်သမားများအနေဖြင့်လည်း ဆိုင်ကယ်ဦးထုပ် ဆောင်းပြီး သွားလာသင့်ကြောင်း ပရဟိတ အဖွဲ့ဝင်က ပြောသည်။

“ခဏခဏ ယာဉ်တိုက်မှုဖြစ်တယ်။ အရင်က နေ့တိုင်းလိုလိုဘဲ အလောင်းသွားကောက်ယူပေးရတာ။ အခုက ကိုဗစ် ဆိုတော့ နည်းလာတယ်။ လမ်းက ကောင်းတော့ အမြန်မောင်းကြတယ်လေ။ ဘယ်လိုမောင်းမောင်း ဆိုင်ကယ်ဦးထုပ်တော့ အမြဲပါပြီး မောင်းသင့်တယ်။ အခုလိုမျိုး ခေါင်းထိ ဒဏ်ရာရပြီး သေဆုံးမှုမဖြစ်အောင်” ဟု သိန္နီမြို့ ပရဟိတက ပြောသည်။

သီန္နီ − နမ့်စလပ် လမ်းတွင် ယခုနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူ (၇၁)ဦး ရှိနေပြီဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တန့်ယန်းမြို့ ယာဉ်တိုက်မှုကြောင့် ကလေး နှစ်ဦး သေဆုံး

0
သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့တွင် ယနေ့ (မတ် ၁၄)ရက် မနက် ၈နာရီခွဲကျော်တွင် ယာဉ်တိုက်မှု ဖြစ်ပွားပြီး ကလေးနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မတ် ၁၄)ရက် မနက် ၈နာရီခွဲကျော်တွင် တန့်ယန်းမြို့ ရပ်ကွက် (၆) ၊ မိုးဆန်းပန်း ပန့်ဆီဆိုင် အရှေ့တွင်...

နမ့်ခမ်း သတ္တုတင်ယာဉ်တိုက်မှုကြောင့် ကျောင်းသူ ၁ ဦး ပွဲချင်းပြီးသေဆုံး၊ ၁ ဦးဒဏ်ရာပြင်းထန်

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် သတ္တုတင်ဆောင်လာသည့် ကားမှ ကျောင်းသူ (၂) ဦးကို တိုက်မိခဲ့ရာ တစ်ဦး ပွဲချင်းပြီး သေဆုံး၍ ၁ဦး ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင် ၈ ရက်) နံနက်ပိုင်းတွင် နမ့်ခမ်းမြို့နယ် နောင်တိန်ကျေးရွာတွင် သတ္တုတင်ဆောင်လာသော ကားကြီးသည် တရုတ်ကျောင်းမှ ပြန်လာသည့်...

သိန္နီမြို့နယ် စစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲဖြစ်ပွား၊ ကားလမ်းပိတ်ထားရ

0
သျှမ်းပြည် မြောက်ပိုင်း သန္နီမြိုနယ်တွင် အာဏာသိမ်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား တပ်မတော် (TNLA)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ နိုဝင်ဘာလ ၁၃ ရက်နံနက်ပိုင်း ၈ နာရီဝန်းကျင်တွင် သိန္နီမြို့နယ်မှ ကွမ်လုံဘက်သွားသည့် လမ်းပိုင်းရှိ ပန်တီးကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံ...

ကျိုင်းတုံ ယာဉ်တိုက်မှု တစ်ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

0
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကာ အမျိုးသမီးတစ်ဦးသေဆုံးပြီး တိုက်သည့်ကားမှာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သတင်းသိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၅ နာရီဝန်းကျင် ကျိုင်းတုံမြို့ ဆန်ဂိုတောင်ကုန်းအဆင်း လေယာဉ်ကွင်းလမ်း မြို့တွင်းသို့ လာသည့် ကားတစ်စီးသည် အရှိန်ဖြင့် မောင်းနှင်လာကာ...

လားရှိုးမြို့ အမှတ် (၁၀) စစ်ဆေးရုံတပ်ရင်းရှေ့ ယာဥ်တိုက်မှု ဖြစ်ပွားခဲ့

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အမှတ် (၁၀) စစ်ဆေးရုံတပ်ရင်းရှေ့တွင် ယာဥ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သတင်းသိရသည်။ လားရှိုးမြို့ အမှတ် (၁၀) စစ်မြေပြင် ဆေးရုံတပ်ရင်းရှေ့တွင် မြေသယ်ကားနှင့် သုံးဘီးယာဥ်တိုက်မှု ဖြစ်သွားပြီး သုံးဘီးမောင်းသူ ဒဏ်ရာပြင်းထန်စွာ ဒဏ်ရာရရှိသွားသဖြင့် လားရှိုးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးလိုက်ရကြောင်း လားရှိုးမြို့...