Friday, April 26, 2024

တောင်ကြီး EPC ရုံး အနီး အသံဗုံးပေါက်ကွဲ

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးအနီးတွင် ယနေ့ (နိုဝင်ဘာ ၅)ရက် မနက် ၁၀နာရီဝန်းကျင်တွှု် အသံဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

“ထိခိုက်ဒဏ်ရာ ရရှိတဲ့သူတွေတော့ မကြားရဘူး။ အသံဗုံးလို့တော့ ပြောကြတယ်” ဟု တောင်ကြီးဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

စစ်ကောင်စီ၏ အထောက်အပံ့ ဖြစ်သည့် အရာများကို အခွန်မဆောင်စေရန် ပြည်သူများက တိုက်တွန်းထားသော်လည်း လျှပ်စစ်မီတာ သွားဆောင်သည့် ပြည်သူများ အများအပြားတွေ့ရှိခဲ့ရကြောင်း ဒေသခံများက ပြောဆိုကြသည်။

အောက်တိုဘာ (၂၈) ရက်တွင်လည်း တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်ရှိ စစ်ကောင်စီ လက်အောက်ခံ သျှမ်းပြည်စည်ပင်ယာရေး ဌာန၏ ညွှန်ကြားရေးမှူး နေအိမ်တွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလကစတင်ပြီး သျှမ်းပြည်တွင်းရှိ တောင်ကြီး၊ လားရှိုး၊ မူဆယ် အပါအဝင် တခြားမြို့ကြီးတွေမှာ ပေါက်ကွဲမှု မကြာခဏ ဖြစ်ပွားခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article