CATEGORY

သတင်း

မောက်မယ် Local Semi lockdown ကာလ ကိုဗစ်ကူးစက်မှု ပိုမြင့်တက်

သျှမ်းတောင် မောက်မယ်မြို့နယ်တွင် Local Semi Lockdown သတ်မှတ်ထားသော်လည်း ကိုဗစ်ကူးစက်မှု ပိုမိုမြင့်တက်လာကြောင်း သတင်းသိရသည်။ မောက်မယ်မြို့နယ်တွင် နိုဝင်ဘာလ (၂)ရက်နေ့က စပြီး Local Semi Lockdown သတ်မှတ်ထားတာဖြစ်ပြီး ကိုဗစ်စည်းကမ်းလိုက်နာမှု အားနည်းခြင်းကြောင့် ရောဂါကူးစက်မှု တစ်ရက်လျှင် အယောက် (၄၀)နီးပါး ကိုဗစ်တွေ့ရှိကြောင်း ဒေသခံထံမှ...

စစ်အင်အားတိုးချဲ့တဲ့ စစ်ကောင်စီ ယာဉ်တန်း (၉)စီး MNDAA ကြားဖြတ်တိုက်ခိုက် ဖျက်ဆီးခဲ့

သျှမ်းမြောက် သိန္နီနှင့် မုံးကိုးမြို့နယ်အတွင်းသို့ စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီ၏ ယာဉ်တန်များကို ကိုးကန့် MNDAA တပ်မှ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကား (၉)စီး ဖျက်ဆီးနိုင်ခဲ့ကြောင်း ကိုးကန့်သတင်းရင်းမြစ် The Kokang သတင်းတွင် ထုတ်ပြန်ထားသည်။ ယမန်နေ့ (နိုဝင်ဘာ ၁၁)ရက် မနက်ပိုင်းတွင် သိန္နီမြို့နယ် နမ့်စလပ်မှတဆင့် ကိုးကန့်...

မိုင်းရယ် ကျောင်းဆရာမအပါအဝင် ကျောင်းသား ၂၆ ဦး ကိုဗစ်ပိုးတွေ့

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့တွင် ကျောင်းများဖွင့်လှစ်ပြီး တစ်ပတ်ကျော်အတွင်း ကျောင်းဆရာမ အပါအဝင် ကျောင်းသား ၂၆ဦး ကိုဗစ်ပိုးတွေ့ကြောင်း သတင်းသိရသည်။ စစ်ကောင်စီက နိုဝင်ဘာ ၁ ရက်နေ့မှစတင်ကာ စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး တစ်ပတ်ကျော် ကာလအတွင်း ပညာရေး ဝန်ထမ်းနှင့် ကျောင်းသား စုစုပေါင်း (၂၆)ဦး ကိုဗစ်...

မိုင်းကိုင်စစ်​ရှောင် ၃၀၀ ကျော် နေရပ်မပြန်ရဲသေး

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့ နယ် ပန်ကေတု ကျေးရွာအုပ်စုထဲတွင် လာရောက်ခိုးလှုံနေသည့် စစ်ဘေးရှောင်  ၃၀၀ ကျော်က နေရပ်ကို မပြန်ရဲသေးကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၁၀)တွင် တိုက်ပွဲအသံငြိမ်နေသည့် ကျေးရွာမှ စစ်ဘေးရှောင် (၁၀၅) ဦး နေရပ် ပြန်သွားခဲ့ကြသော်လည်း ကုန်လျန်းကျေးရွာ ဒေသခံ ၃၂၇...

ကိုဗစ်ရိုက်ခတ်မှုကြားက မွေးဖွားလာတဲ့ (၁၀)နှစ်သား ပရဟိတ မျိုးဆက်သစ်

“ကျွန်နော့ရဲ့ ခံစားချက်ကတော့ ဂုဏ်ယူတာပေါ့၊ ကျနော်ရော မိသားစုဝင်တွေကရော မျက်ရည်ကို လည်တာပေါ့ဗျာ၊ ဝမ်းသာဂုဏ်ယူတာပေါ့” ဆိုပြီး ဦးတင်မောင်ထွန်း က ဝမ်းသာပီတိဖြစ်နေတဲ့ လေသံဖြင့် ပြောပြပါတယ်။ ဦးတင်မောင်ထွန်းနဲ့ ဒေါ်နီနီခိုင် တို့မှာ သားသမီး (၅)ယောက် ရှိပြီး မိသားစုဝင် (၄)ဦးက ပရဟိတအလုပ်ကို ပါဝင်ဆောင်ရွက်နေကြသူတွေ ဖြစ်ပါတယ်။ ထို...

သိန္နီမြို့နယ် စစ်ကောင်စီ တပ်အနီး လက်နက်ကြီးသံကြားရ

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ တပ်အနီးတွင် ယနေ့ (နိုဝင်ဘာ ၁၀ ရက်) မနက် ၉ နာရီ၌ လက်နက်ကြီးပစ်ခတ်သံများ ကြားနေရကြာင်း စုံစမ်းသိရသည်။ ယနေ့ မနက် ၉ နာရီတွင် သိန္နီမြို့ရှိ စစ်ကောင်စီတပ် စကခ (၁၆)၊ ၆၉ ခြေလျင်တပ်ရင်း၊ ၃၂၃...

ရွာငံမြို့နယ်အတွင်း စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသူ ဓါးဖြင့်ထိုးသတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာမှ ဒလန်ဟု သတ်မှတ်ခံရသူသည် ယမန်နေ့ (နိုဝင်ဘာလ ၉ ရက်) ညနေ(၃)နာရီခွဲဝန်းကျင်တွင် ၎င်း၏နေအိမ်အတွင်း၌ရှိနေစဉ် အသတ်ခံလိုက်ရကြောင်း သိရသည်။ အသတ်ခံရသူမှာ ကိုနိုင်ဦး ဖြစ်ပြီး ယခင်က စစ်သားလုပ်ခဲ့ဖူးသူဖြစ်ကြောင်း ရွာငံဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အသတ်ခံရသူက အရင် စစ်သားတွေကို ရွာထဲခေါ်ဝင်ဖူးတယ်၊...

လားရှိုးမြို့ လဝကရုံးအနီး ဗုံးပေါက်ကွဲ ဖြစ်၊ ထိခိုက်မှုရှိ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အမှတ် ၁ ရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးရုံး (လဝက)အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူရှိကြောင်း သတင်းသိရသည်။ ဖြစ်စဥ်မှာ ယနေ့ နိုဝင်ဘာလ ၁၀ ရက် ညနေပိုင်း ၃ နာရီခွဲဝန်းကျင်အချိန်တွင် ဗုံးတစ်လုံးပေါက်ကွဲပြီးလဝကရုံးဝန်ထမ်း အမျိုးသမီးတစ်ဦးနှင့် မှတ်ပုံတင်လာလုပ်သည့်သူ တစ်ဦး မိုင်းစထိမှန်ကာ ဒဏ်ရာရခဲ့ကြောင်း...

အောင်ပန်းမြို့အတွင်း နှစ်ညဆက်တိုက် စစ်ကောင်စီက ရပ်ကွက်လှည့်ပြီး သေနတ်ပစ်ခတ်ခြောက်လန့်နေ

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့သည် နှစ်ရက်ဆက်တိုက် ရပ်ကွက်တွင်းလှည့်ပြီး သေနတ်ဖြင့် ပစ်ခတ်ခြောက်လှန့်မှုများ ပြုလုပ်ကြောင်း ဒေသခံများက ပြောသည်။ ယမန်နေ့ အောက်တိုဘာလ ၉ ရက် ည ၁၀ နာရီဝန်းကျင်တွင် အောင်ပန်းမြို့ရှိ ဟိုက်ဒရိုက်ကားကွင်းမှ စတင်ကာ ရပ်ကွက်များဘက်အထိ စစ်ကောင်စီတို့မှ သေနတ်ဖြင့် ပစ်ခတ်ခြောက်လှန့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း...

သီပေါစစ်ရှောင် စားနပ်ရိက္ခာလိုအပ်နေ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲကြောင့် ဒေသခံ (၃၀၀)ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စားနပ်ရိက္ခာများ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ နိုဝင်ဘာ (၇)ရက်က မြောက်ပိုင်း တပ်ပေါင်းစုနှင့် ( RCSS/SSA) တို့သည် သီပေါမြို့နယ် ဟာလျံကျေးရွာ၊ ဆွန်လုံကျေးရွာ၊ ချောင်းဆုံကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရှိရသည်။ “ထွက်ပြေးလာတာ (၃၀၀)ကျော်ရှိနေပြီ။...

Latest news