သီပေါစစ်ရှောင် စားနပ်ရိက္ခာလိုအပ်နေ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲကြောင့် ဒေသခံ (၃၀၀)ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စားနပ်ရိက္ခာများ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

နိုဝင်ဘာ (၇)ရက်က မြောက်ပိုင်း တပ်ပေါင်းစုနှင့် ( RCSS/SSA) တို့သည် သီပေါမြို့နယ် ဟာလျံကျေးရွာ၊ ဆွန်လုံကျေးရွာ၊ ချောင်းဆုံကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရှိရသည်။

“ထွက်ပြေးလာတာ (၃၀၀)ကျော်ရှိနေပြီ။ တစ်ချက်တစ်ချက် တိုက်ပွဲဖြစ်ပွားသံ ကြားနေရသေးတယ်။ ခုလောလောဆယ်တော့ နေ့တိုင်းစားဖို့အတွက် ဟင်းရွက်တွေ လိုအပ်တယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုထွက်ပြေးလာသည့် ဒေသခံများသည် နမ့်မရေချောင်းဘေးတစ်လျှောက် နေထိုင်သည့် ကျေးရွာများဖြစ်ပြီး ပြီးခဲ့သည့် မတ်လ ကတည်းက တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဒေသခံများ ဖြစ်ကြသည်။

“ပြည်သူတွေက အရမ်းဒုက္ခရောက်နေပြီ။ တပေါင်းလ ကတည်းက ဒီအဖွဲ့တွေပဲ စစ်ဘေးတိမ်းရှောင်ခဲ့ရတယ်။ အဲ့ချိန်ကတည်းက ထွက်ပြေးရတော့ ဝင်ငွေမရှိဘူး။ လှေတွေနဲ့ သွားလာရတော့ သူတို့အတွက် အခက်ခဲတွေဖြစ်တယ်။ ပြန်သွားတော့လဲ စားနပ်ရိက္ခာတွေအတွက် အခက်ခဲဖြစ်လို့ လိုက်လံ ထောက်ပံ့ပေးရတာတွေရှိတယ်။ အခုလည်း ထွက်ပြေးရပြန်ပြီ။ နှစ်ပူဆင့် ဖြစ်နေတယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသူ တစ်ဦးက ပြောသည်။

လက်ရှိ ထွက်ပြေးလာသည့် စစ်ရှောင် (၃၀၀)ကျော်သည် သီပေါမြို့ပေါ်ရှိ အောင်မင်္ဂလာဘိုးတော်ကျောင်းတွင် ရှိနေကြောင်း သိရှိရသည်။

“သူတို့ ထွက်ပြေးလာချိန်တုန်းက အခက်ခဲတွေဖြစ်တယ်။ သူတို့က လှေတွေနဲ့ ထွက်ပြေးလာရတော့ တစ်ခါ တင်လာရင် လူက နည်းနည်းပဲရလာတယ်။ ရောက်လာတဲ့သူရှိသလို မရောက်လာတဲ့သူတွေလည်း ရှိတယ်။ ရောက်လာသူ တစ်ချို့လည်း ဘာမှ မရလာတာလဲရှိတယ်” ဟု အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါ မြင့်မားနေသည့်အတွက် စစ်ရှောင်များကို ကိုဗစ်-၁၉ စစ်ဆေးရန်အတွက် သီပေါမြို့နယ် အုပ်ချုပ်ရေးမှူးမှ အကြောင်းကြားလာခြင်းများလည်း ရှိနေကြောင်း သိရှိရသည်။

မြောက်ပိုင်း တပ်ပေါင်းစုနှင့် RCSS တို့ တိုက်ပွဲကြောင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင်လည်း စစ်ရှောင်(၁၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိချိန်ထိ နေရပ်သို့ မပြန်နိုင်သေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

သီပေါမြို့နယ်တွင် MNDAA က ရွှေတူးဖော်ရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ နမ္မချောင်းနှင့် နမ့်ပေါင်ချောင်းဆုံရာ အနီးတစ်ဝိုက်တွင် ကိုးကန့်တပ် (MNDAA) က ရွှေတူးဖော်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလလယ်ခန့်မှ စတင်ကာ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စု နောင်နွေးကျေးရွာ အရှေ့ဘက်ရှိ ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုးမြေတူးစက်များနှင့် ရွှေကျင်စက်ပစ္စည်းများကို...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...