အောင်ပန်းမြို့အတွင်း နှစ်ညဆက်တိုက် စစ်ကောင်စီက ရပ်ကွက်လှည့်ပြီး သေနတ်ပစ်ခတ်ခြောက်လန့်နေ

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့သည် နှစ်ရက်ဆက်တိုက် ရပ်ကွက်တွင်းလှည့်ပြီး သေနတ်ဖြင့် ပစ်ခတ်ခြောက်လှန့်မှုများ ပြုလုပ်ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ အောက်တိုဘာလ ၉ ရက် ည ၁၀ နာရီဝန်းကျင်တွင် အောင်ပန်းမြို့ရှိ ဟိုက်ဒရိုက်ကားကွင်းမှ စတင်ကာ ရပ်ကွက်များဘက်အထိ စစ်ကောင်စီတို့မှ သေနတ်ဖြင့် ပစ်ခတ်ခြောက်လှန့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း အောင်ပန်းမြို့နေ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်၊၊

“မနေ့ညက ကားကွင်းဘက်မှာ ကုန်တင်ကားကြီးကို စစ်သားတွေက တားတာ ချက်ချင်းမရပ်ပေးလို့ ပစ်တာတဲ့၊ အဲ့ကနေ ကားမောင်းပြေးတဲ့အသံတွေရော၊ သေနတ်သံတွေရော ကြားရတယ်၊ ပြီးတော့ စစ်သားတွေက ရပ်ကွက် တွေဘက်ကို လှည့်ပြီးပစ်တာ” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ထို့ပြင် နိုဝင်ဘာလ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင်လည်း စစ်ကောင်စီတို့သည် အောင်ပန်းမြို့ အပေါ်ဈေး ခန်းမအနီးမှ စတင်ကာ အခြားရပ်ကွက်များကိုဘက် လှည့်လည်ပစ်ခတ် ခြောက်လန့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“စပစ်တာက မိန်းလမ်းဘက်ကနေ သေနတ်သံ ငါးချက် စကြားတယ်၊ ခနငြိမ်ပြီးတော့ သေနတ်သံတွေ ထပ်ကြားရပြန်တယ်၊ ရပ်ကွက်လှည့်ပြီး ပစ်တာ၊ တစ်နေရာကို သေနတ်သံ ၄/၅ ချက်နဲ့ ပစ်တာ၊ ညအချိန်ဆိုတော့ ဘယ်သူမှ ထွက်မကြည့်ရဲဘူး၊ ထိခိုက်မှု ရှိ မရှိလည်း မသိရပါဘူး၊ မနက်ရောက်တော့ အားလုံးပုံမှန်လိုပဲ သွားလာကြတယ်” ဟု ၎င်းက ပြောသည်။

ယခုရက်ပိုင်းအတွင်းတွင် စစ်ကောင်စီတို့သည် အောင်ပန်းမြို့တွင်းရှိ NLD ပါတီဝင်များနှင့်ထောက်ခံသူများကို နောက်ယောင်ခံ စုံစမ်းဖမ်းဆီးခြင်းများရှိနေသည့်အပြင် လူငယ်များကိုလည်း ဖမ်းဆီးနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

အောင်ပန်း KTV နှင့်တွဲဖွင့်ထားသည့် Hi ခန်းများ အရေးယူရန် ဒေသခံများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ KTV များတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် HI ခန်းများ ပြုလုပ်နေခြင်းနှင့် ဒုစရိုက်မှုများ များပြားလာခြင်းကြောင့် ဒေသခံပြည်သူများ အနှောင့်အယှက်ဖြစ်ကာ လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ အောင်ပန်းမြို့ပေါ်ရှိ KTV ဆိုင်အချို့တွင် HI ခန်းများပြုလုပ်ကာ အော်ဟစ်ဆူညံခြင်း၊ လှည်းရိုးရပ်ကွက်အတွင်း စားသောက်ဆိုင်အမည်ခံကာ ပြည်တန်ဆာလုပ်ငန်းများ...

အောင်ပန်းမြို့ ပြည်သူကို ဒုက္ခပေးနေတဲ့ KTV ထဲက  HI ခန်းများ

0
အောင်ပန်းမြို့ဟာ စိုက်ပျိုးရေး ၊ပွဲစားမြို့တော်လို့ လူသိများတဲ့မြို့ဖြစ်ပြီး၊ နေ့စဉ်နဲ့အမျှ ရာသီသီနှံတွေ ကုန်စိမ်းတွေ ကို မြန်မာပြည်တဝှမ်းပို့ဆောင်ရန် အတွက် အလွန်စည်းကားတဲ့မြို့တခုဖြစ်ပါတယ်။ လူမျိုးစုံ၊ ဒေသစုံကလာရောက်ပြီး ဝမ်းရေးရှာဖွေ စားသောက်တဲ့နယ်မြေလည်းဖြစ်ပါတယ်။  စစ်အာဏာမသိမ်းခင်မှာတော့ ရာသီဉတု နဲ့ သန့်ရှင်းလတ်ဆတ်တဲ့ သီးနှံ တွေရရှိတဲ့အတွက် အလွန်နေချင်စဖွယ်ကောင်းတဲ့မြို့ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းပြီး ၅နှစ်ကျော်ကာလမှာတော့ အောင်ပန်းမြို့ဟာ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...