မိုင်းကိုင် ပန်ကေတု စစ်ရှောင်(၃၀၀)ကျော် စားနပ်ရိက္ခာလိုအပ်နေ
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာရှိ နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင် (၃၂၀)ကျော် စားနပ်ရိက္ခာလိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ နေရပ်သို့ မပြန်နိုင်သေးသည့် ကုန်းလျန်းကျေးရွာက ဒေသခံများသည် ကျေးရွာအတွင်း နှစ်ဘက် စစ်ရေးတင်းမာမှု ရှိနေသောကြောင့် နေရပ်သို့ မပြန်ရဲသေးကြောင်း စစ်ရှောင်အမျိုးသား တစ်ဦးက ပြောသည်။ “စားနပ်ရိက္ခာတွေလည်း မရှိတော့ဘူး။ အလှူရှင်တွေ ရောက်မလာတာ...
တစ်ရက်တစ်ခြား ကြီးထွားလာတဲ့ တရုတ်နယ်စပ်ခြံစည်းရိုး ကျူးကျော်မှုပြဿနာ
SHAN -
“ ကျနော့် လယ်ထဲကို တရုတ်က သံဆူးကြိုး လာစိုက်စိုက်ချင်းမှာပဲ ကျနော်တို့ ရွာသားတွေ သွားဖြုတ်တယ်။ ကိုယ်လယ်တွေ တရုတ်ဘက်ထဲပါမှာတော့ စိုးရိမ်တယ်။ လယ်တွေ ပါသွားရင် လုပ်စားစရာမရှိတော့ဘူးလေ” လို့ မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာမှာနေထိုင်တဲ့ အသက် (၄၀)ကျော် စိုင်းနော် က ပြောပါတယ်။ ယခုနှစ် အောက်တိုဘာ...
မိုင်းယန်းမြို့ အဝင် ယာဉ်များ ကိုဗစ် -၁၉ စစ်ဆေးပြီး ငွေကျပ် (၁)သောင်း ကောက်ယူ
SHAN -
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယန်းမြို့နယ်အဝင် ယာဉ်များကို ကိုဗစ် - ၁၉ ပိုး ရှိမရှိ စစ်ဆေးပေးပြီး စစ်ဆေးခ တစ်ဦးလျှင် ငွေကျပ် (၁၀၀၀၀) ကောက်ယူနေကြောင်း စုံစမ်းသိရှိရသည်။ နိုဝင်ဘာ ၁၃ ရက်နေ့မှစပြီး မိုင်းယန်းမြို့ထဲသို့ဝင်လာသည့် ကုန်တင်ယာဉ်များနှင့် ယာဉ်နောက်လိုက်ပါလာသည့် သူများကို ကိုဗစ် - ၁၉...
ကျောက်မဲ တစ်ရက်တည်း ယာဥ်မတော်တဆမှု (၃)နေရာဖြစ် ၂ ဦးသေဆုံး
သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ယမန်နေ့(နိုဝင်ဘာ ၁၄ ရက်) တစ်ရက်တည်း ယာဥ်မတော်တဆမှု (၃)ကြိမ်ဖြစ်ပွားခဲ့ပြီး (၂)ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ မနက် (၅)နာရီကျော် အချိန်တွင် ဂုတ်တွင်းအဆင်း ကျောက်မဲဘက်အခြမ်းတွင် တွဲကားတစ်စီးမှ နံရံကို ဝင်တိုက်မိခဲ့ပြီး ယာဥ်မောင်း ခြေထောက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “မနေ့က (၃)နေရာဖြစ်တယ်၊ မနက်...
ဖယ်ခုံမြို့ စစ်ရှောင်များကို ကူညီပေးနေသူ အပါအဝင် ဆက်စပ်သူ ၇ ဦး ဖမ်းဆီးခံရ
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့ ညောင်ကုန်း အမှတ် ၃ ရပ်ကွက်တွင် နေထိုင်သည့် စစ်ရှောင်များကို စားနပ်ရိက္ခာများ ကူညီပေးနေသူနှင့် ဆက်စပ်သူ ၇ ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၁၅ ရက်) မနက် ၉ နာရီတွင် ဖယ်ခုံမြို့ ညောင်တုန်း...
ဖယ်ခုံမြို့နယ် စစ်ရှောင်ရှိသည့်နေရာ စစ်ကောင်စီ တပ်စွဲပြီး၊ လူငယ်တစ်ဦးကို ဖမ်းဆီးထား
SHAN -
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စု ကောင်ဝှပ်ကျေးရွာတွင် စစ်ကောင်စီ တပ်ဖွဲ့သည် ရွာထဲတပ်ဝင်စွဲထားပြီး လူငယ်တစ်ဦးကို ထပ်မံဖမ်းဆီးထားကြောင်း စုံစမ်းသိရှိရသည်။ ထို ကောင်ဝှက်ကျေးရွာသည် စစ်ရှောင်များရှိသည့်ကျေးရွာဖြစ်ပြီး ယမန်နေ့ နိုဝင်ဘာ (၁၄)တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရွာထဲသို့ လာရောက်တပ်စွဲထားပြီး လူငယ်တစ်ဦးကိုပါ ဖမ်းဆီးသွားသောကြောင့် ရွာတွင်းရှိ ဒေသခံများနှင့်စစ်ရှောင်များ ထပ်မံ...
စစ်ပွဲ အမြန်ရပ်စဲပြီး ဆွေးနွေးညိနှိုင်းနည်းလမ်းဖြင့် ပြဿနာကို အမြန်ဖြေရှင်းရန် လိုအပ်
SHAN -
စစ်ပွဲသည် ပြဿနာဖြေရှင်းသည့် နည်းလမ်းမဟုတ်ကြောင်း၊ စစ်ပွဲအမြန်ဆုံးရပ်စဲပြီး ဆွေးနွေးညှိနှိုင်းသောနည်းလမ်းဖြင့် ပြဿနာကို အမြန်ဖြေရှင်းကြရန် သျှမ်းပြည် သံဃာနှင့် ပြည်သူ ငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီက တိုက်တွန်းလိုက်သည်။ ထိုတိုက်တွန်း တောင်းဆိုမှုကို သျှမ်းပြည် သံဃာ နှင့် ပြည်သူငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီက နိုဝင်ဘာ ၁၃ ရက်တွင်...
သျှမ်းလက်နက်ကိုင်များ တပ်သားသစ် အဓမ္မခေါ် အရပ်သား ထိတ်လန့်သေဆုံးမှုရှိ
SHAN -
သျှမ်းပြည်တောင်ပိုင်းရှိ မြို့နယ်တချို့တွင် သျှမ်းတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များမှ တပ်သားသစ်ကို နေအိမ်ထဲထိ အတင်းအဓမ္မလာရောက်ခေါ်ယူမှုကြောင့် အရပ်သားများထိတ်လန့် သေဆုံးသည့်အထိရှိကြောင်း စုံစမ်းသိရသည်။ လွန်ခဲ့သည့် ရက်ပိုင်းအတွင်း သျှမ်းတပ်များသည် သျှမ်းတောင် မိုင်းရှူးမြို့နှင့် ကျိုင်းတောင်းမြို့နယ်အတွင်း တပ်သားသစ်ကောက်ယူမှု အဓမ္မပြုလုပ်ခဲ့သဖြင့် ဒေသခံများ ထိတ်လန့်မှုဖြစ်ပွားကာ အသက်သေဆုံးခဲ့ရကြောင်း မြေပြင် သတင်း ပြောပြချက်အရ...
ဆီဆိုင်မြို့နယ် ဒေသခံများ ကိုဗစ် – ၁၉ စစ်ဆေးရာ ယုံကြည်မှု မရှိကြ
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ချို့မှဒေသခံများကို သက်ဆိုင်ရာက ကိုဗစ် - ၁၉ စစ်ဆေးရာမှာ ယုံကြည်မှု မရှိကြောင်း စုံစမ်းသိရှိရသည်။ ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းခဲ့ပြီး နှာစေး ချောင်းဆိုးဖြစ်သူများကို စစ်ဆေးရာမှာ positive ဖြစ်ကြသော်လည်း ထိုအဖြေကို ကျေးရွာဒေသခံများ ယုံကြည်လက်ခံမှု မရှိကြောင်း...
ပင်လောင်း လက်ဖက် စျေးကွက်မရှိဖြစ်နေ
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် လက်ဖက်စိုက်ပျိုးသည့် တောင်သူများသည် လက်ဖက်စျေးမရှိသည့်အတွက် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရပြီး စားဝတ်နေရေးကျပ်တည်းလာကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ်ဘက်တွင် လက်ဖက်ခြောက်လုပ်ငန်းနှင့် သီးနှံစိုက်ပျိုးမှုကို အဓိက လုပ်ကိုင်ကြပြီး ယခုနှစ် ဈေးနှုန်းမရရှိသောကြောင့် ဒေသခံများ စားဝတ်နေရေး ပိုကျပ်တည်းလာကာ ရှေ့ဆက်ရန် စိုးရိမ်နေကြရကြောင်း သိရသည်။ “ကျမတို့ဘက်က အဓိက လက်ဖက်ခြောက်လုပ်ကြတယ်။ အရင်နှစ်တွေကတော့...





