Wednesday, January 28, 2026

ပင်လောင်း လက်ဖက် စျေးကွက်မရှိဖြစ်နေ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် လက်ဖက်စိုက်ပျိုးသည့် တောင်သူများသည် လက်ဖက်စျေးမရှိသည့်အတွက် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရပြီး စားဝတ်နေရေးကျပ်တည်းလာကြောင်း စုံစမ်းသိရသည်။

ပင်လောင်းမြို့နယ်ဘက်တွင် လက်ဖက်ခြောက်လုပ်ငန်းနှင့် သီးနှံစိုက်ပျိုးမှုကို အဓိက လုပ်ကိုင်ကြပြီး ယခုနှစ် ဈေးနှုန်းမရရှိသောကြောင့် ဒေသခံများ စားဝတ်နေရေး ပိုကျပ်တည်းလာကာ ရှေ့ဆက်ရန် စိုးရိမ်နေကြရကြောင်း သိရသည်။

“ကျမတို့ဘက်က အဓိက လက်ဖက်ခြောက်လုပ်ကြတယ်။ အရင်နှစ်တွေကတော့ လက်ဖက်ဈေးကောင်းသေးတယ်။ ဒီနှစ်တော့ ဈေးနှုန်းမရှိဘူး။ ဝယ်တဲ့သူလည်း မရှိဘူး။ ဒါတွေက ကျမတို့ စားဝတ်နေရေးအတွက် အများကြီး ခက်ခဲစေတယ်” ဟု ပင်လောင်းမြို့ ဒေသခံတစ်ဦးက ပြောသည်။

ပင်လောင်းမြို့နယ်မှ ထွက်သည့် လက်ဖက်ခြောက်များကို မြန်မာနိုင်ငံတဝှမ်းသို့ တင်ပို့ရောင်းချလျက်ရှိပြီး ယခင်က လက်ဖက်ခြောက် တစ်ပိသာလျှင် ၅ ထောင်မှ ၆ ထောင်ကျပ်အထိ ရရှိကြောင်း သိရသည်။

သို့သော် ယခုနှစ်တွင် လက်ဖက်ခြောက် တစ်ပိဿာလျှင် ၂၅၀၀ ကျပ်သာ ရရှိတော့ကြောင်း ပင်လောင်းမြို့ ဒေသခံတစ်ဦးက ပြောသည်။

“အရင်နှစ်တွေကတော့ တစ်ပိဿာကို ၆၀၀၀ ထိရတယ်။ အခုက ၂၅၀၀ လောက်ထိကျဆင်းလာတယ်။ ဈေးလည်း အမြဲဆက်တိုက်ကြနေတာ။ လက်ဖက်ခြောက်ဈေးက ပြန်မတက်လာတော့ဘူး။ ဒီအလုပ်ဘဲ အဓိကလုပ်ကိုင်လာခဲ့တော့ တခြားနည်းလမ်းရှာဖို့ကလည်း ခက်လာတယ်” ဟု ပင်လောင်းမြို့ လက်ဖက်ခြံပိုင်ရှင်တစ်ဦးက ပြောသည်။

ထို့အပြင် မြို့မှထုတ်ကုန်ကို ဈေးချရောင်းရပြီး မြို့ထဲကို သွင်းလာသည့် ကုန်များကို ဈေးကြီးပေးဝယ်ရသောကြောင့် နောက်လာမည့် စားဝတ်နေရေးအတွက် စိတ်ပူနေကြရကြောင်း သိရသည်။

“ကိုယ်တွေမြို့က ထုတ်ကုန်ကိုတော့ စျေးပေါပေါနဲ့ ရောင်းတယ်။ မြို့ထဲသွင်းလာတဲ့ ကုန်ပစ္စည်းကိုကျတော့ ဈေးကြီးပေးဝယ်ရတယ်။ ဒါတွေကလည်း ကျနော်တို့ကို အခက်အခဲအများကြီးဖြစ်စေတယ်။ ကျနော်တို့ လက်ဖက်ခြောက်တွေလည်း အရင်လို မရောင်းကောင်းတော့ဘူး” ဟု ပင်လောင်းမြို့ ဒေသခံတစ်ဦးက ပြောသည်။

ကိုဗစ် ၁၉ ကပ်ရောဂါနှင့် နိုင်ငံရေးရှုပ်ထွေးမှုကြောင့် မြန်မာပြည်သူများ တစ်ရက်ထက် တစ်ရက် စားဝတ်နေရေး ပိုမိုခက်ခဲလာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းရောက် စစ်ရှောင် (၃၀၀၀)ကျော် စောင်နှင့် အနွေးထည် လိုအပ်နေသေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင်း ရောက်ရှိနေသည့် စစ်ရှောင် (၃၀၀၀)ကျော် စောင်နှင့် အနွေးထည်များ လက်ရှိချိန်ထိ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ပင်လောင်းမြို့သည် ရာသီဥတု ပိုအေးလာပြီး ထွက်ပြေးလာသည့် စစ်ရှောင်များသည် အနွေးထည်နှင့် စောင်များ မပါလာသည့်အတွက် အခက်ခဲဖြစ်နေကြောင်း စစ်ရှောင်များကို ကူညီပေးသူ တစ်ဦးက ပြောသည်။ “လက်ရှိ စားနပ်ရိက္ခာတော့ လုံလောက်နေတယ်။...

ပင်လောင်းမြို့နယ် ကျောင်းတက်သူ ပိုများလာ

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ကိုဗစ် - ၁၉ ပိုးတွေ့လူနာ မရှိတော့သဖြင့် ယခင်ထက် ကျောင်းတက်သည့် ကလေးများ ပိုမိုများပြားလာကြောင်း စုံစမ်းသိရှိရသည်။ “ပင်လောင်းမြို့မှာက ကိုဗစ် ၁၉ ပိုးတွေ့လူနာ မရှိတော့ဘူး။ မြို့ပေါ်မှာရော ကျေးရွာတွေမှာရော ကိုဗစ် မရှိတော့ဘူး။ အခုက ကျောင်းတက်တဲ့ ကလေးတွေက အရမ်းများပါတယ်”...