Thursday, December 1, 2022

ပင်လောင်းမြို့နယ် ကျောင်းတက်သူ ပိုများလာ

Must read

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ကိုဗစ် – ၁၉ ပိုးတွေ့လူနာ မရှိတော့သဖြင့် ယခင်ထက် ကျောင်းတက်သည့် ကလေးများ ပိုမိုများပြားလာကြောင်း စုံစမ်းသိရှိရသည်။

ပင်လောင်းမြို့အ၀င်

“ပင်လောင်းမြို့မှာက ကိုဗစ် ၁၉ ပိုးတွေ့လူနာ မရှိတော့ဘူး။ မြို့ပေါ်မှာရော ကျေးရွာတွေမှာရော ကိုဗစ် မရှိတော့ဘူး။ အခုက ကျောင်းတက်တဲ့ ကလေးတွေက အရမ်းများပါတယ်” ဟု ပင်လောင်းမြို့ ဒေသခံ ပရဟိတအသင်းဝင် အမျိုးသားတစ်ဦးက ပြောသည်။

ပင်လောင်းမြို့တွင် လက်ရှိ ကျောင်းတက်သူများ ယခင်ထက် ပိုများလာပြီး၊ ပင်လောင်းမြို့ပေါ်ရှိ ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကျောင်းတက်သူများလာသောကြောင့် ပရဟိတအဖွဲ့များက ပိုးမပြန့်ပွားရန်အတွက် ယခင်ထက် ကျန်းမာရေး ဂရုစိုက်ကြရန် တောင်းဆိုလိုက်သည်။

“ပင်လောင်းမှာက ကျောင်းတိုင်းလိုလို ပြန်ဖွင့်ပါပြီ။ ကျောင်းတိုင်းမှာလည်း ကလေးတွေကျောင်းတက်နေကြပြီ။ ကျောင်းပြန်ဖွင့်တော့ ကျနော်တို့လည်း ပိုးတွေ့လူနာမရှိအောင် အတတ်နိုင်ဆုံးတော့ ကျန်းမာရေးအရ ကောင်းကောင်း လိုက်နာကျဖို့ လိုက်ပြောပေးတယ်။ ကျောင်းထဲဆိုလည်း အဖျားတိုင်းပြီးမှ ပေးဝင်တယ်။ Mask (နှာခေါင်းစည်း) Hand gel တွေလည်း ထားထားပေးတယ်” ဟု အထက်ပါ ပရဟိတအသင်းဝင် အမျိုးသားတစ်ဦးက ပြောသည်။

ပင်လောင်းမြို့တွင် ဒီဇင်ဘာလမှစတင်ပြီး ကိုဗစ် ၁၉ ပိုးတွေ့လူနာများ သိသိသာသာလျော့နည်းသွားကြောင်း သိရသည်။

ပင်လောင်းမြို့တွင် နိုဝင်ဘာ ၁ ရက်နေ့မှ နိုဝင်ဘာ ၂၁ ရက်နေ့ထိ လော့ဒေါင်းပိတ်ခဲ့ပြီးနောက်ပိုင်း ပိုးတွေ့လူနာ လျော့နည်းသွားတာဖြစ်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article