ပင်လောင်းရောက် စစ်ရှောင် (၃၀၀၀)ကျော် စောင်နှင့် အနွေးထည် လိုအပ်နေသေး

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင်း ရောက်ရှိနေသည့် စစ်ရှောင် (၃၀၀၀)ကျော် စောင်နှင့် အနွေးထည်များ လက်ရှိချိန်ထိ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

ပင်လောင်းမြို့သည် ရာသီဥတု ပိုအေးလာပြီး ထွက်ပြေးလာသည့် စစ်ရှောင်များသည် အနွေးထည်နှင့် စောင်များ မပါလာသည့်အတွက် အခက်ခဲဖြစ်နေကြောင်း စစ်ရှောင်များကို ကူညီပေးသူ တစ်ဦးက ပြောသည်။

“လက်ရှိ စားနပ်ရိက္ခာတော့ လုံလောက်နေတယ်။ ရက်ကြာလာရင်တော့ ခက်ခဲလာနိုင်တယ်။ ခုချိန် ပင်လောင်းက အရမ်းအေးတယ်။ တချို့လည်း ဘာမှ မရလာဘူး။ ပါလာတဲ့သူတွေလည်း မလုံလောက်ဘူး” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီး တစ်ဦးက ပြောသည်။

ထို စစ်ရှောင်များသည် ကရင်နီပြည်ဘက် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF)တို့ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ထွက်ပြေးလာသည့် ဒေသခံများဖြစ်ကြပြီး ဇန်နဝါရီ လဆန်းပိုင်းကတည်းက ထွက်ပြေးလာကြသည့်သူများ ဖြစ်ကြောင်း သိရှိရသည်။

“တချို့လည်း ပြီးခဲ့တဲ့ (၃)ရက် (၄)ရက်လောက်မှ ရောက်လာတဲ့သူတွေလည်း ရှိတယ်။ရပ်ကွက်ထဲက မိတ်ဆွေ အမျိုးအိမ်တွေမှာ နေကြတာများတယ်။ ဘုန်းကြီးကျောင်းမှာ နေတဲ့သူက အနည်းအကျဉ်းပဲရှိတယ်။ ကျမတို့ ရွာမှာဆို (၄၀၀)ကျော်လောက်ရှိတယ်။ တစ်အိမ်ကို (၁၅)ယောက် နေနေကြတယ်” ဟု ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

ထို ထွက်ပြေးလာသည့် စစ်ရှောင်များထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများလည်း ရှိပြီး ထွက်ပြေးလာသည့် လမ်းတွင် ကလေးမီးဖွားရသည့် မိခင်များလည်း ရှိနေကြောင်း သိရှိရသည်။

“ခုမှ သွေးနုသားနု မိခင်တွေ ထွက်ပြေးလာတာလည်း ပါတယ်။ လမ်းမှာ မွေးလာတဲ့ ကိုယ်ဝန်ဆောင်တွေလည်းရှိတယ်။ ကျမတို့ ရွာဘက်မှာ (၄)ဦးလောက် ရှိသွားပြီ သွေးနုသားနု မိခင်တွေ။ အဲ့ဒါတွေလည်း အကူညီလိုအပ်တယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ပင်လောင်မြို့နယ်အတွင်း ရောက်ရှိလာသော စစ်ရှောင်ဦးရေများသည် ခန့်မှန်းထားသည်ထက် များပြားနေသည့်အတွက် နေရာ တိုးချဲ့ပြင်ဆင်ထားရကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...