Wednesday, January 28, 2026

ပင်လောင်းရောက် စစ်ရှောင် (၃၀၀၀)ကျော် စောင်နှင့် အနွေးထည် လိုအပ်နေသေး

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင်း ရောက်ရှိနေသည့် စစ်ရှောင် (၃၀၀၀)ကျော် စောင်နှင့် အနွေးထည်များ လက်ရှိချိန်ထိ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

ပင်လောင်းမြို့သည် ရာသီဥတု ပိုအေးလာပြီး ထွက်ပြေးလာသည့် စစ်ရှောင်များသည် အနွေးထည်နှင့် စောင်များ မပါလာသည့်အတွက် အခက်ခဲဖြစ်နေကြောင်း စစ်ရှောင်များကို ကူညီပေးသူ တစ်ဦးက ပြောသည်။

“လက်ရှိ စားနပ်ရိက္ခာတော့ လုံလောက်နေတယ်။ ရက်ကြာလာရင်တော့ ခက်ခဲလာနိုင်တယ်။ ခုချိန် ပင်လောင်းက အရမ်းအေးတယ်။ တချို့လည်း ဘာမှ မရလာဘူး။ ပါလာတဲ့သူတွေလည်း မလုံလောက်ဘူး” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီး တစ်ဦးက ပြောသည်။

ထို စစ်ရှောင်များသည် ကရင်နီပြည်ဘက် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF)တို့ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ထွက်ပြေးလာသည့် ဒေသခံများဖြစ်ကြပြီး ဇန်နဝါရီ လဆန်းပိုင်းကတည်းက ထွက်ပြေးလာကြသည့်သူများ ဖြစ်ကြောင်း သိရှိရသည်။

“တချို့လည်း ပြီးခဲ့တဲ့ (၃)ရက် (၄)ရက်လောက်မှ ရောက်လာတဲ့သူတွေလည်း ရှိတယ်။ရပ်ကွက်ထဲက မိတ်ဆွေ အမျိုးအိမ်တွေမှာ နေကြတာများတယ်။ ဘုန်းကြီးကျောင်းမှာ နေတဲ့သူက အနည်းအကျဉ်းပဲရှိတယ်။ ကျမတို့ ရွာမှာဆို (၄၀၀)ကျော်လောက်ရှိတယ်။ တစ်အိမ်ကို (၁၅)ယောက် နေနေကြတယ်” ဟု ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

ထို ထွက်ပြေးလာသည့် စစ်ရှောင်များထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများလည်း ရှိပြီး ထွက်ပြေးလာသည့် လမ်းတွင် ကလေးမီးဖွားရသည့် မိခင်များလည်း ရှိနေကြောင်း သိရှိရသည်။

“ခုမှ သွေးနုသားနု မိခင်တွေ ထွက်ပြေးလာတာလည်း ပါတယ်။ လမ်းမှာ မွေးလာတဲ့ ကိုယ်ဝန်ဆောင်တွေလည်းရှိတယ်။ ကျမတို့ ရွာဘက်မှာ (၄)ဦးလောက် ရှိသွားပြီ သွေးနုသားနု မိခင်တွေ။ အဲ့ဒါတွေလည်း အကူညီလိုအပ်တယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ပင်လောင်မြို့နယ်အတွင်း ရောက်ရှိလာသော စစ်ရှောင်ဦးရေများသည် ခန့်မှန်းထားသည်ထက် များပြားနေသည့်အတွက် နေရာ တိုးချဲ့ပြင်ဆင်ထားရကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...