ဖယ်ခုံမြို့နယ် စစ်ရှောင်ရှိသည့်နေရာ စစ်ကောင်စီ တပ်စွဲပြီး၊ လူငယ်တစ်ဦးကို ဖမ်းဆီးထား

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စု ကောင်ဝှပ်ကျေးရွာတွင် စစ်ကောင်စီ တပ်ဖွဲ့သည် ရွာထဲတပ်ဝင်စွဲထားပြီး လူငယ်တစ်ဦးကို ထပ်မံဖမ်းဆီးထားကြောင်း စုံစမ်းသိရှိရသည်။

ထို ကောင်ဝှက်ကျေးရွာသည် စစ်ရှောင်များရှိသည့်ကျေးရွာဖြစ်ပြီး ယမန်နေ့ နိုဝင်ဘာ (၁၄)တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရွာထဲသို့ လာရောက်တပ်စွဲထားပြီး လူငယ်တစ်ဦးကိုပါ ဖမ်းဆီးသွားသောကြောင့် ရွာတွင်းရှိ ဒေသခံများနှင့်စစ်ရှောင်များ ထပ်မံ ထွက်ပြေးတိမ်ရှောင်ခဲ့ရကြောင်း သိရသည်။

“အရင်ရက်တွေက သူတို့ အဲရွာရဲ့ တောင်ထိပ်ပိုင်းတွေမှာ နေနေတာ။ မနေ့ကမှ ရွာထဲတပ်စွဲထားတယ်။ ရွာထဲက လူတွေလည်း ထွက်ပြေးကုန်ကြပြီ။ တစ်ချို့ မထွက်ပြေးနိုင်တဲ့သူလည်းရှိတယ်။ ပြီးတော့ ရွာထဲက လူငယ်တစ်ယောက်ကိုလည်း ဖမ်းဆီးထားတယ်” ဟု ဖယ်ခုံမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိမှာ စစ်ရှောင်များနှင့် ကျေးရွာခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးမကောင်းသည့်သူများ ထိုကျေးရွာတွင် ကျန်ရှိနေသေးကြောင်း ဖယ်ခုံမြို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲရွာက စစ်ရှောင်တွေလာနေတဲ့ရွာဖြစ်တယ်။ အခုတော့ စစ်ရှောင်ကော ရွာကလူကော ထပ်ပြေးရတယ်။ ရွာထဲမှာက သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးမကောင်းတဲ့သူတွေ တစ်ချို့တော့ ကျန်နေသေးတယ်။ အကုန်မထွက်လာနိုင်သေးဘူး” ဟု ဖယ်ခုံမြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယခုအချိန်ကာလသည် စပါးများ ရိတ်သိမ်းရမည့်အချိန် ဖြစ်သော်လည်း ဒေသခံများ စစ်ရှောင်နေရသဖြင့် နောင်လာမည့်နှစ်တွင် စားဝတ်နေရေးအတွက် ခက်ခဲမှုများ ရှိလာနိုင်ကြောင်း သိရသည်။

“အခုက ရွာသားတွေ စပါးရိတ်သိမ်းတဲ့ချိန်ပဲလေ။ အချိန်ကျော်သွားရင်လည်း မရဘူး။ အခုက သူတို့ စပါးမရိတ်သိမ်းရဘဲနဲ့ ထွက်ပြေးနေကြရတယ်။ နောင်နှစ်တွေအတွက်တော့ စားဝတ်နေရေးက ပိုခက်ခဲလာနိုင်တယ်” ဟု ဖယ်ခုံမြို့ နယ် ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် လွန်ခဲ့သည့် နိုဝင်ဘာ (၈)ရက်နေ့ကလည်း ဖယ်ခုံမြို့ ဒေသခံ (၆)ဦးကို PDF ဝတ်စုံဝတ်ခိုင်းပြီး ဖမ်းဆီးသွားခဲ့ကြောင်း၊ ထို့အပြင် ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာ ဒေသခံ (၂၀)ဦးကိုလည်း ယနေ့ထိတိုင် ပြန်လွှတ်လာပေးခြင်းမရှိသေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...