သျှမ်းလက်နက်ကိုင်များ တပ်သားသစ် အဓမ္မခေါ် အရပ်သား ထိတ်လန့်သေဆုံးမှုရှိ

သျှမ်းပြည်တောင်ပိုင်းရှိ မြို့နယ်တချို့တွင် သျှမ်းတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များမှ တပ်သားသစ်ကို နေအိမ်ထဲထိ အတင်းအဓမ္မလာရောက်ခေါ်ယူမှုကြောင့် အရပ်သားများထိတ်လန့် သေဆုံးသည့်အထိရှ​ိကြောင်း စုံစမ်းသိရသည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း သျှမ်းတပ်များသည် သျှမ်းတောင် မိုင်းရှူးမြို့နှင့် ကျိုင်းတောင်းမြို့နယ်အတွင်း တပ်သားသစ်ကောက်ယူမှု အဓမ္မပြုလုပ်ခဲ့သဖြင့် ဒေသခံများ ထိတ်လန့်မှုဖြစ်ပွားကာ အသက်သေဆုံးခဲ့ရကြောင်း မြေပြင် သတင်း ပြောပြချက်အရ သိရသည်။

နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းတွင် သျှမ်းပြည် တိုးတက်ရေးပါတီ၊ သျှမ်းတပ်မတော် (SSPP/SSA)သည် မိုင်းရှူးမြို့ပေါ်ရပ်ကွက်များနှင့် နားစံကျေးရွာအတွင်း တပ်သားကောက်ယူမှုအတင်းပြုလုပ်သဖြင့် လူမမာအမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်းသိရသည်။

“အဲ့နေ့က SSPP/SSA က နားစံဘက်က အမျိုးသားတစ်ယောက်ကို စစ်သားလုပ်ဖို့ခေါ်သွားတာ လူမမာ အမျိုးသမီးက မြင်တော့ သွေးတိုးပြီး သေဆုံးသွားတာပါ” ဟု မိုင်းရှူးမြို့မှ မျက်မြင်တွေ့ရှိသည့် အမျိုးသားတစ်ဦးပြောပြချက်အရ သိရသည်။

ထိုသေဆုံးသွားသည့် အမျိုးသမီးသည် သွေးတိုးရောဂါအခံရှိထားပြီး SSPP/SSA မှ ၎င်း၏ အမျိုးသားကို စစ်သားလုပ်ရန် လာခေါ်သည့် မြင်ကွင်းကို တွေ့ရှိသဖြင့် သွေးတက်ပြီး ဆေးရုံတွင် သေဆုံးသွားကြောင်း အထက်ပါအမျိုးသားက ဆိုသည်။

ဆက်လက်ပြီး နိုဝင်ဘာ ၈ ရက်တွင်လည်း သျှမ်းတောင် ကျိုင်းတောင်းမြို့နယ် တုန်ဟုန်းကျေးရွာအုပ်စု စျေးတန်ရပ်မှ အရပ်သားတစ်ဦးကို သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊သျှမ်းပြည်တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး သေဆုံးသွားကြောင်း၊ ထိုသေဆုံးသွားသူနှင့် နီးစပ်သည့်အသိုင်းအဝန်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူ့နာမည်က စိုင်းခတ္တိယလို့ပြောတယ်၊ သူ့ကိုတော့ ခေါ်သွားတာ တစ်ပတ်လောက်ရှိပြီ၊ ၈ ရက်နေ့မှာတော့ သူ သေသွားပြီလို့ အိမ်ကိုပြောလာတယ်၊ ဘာကြောင့် သေသွားလဲ မသိရဘူး၊ သူတို့ (RCSS/SSA) ခေါ်သွားတဲ့ ရွာသားတွေကို နားပုန်းရွာက စခန်းမှာ ထားထားတာ” ဟု ဒေသခံတစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသေဆုံးမှုနှင့် ပတ်သက်ပြီး သျှမ်းလက်နက်ကိုင်(၂) ဖွဲ့ ကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းရာ မသိရှိရသေးကြောင်း၊ အောက်ခြေ သတင်းပေးပို့လာခြင်းမရှိသေးကြောင်း ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံကို ဆက်သွယ်မေးမြန်းရာ အဆိုပါ ကိစ္စရပ်များကို မြေပြင် တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းပြီးမှ ပြန်လည်ဖြေကြားမည်ဟု အကြောင်းပြန်ခဲ့သည်။

“စစ်သားကောက်တာတော့ ဟုတ်ပါတယ်၊ ကောက်လာတဲ့ တပ်သားသစ်ထဲက သေဆုံးမှုရှိတယ်ဆိုတောတော့ ကျနော်တို့ မသိရသေးဘူး၊ မြေပြင်က ဌာနချုပ်အဖွဲ့ကို ဆက်သွယ်မေးမြန်းပြီးမှ ပြန်လည်ဖြေကြားပေးပါ့မယ်” ဟု ဗိုလ်မှူးစိုင်းခမ်းစံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆက်လက်ပြီး SSPP/SSA မှ ဗိုလ်မှူး စိုင်းဖုန်းဟန် က “ဒီကိစ္စကို ကျနော်တို့ မသိရသေးပါဘူး၊ ကျနော်တို့ လုပ်ရပ်ကြောင့် သေဆုံးသွားရတယ်ဆိုရင်တော့ ကျနော်တို့ ဘက်ကနေ တတ်နိုင်တဲ့ ကူညီထောက်ပံ့မှုရှိမှာပါ၊ အခုကတော့ ကျနော်တို့ကြောင့်လား သူ့ရောဂါအခံကြောင့်လား ဆိုတာဆက်လက်စုံစမ်းဖို့ လိုပါအုံးမယ်” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းတပ် (၂)ဖွဲ့သည် သျှမ်းတောင်ပိုင်းအတွင်း စစ်သားသစ်စုဆောင်းမှုကို ယခင်ကထက် ပိုပြီး လုပ်ဆောင်ခဲ့ကြောင်း၊ ယခင်တွင် သား(၂)ယောက်ရှိပါက တစ်ယောက်ကိုသာပေးခဲ့ရကြောင်း၊ လက်ရှိမှာ သားယောင်္ကျားလေး (၁)ယောက်ရှိရင်လည်း ခေါ်ဆောင်သွားကြောင်း၊ သားမရှိသည့် အိမ်တွင် အသက်ကြီးသည့် အမျိုးသားကိုပါ ခေါ်ဆောင်သွားသည်ဟု သျှမ်းသံတော်ဆင့် ကောက်ယူရရှိသည့် သတင်းအရသိရသည်။

“SSPP/SSA က စာရင်းထဲ မပါတာလည်း ခေါ်သွားတယ်၊ ရပ်ကွက် ၂ က မြို့ခံ သားအဖနှစ်ယောက်တည်းရှိနေတဲ့ အိမ်ကိုလည်း အဖေဖြစ်သူကို ခေါ်သွားမလိုလုပ်နေလို့ သားဖြစ်သူက အဖေက အသက်ကြီးပြီ၊ အဖေ့အစားကျနော့ကို ခေါ်သွားပါလို့ ပြောရတဲ့အထိ ဆိုးရွားနေတယ်၊ အခုအဲ့ကောင်လေးက ကျန်းမာရေးအပိုင်း ချူချာတယ်၊ မျက်မှန်မရှိရင်လည်း အဆင်မပြေဘူး၊ တော်တော်ကို စိုးရိမ်ရတယ်” ဟု မိသားစုနှင့် နီးစပ်သူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

၎င်းနည်းတူ RCSS/SSAသည်လည်း ကျိုင်တောင်းမြို့နယ်အတွင်း စစ်သားသစ်ကောက်ယူမှု ပြင်းထန်လာပြီး သားယောင်္ကျားမရှိသည့်အိမ်တွင် အသက်(၅၀)ကျော် အမျိုးသားကအစ ဖမ်းဆီးခေါ်ဆောင်မှုပြုလုပ်နေကြောင်း ကျိုင်းတောင်းဒေသခံများပြောပြချက်အရ သိရသည်။

ထို့ကြောင့် သျှမ်းတောင်ပြည်သူများသည် လက်ရှိ စိုက်ပျိုးရေးအချိန်ကာလတွင် လယ်ယာကို စွန့်ပြီး ထွက်ပြေးတိမ်းရှောင်မှုပြုလုပ်နေရသည်။

“ပြီးခဲ့တဲ့နှစ်တုန်းက စာရင်းအရပဲလာကောက်တာ၊ လူမပေးနိုင်ရင် ပိုက်ဆံပေးလည်းရနိုင်ခဲ့တယ်၊ ဒါပေမဲ့ အခုတော့ စာရင်းထဲမပါတာလည်းကောက်တယ်၊ သားတစ်ယောက်တည်းရှိတာကိုလည်းကောက် တယ်၊ တချို့ မိသားစုက အားလုံးထွက်ပြေးကြတာ၊ တချို့ကျတော့လည်း သားကိုပြေးခိုင်းပြီး ဖခင်ကိုယ်တိုင် သွားရတာ၊ အသက် ၅၀ ၆၀ ကျော်လည်း ယူတာပဲ” ဟု ကျိုင်းတောင်းဒေသခံ တစ်ဦးက ပြောသည်။

နိုင်ငံရေးမငြိမ်မသက်မှုနှင့် ရောဂါပျံ့နှံ့ကူးစက်နေမှုကြောင့် ပြည်သူများ စားဝတ်နေရေးခက်ခဲနေစဥ် သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ကလည်း ဒေသတွင်း တပ်သားသစ် အတင်းကောက်ယူစုဆောင်းမှုကြောင့် ပြည်သူများ နေထိုင်ရေးပိုခက်ခဲနေကြောင်း သျှမ်းလူထုများက ပြောသည်။

သျှမ်းပြည်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် မိမိတို့တပ်အင်အား တောင့်တင်းဖို့အတွက် စစ်သားကောက်ယူမှုများ ရှိနေကြရာ အချို့သော ဒေသခံလူငယ်လူရွယ်များက မိမိတို့ သဘောဆန္ဒအလျှောက် စစ်တပ်ထဲ ဝင်သူများ ရှိသလို စစ်သားမလုပ်ချင်သောကြောင့် မိသားစုလိုက်ထွက်ပြေးတိမ်းရှောင်နေရသူ များလည်း ရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

မိုင်းရယ် တောင်ယာထဲ ကျားဖြန့်လုပ်ကိုင်သူများ ပုန်းအောင်းနေခြင်းကြောင့် ဒေသခံစိုးရိမ်ထိတ်လန့်

0
သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာများတွင် အွန်လိုင်းငွေလိမ် ( ကျားဖြန့်)လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာတဲများသို့ သီပေါမြို့နယ် မန်မော်ကျေးရွာအုပ်စုဘက်မှ ထွက်ပြေးလာသည့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေးနှင့်...