ကျောက်မဲ တစ်ရက်တည်း ယာဥ်မတော်တဆမှု (၃)နေရာဖြစ် ၂ ဦးသေဆုံး

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ယမန်နေ့(နိုဝင်ဘာ ၁၄ ရက်) တစ်ရက်တည်း ယာဥ်မတော်တဆမှု (၃)ကြိမ်ဖြစ်ပွားခဲ့ပြီး (၂)ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

Photo – ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း (နောင်ပိန်)

ယမန်နေ့ မနက် (၅)နာရီကျော် အချိန်တွင် ဂုတ်တွင်းအဆင်း ကျောက်မဲဘက်အခြမ်းတွင် တွဲကားတစ်စီးမှ နံရံကို ဝင်တိုက်မိခဲ့ပြီး ယာဥ်မောင်း ခြေထောက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မနေ့က (၃)နေရာဖြစ်တယ်၊ မနက် (၅)ကျော်က ဂုတ်တွင်းမှာ ဖြစ်တာ၊ အဲ့ချိန်က နှင်းလည်း မကွဲသေးဘူးလေ၊ ကွေ့ရမယ့် နေရာမှာ သတိမထားပဲ ဆွဲကွေ့လိုက်သလိုပဲ၊ ကမ်းပါးယံ ဝင်ဆောင့်ပြီး အောက်ပိုင်း ညှပ်သွားတာ၊ ကားဆရာခြေထောက် အရိုးထိသွားတယ်” ဟု သွားရောက်ကူညီသည့် ကမ်းလင့်လက်များ လူမှုကူညီရေး အသင်းဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို ယာဥ်မတော်တဆမှု ဖြစ်ပြီးနောက် မနက် (၈)နာရီအချိန်တွင်လည်း ဂုတ်တွင်းအဆင်း Aမိုင်းကွင်း အနီးတွင် Hide Ace ကားတစ်စီး ဘရိတ်ပေါက်တိမ်းမောက်ကာ ယာဥ်မောင်း သေဆုံးခဲ့ကြောင်း သိရသည်။

“Aမိုင်းကွင်း အနီးမှာဖြစ်တာက Hide Ace ကား မောက်တာပါ၊ ဘရိတ်ပေါက်တယ်လို့ ပြောတာပဲ၊ ထိန်းမရတော့လို့ ကားသမားရော၊ စပယ်ယာရော ခုန်ချတာ၊ ကားသမားက ပွဲချင်းပြီးသေသွားတယ်၊ ဗိုက်ပေါက်ပြီး အူထွက်သွားတယ်၊ ကားကြိတ်ပြီး သေသွားတဲ့ အနေအထားပဲ၊ စပယ်ယာတော့ ဘာမှမဖြစ်ဘူး” ဟု အဆိုပါ ပရဟိတ အသင်းဝင်က ပြောသည်။

Photo – ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း (နောင်ပိန်)

ထို့အပြင် ညနေ (၄)ကျော်အချိန်တွင်လည်း ပင်တိန်ကျေးရွာအနီး မန္တလေး − မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ဆိုင်ကယ်နှင့် တွဲကား ပွတ်တိုက်မိခြင်းကြောင့် ကွန်ကော်ကျေးရွာနေ ဆိုင်ကယ်မောင်းနှင်သူ အသက် (၂၂)နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

ယမန်နေ့တွင် ကျောက်မဲမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ယခုလို ရာသီဥတုမျိုးတွင် ယာဥ်မောင်းများ အနေဖြင့် ပိုမိုသတိထားပြီး မောင်းနှင်သင့်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မနေ့ကဆို တစ်ရက်လုံး မိုးရွာတယ်၊ လမ်းမြင်ကွင်းလည်း မရှင်းဘူး၊ ဒီလိုအချိန်ဆို ပုံမှန်မောင်းတဲ့ အရှိန်ထက် ရှော့ပြီး မောင်းသင့်တယ်၊ ဒီလမ်းကြောက ယာဥ်တိုက်မှုတွေ ခဏခဏဖြစ်နေတော့ ပိုပြီးသတိထားသင့်တယ်” ဟု အဆိုပါဒေသခံက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ကျောက်မဲမြို့နယ်ထဲ စစ်တပ် လေကြောင်းဗုံးထပ်ကြဲ၊ SSPP တပ်စခန်းအနီး ကျရောက်ပေါက်ကွဲ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ SSPP တပ်စခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီခွဲကျော်တွင် ကျောက်မဲမြို့နယ်အတွင်းရှိ တော့ဆန်ကျေးရွာသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်...