Wednesday, January 28, 2026

သိန္နီမြို့နယ် စစ်ကောင်စီ တပ်အနီး လက်နက်ကြီးသံကြားရ

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ တပ်အနီးတွင် ယနေ့ (နိုဝင်ဘာ ၁၀ ရက်) မနက် ၉ နာရီ၌ လက်နက်ကြီးပစ်ခတ်သံများ ကြားနေရကြာင်း စုံစမ်းသိရသည်။

ယနေ့ မနက် ၉ နာရီတွင် သိန္နီမြို့ရှိ စစ်ကောင်စီတပ် စကခ (၁၆)၊ ၆၉ ခြေလျင်တပ်ရင်း၊ ၃၂၃ ခြေမြန်တပ်ရင်း၊ ၂၄၀ ခြေလျင်တပ်ရင်းတို့အနီး၌ လက်နက်ကြီးဖြင့် ချောင်းပစ်သည့် အသံကြားရပြီး လက်နက်ကြီးကျည်စများလည်း တပ်ကိုကျော်ကာ ပြည်သူများ၏ ခြံထဲသို့ ကျရောက်ခဲ့ကြောင်း သိန္နီမြို့ခံ အမည်မဖော်လိုသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တပ်ဝန်းကျင်က တောတောင်တွေဖြစ်ထားတော့ သူတို့တပ် ချောင်းပစ်ခံရတယ်လို့တော့ကြားတယ်။ ဒါပေမဲ့ လက်နက်ကျည်တွေက တပ်ထဲ မကျပဲ တပ်ကိုကျော်ပြီး ခြံတွေထဲ ကျတယ်။ တပ်ထဲကနေ ပြန်ပစ်တာလည်း ရှိတယ်။ လက်နက်ကြီးတွေနဲ့ နှစ်ဖက် ရမ်းပြီး ပစ်တယ်” ဟု ၎င်းက ပြောသည်။

လက်နက်ကြီးသံ ကြားရသဖြင့် တောင်ယာသွားသည့်သူ တစ်ချို့ စိုးရိမ်ထိတ်လန့်ပြီး နေအိမ်သို့ အမြန်ပြန်လာခဲ့ရကြောင်း သိန္နီဒေသခံ တောင်ယာလုပ်ကိုင်သည့် အမျိုးသမီး တစ်ဦးက ပြောသည်။

“တပ်အနီးနားမှာ နေတဲ့ ရွာတွေကတော့ အသံအရမ်းကျယ်ပြီး စိုးရိမ်ထိတ်လန့်ကြတယ်လို့ ပြောတယ်။ တောထဲအလုပ်သွားတဲ့လူ တစ်ချို့ ပြန်လာကြတယ်။ နေရာကတော့ ဘယ်သူမှ အသေအချာ မသိဘူး။ သူတို့တပ်ထဲကနေ လှမ်းပစ်နေတာ။ သူတို့ဆီကိုလဲ သူများ လှမ်းပစ်တယ်လို့ ပြောတယ်။ ငြိမ်လိုက် ပစ်လိုက်နဲ့ပဲ” ဟု သိန္နီဒေသခံ တစ်ဦးက ပြောသည်။

သိန္နီမြို့နယ်သည် စစ်ကောင်စီလက်အောက်ခံတပ်ရင်း၊ မြောက်ပိုင်းတပ်ပေါင်းစု နှင့် MNDAA တို့ လှုပ်ရှားရာ နယ်မြေ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...