ကျောက်မဲ ဟိုင်းပုကျေးရွာထိ တပ်ပေါင်းစု ရောက်လာ ဒေသခံများ ထိတ်လန့်ထွက်ပြေး

သျှမ်းမြောက် ကျောက်မဲမြို့ မန်ခါစစ်ရှောင်စခန်းအနီးရှိ ဟိုင်းပုကျေးရွာအတွင်း ယနေ့ (နိုဝင်ဘာ ၉)ရက် မနက်ပိုင်းတွင် တပ်ပေါင်းစု အင်အား (၁၀၀)ခန့် ရောက်ရှိလာသဖြင့် ဒေသခံများ ထိတ်လန့်ကာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဟိုင်းပု ကျေးရွာအတွင်း တပ်ပေါင်းစုတို့ ရောက်ရှိလာပြီးနောက် ဟိုင်းပုဒေသခံ အပါအဝင် အနီးကပ်လျက်ရွာမှ ဒေသခံများလည်း ထိတ်လန့်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာဖြစ်ကြောင်း သိရသည်။

“ဟိုင်းပု ရွာထဲထိ ရောက်လာတာ၊ အင်အားက များတယ် ၁၀၀ ကျော်လောက်ရှိတယ်၊ ရွာအဝင်လမ်းတွေမှာရော ရွာထဲမှာရော ရှိတယ်၊ တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူး၊ ဖမ်းခံရမှာကြောက်လို့ ထွက်ပြေးကြတာ” ဟု ဟိုင်းပု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဟိုင်းပုကျေးရွာသည် လက်ရှိစစ်ရှောင်(၂၀၀)ဝန်းကျင် ခိုလုံနေသည့် မန်ခါ ဘုန်းကြီးကျောင်းနှင့် ရွာချင်း ကပ်လျက်သာ ရှိနေသည့်အတွက် မန်ခါဒေသခံများလည်း ကြောက်ရွံ့ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ကြောင်း သိရသည်။

“လူလာရှာတာလို့ ကြားတာပဲ၊ သူတို့တပ်က မနေ့က ကြူရှောဘက်မှာရှိတာ၊ ကြူရှောနဲ့ ဟိုင်းပုကလည်း (၅)မိုင်လောင်ပဲ ဝေးတာလေ၊ ဒီမနက်ကြတော့ ဟိုင်းပုရွာထဲထိ ရောက်လာတော့တာ၊ မန်မိုင်မှာက ဗမာတပ်သားတွေ ရှိတယ်လေ၊ နီးနီးလေးပဲ” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်း ဟူးဆွန်ကျေးရွာအုပ်စုအနီးတစ်ဝိုက်တွင် RCSS နှင့် တပ်ပေါင်းစု တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ တစ်ထောင်ကျော် မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး သျှမ်းစာပေနှင့်ယဥ်ကျေးမှုအသင်း သင်တန်းကျောင်းတွင် (၆၀၀)ကျော်၊ တောင်နောက်ဘုန်းကြီးကျောင်းတွင် (၃၀၀)ကျော်၊ သန္တိသုခ ဓမ္မာရုံတွင် (၂၀၀)ကျော် စစ်ရှောင်ခိုလှုံနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...