နမ့်ခမ်းမြို့လယ် ပေါက်ကွဲမှုဖြစ်
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ မြို့လယ်ဘုရားကျောင်း အနောက်ဘက် ပင်လုံထိပ်ထားတည်းခိုခန်းအနီး ယနေ့ (ဒီဇင်ဘာ ၁၄)ရက် ည ၆ နာရီခွဲ ဝန်းကျင်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားကြောင်း စုံစမ်းသိရသည်။ ထိုပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီ လက်အောက်ခံတပ်၊ ပြည်သူ့စစ်အုပ်စု ရောက်လာပြီး လူငယ် (၂)ဦးဖမ်းခံရကြောင်းသိရသည်။ “ပေါက်ကွဲမှု ဖြစ်ပြီးတော့ စစ်ကောင်စီလက်အောက်ခံ...
အသက်တရာကျော်တိုင် စစ်ပြေးနေရသေးတဲ့ အဘွားကမ်
SHAN -
“ ဒီလို လူအများကြီးနဲ့ ထွက်ပြေးရတာ ခုပထမဆုံးပဲ” လို့ မျက်ရည်ကို ညာလက်ဖမိုးနဲ့ ကပျာကရာသုတ်ပြီး အဘွားကမ်က ပြောလာပါတယ်။ အဘွားကမ် ကတော့ အသက် (၁၀၁)နှစ် အရွယ်ရှိနေပါပြီ။ နိုဝင်ဘာ ၂၆ရက် ဆောင်း မနက်ခင်းမှာ အဘွားကမ် တယောက် စစ်ရှောင်စခန်းတစ်ခုရဲ့ ဇရပ်ရှေ့မှာ ထိုင်ပြီး သျှမ်းပြည်ဆောင်းဒဏ်ကို...
ဆီဆိုင်မြို့နယ် နေအိမ်ဖောက်ထွင်းမှု ဖြစ်ပွား
SHAN -
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နားသံကျေးရွာတွင် နေလည်ပိုင်းအချိန်အတွင်း နေအိမ် ဖောက်ထွင်းခိုးယူမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဒီဇင်ဘာ ၁၃) နေ့လည်ပိုင်းက နားသံကျေးရွာမှာ အိမ်ရှင်များအလုပ်သွားနေသည့်အချိန်တွင် နေအိမ် ဖောက်ထွင်းခိုးယူခံရသောကြောင့် ငွေကြေး သိန်း (၃၀) နှင့်အတူ ရွှေ (၂)ကျပ်သား ခိုးယူခံခဲ့ရကြောင်း သိရသည်။ “အိမ်ထဲမှာရှိတဲ့ ပိုက်ဆံတွေ...
ကျိုင်းတုံမြို့ စစ်ကောင်စီက ကားများကို တားပြီး ပိုက်ဆံကောက်ခံနေ
SHAN -
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ ယန်းခကျေးရွာအနီးတွင် စစ်ကောင်စီ အုပ်စုမှ သွားလာနေသည့်ကားများကို တားကာ ငွေကောက်ခံမှုပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ “အဲ့လမ်းပေါ်မှာ အမြဲတမ်းစောင့်ပြီး စစ်နေတာတော့ မဟုတ်ဘူးဗျ၊ ရှောင်တခင် စစ်တာပါတဲ့၊ ဒါပေမဲ့ သူတို့မှာ အဖွဲ့လည်း မစုံဘူး၊ စစ်သား ၁၀ ယောက်ဝန်းကျင် ရှိမယ်၊ စကားပြောတာလည်း အရမ်းရိုင်းတယ်”...
မိုင်းကိုင် စစ်ရှောင် (၁၃၀)ကျော်အတွက် အလှူရှင်လိုအပ်
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု ကုန်းစုံဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်များ (၁၃၀)ကျော် ကျန်ရှိနေပြီး အလှူရှင်များ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ထို စစ်ရှောင်များသည် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲကြောင့် ဒီဇင်ဘာ (၈)ရက်က ကျေးရွာ (၄)ရွာ ထွက်ပြေးလာရပြီး ယနေ့ချိန်ထိ ကျေးရွာ (၂)ရွာမှ ဒေသခံများ မပြန်နိုင်သေးကြောင်း ဟမ်းငိုင်းကျေးရွာဒေသခံ...
တာချီလိတ် လော့ဒေါင်း ပြန်ဖွင့်ပေး
SHAN -
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် Stay at home နှင့် လော့ဒေါင်းများ အားလုံးကို ပြန်လည်ဖွင့်ပေးလိုက်ပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် တာချီလိတ်မြို့ Stay at home ကို ပယ်ဖျက်ပေးလိုက်ပြီး ယမန်နေ့ ဒီဇင်ဘာ ၁၃ ရက်တွင် မြို့ဝင်မြို့ထွက်...
ကျေးသီးမြို့နယ် ဆယ်ကျော်သက် လူငယ် တစ်ဦး မြေမြုပ်မိုင်းနင်းမိ
SHAN -
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် အသက် (၁၅)နှစ်အရွယ် ယောက်ျားလေး တစ်ဦး ခြံသွားရင်း မြေမြုပ်မိုင်း နင်းမိကြောင်း စုံစမ်းသိရှိရသည်။ ကျေးသီးမြို့နယ် ဝမ်ခုန့်ကျေးရွာအုပ်စု ကောင်းမူးကျေးရွာမှာ ယမန်နေ့ (ဒီဇင်ဘာ ၁၃)ရက် မနက် ၈ နာရီခွဲတွင် ပြောင်းခြံအသွား မြေမြုပ်မိုင်းနင်းမိခဲ့ပြီး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ကျေးသီးဒေသခံ တစ်ဦး...
ဖယ်ခုံမြို့ ဒိုင်းကာအဖြစ် ဖမ်းဆီးခံရသူ ၁၉ ဦး တောင်ကြီးရဲစခန်းတွင် ချုပ်နှောင်ခံထားရ
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာတွင် စစ်ကောင်စီက ဒိုင်းကာအဖြစ် ဖမ်းဆီးထားသည့် ဒေသခံ ၁၉ ဦးကို တောင်ကြီးမြို့ အမှတ် (၁) ရဲစခန်းသို့ ပို့ဆောင် ချုပ်နှောင်ထားကြောင်း စုံစမ်းသိရှိရသည်။ ထို ရွှေပြည်အေး ဒေသခံ ၁၉ ဦးကို ဖမ်းဆီးသွားပြီးနောက် နိုင်ငံတော်အကြမ်းဖက်ပုန်ကန်မှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ “တောင်ကြီးမြို့...
နမ္မတူမြို့နယ် စားသောက်ဆိုင်အတွင်း TNLA စားသုံးစရိတ်များကို ရွာသူကြီးတချို့ ကုန်ကျခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ရှိ စားသောက်ဆိုင်များသို့ ဝင်ရောက်စားသောက်သည့် TNLA တပ်သားများ၏ ကုန်ကျစရိတ်များကို ကျေးရွာသူကြီးများက ကုန်ကျခံပြီး ရှင်းပေးရကြောင်း သတင်းသိရသည်။ “နမ္မတူမြို့နယ်ထဲ တချို့ရွာမှာ စခန်းချနေတဲ့ စစ်သားတချို့တွေက အဲ့ရွာထဲမှာရှိတဲ့ စားသောက်ဆိုင်ဝင်ထိုင်ရင် စားသောက်ကုန်ကျစရိတ်က သူတို့အစား ရွာလူကြီး ပေးပေးနေရတယ်” ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ နမ္မတူမြို့နယ်...
မောက်မယ် ကျောင်းများ ပြန်ဖွင့် ကျောင်းတက်သူ နည်းပါး
သျှမ်းတောင် မောက်မယ်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်သော်လည်း ကျောင်းတက်သူ နည်းပါးကြောင်း သတင်းသိရသည်။ အဆိုပါ ကျောင်းများကို ယနေ့ (ဒီဇင်ဘာ ၁၃)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကိုဗစ်ရောဂါ ကူးစက်ခံမှာစိုးရိမ်သည့်အတွက် ကျောင်းသို့ မလွှတ်သေးကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောသည်။ “ကိုဗစ် ကူးမှာကြောက်လို့ မလွှတ်ရဲသေးဘူး၊ အခြေနေ စောင့်ကြည့်ဦးမယ်၊ ခုက...





