အသက်တရာကျော်တိုင် စစ်ပြေးနေရသေးတဲ့ အဘွားကမ်

“ ဒီလို လူအများကြီးနဲ့ ထွက်ပြေးရတာ ခုပထမဆုံးပဲ” လို့ မျက်ရည်ကို ညာလက်ဖမိုးနဲ့ ကပျာကရာသုတ်ပြီး အဘွားကမ်က ပြောလာပါတယ်။

အဘွားကမ် ကတော့ အသက် (၁၀၁)နှစ် အရွယ်ရှိနေပါပြီ။

နိုဝင်ဘာ ၂၆ရက် ဆောင်း မနက်ခင်းမှာ အဘွားကမ် တယောက် စစ်ရှောင်စခန်းတစ်ခုရဲ့ ဇရပ်ရှေ့မှာ ထိုင်ပြီး သျှမ်းပြည်ဆောင်းဒဏ်ကို အံတုနေပါတယ်။

အဘွားကမ် နေထိုင်တဲ့ ကျောက်မဲမြို့နယ် လွယ်ကုန်ကျေးရွာ အနီးမှာ သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နဲ့ မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု ဖြစ်တဲ့ (SSPP/SSA၊ TNLA)တပ်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာ ခဲ့ရတာဖြစ်ပါတယ်။

“ အဲဒီနေ့က အသံ အရမ်းကျယ်တယ်လေ၊ အဖွားရဲ့ အိမ်နားမှာ လက်နက်ကြီး ကျတာပေါ့၊ အဖွားအိမ်တော့ မထိဘူး” လို့ အဘွားကမ် က တိုက်ပွဲ ဖြစ်ပွားတဲ့ရက် အကြောင်းကို ပြန်ပြောပြနေတာဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ရက်မှာ ကျေးရွာအနီးဝန်းကျင် လက်နက်ကြီး ကျခဲ့ပေမယ့် (၁၀)ပေ ပတ်လည်ရှိ ဝါးနဲ့ ဆောက်လုပ်တဲ့ အဘွားကမ် အိမ်ပေါ်လက်နက်ကြီးမကျတာ အလွန်ကံကောင်းကြောင်း သူက ပြောပါတယ်။

အဲဒီလို စစ်ရှောင်ထွက်ပြေးလာတဲ့သူတွေထဲမှာ လက်နက်ထိမှန်ဒဏ်ရာရထားပြီး လမ်းမလျှောက်နိုင်တဲ့ သက်ကြီး အမျိုးသား (၂)ဦးနဲ့ ကိုယ်ဝန်သည် (၂)ဦးအပြင် အသက် (၁၀၁)နှစ် ရှိနေပြီဖြစ်တဲ့ အဖွားကမ်လည်း ပါဝင်ပါတယ်။

ပန်စလော့ကျေးရွာကလည်း တိုက်ပွဲဖြစ်ပွားတဲ့ တောင်နဲ့ နီးနေရာဖြစ်ပြီး၊ စားနပ်ရိက္ခာပို့ဆောင်ဖို့အတွက် လမ်းပန်းဆက်သွယ်ရေးခက်ခဲပါတယ်။ ဒါ့အပြင် စစ်ရှောင်တွေအတွက်လည်း လုံခြုံမှုမရှိတဲ့အတွက် ကျောက်မဲမြို့နဲ့နီးတဲ့ မန်ခါဘုန်းကြီးကျောင်း စစ်ရှောင်စခန်းကို ထပ်ပြီးပြောင်းရွှေ့ခဲ့ရပါတယ်။

“အဘွားကအဆင့်ဆင့် လာရတယ်။ လမ်းလျှောက် ရတယ်။ ကားနဲ့ လည်းစီးရတယ် ။ အိမ်ကနေ ထွက်လာတာ ပိုက်ဆံ (၅၀)တန် တစ်ရွက်ပဲ ပါတယ်၊ အဝတ်လည်း အပိုမပါဘူး၊ ဘာမှမပါလာဘူး၊ အဲ့တုန်းက အရမ်းလည်း ချမ်းတယ်၊ မိုးကရွာတယ်လေ” ဆိုပြီး စစ်ရှောင်လာစဉ် ကြုံတွေ့ခဲ့တဲ့ အဖြစ်အပျက်ကို အဘွားကမ် က မျက်ရည်ဝဲကာ ပြန်ပြောပြပါတယ်။

အသက် (၁၀၁) နှစ် အဘွားကမ် တယောက် ဟာ ဂျပန် နဲ့ ကိုလိုနီခေတ် ကို တွေ့ကြုံ ဖြတ်သန်းခဲ့ရသူတစ်ဦး ဖြစ်ခဲ့ပေမယ့် ယခုလို ရာချီ လူအုပ်နဲ့ ထွက်ပြေးတိမ်းရှောင်ရတာ အဆင့်ဆင့် ထွက်ပြေးရတာကိုတော့ တကြိမ်မှ မကြုံခဲ့ဖူးပေ။

“အဖွားမှတ်မိသလောက်ဆိုရင် အင်္ဂလိပ်ခေတ်တုန်းက ဘာမှ မဖြစ်ခဲ့ဘူး၊ ဂျပန်တွေလာတော့ စပြီး ရှောင်ပုန်းရတယ်၊ အဲ့တုန်းကလည်း ဒီလို လူအများကြီးနဲ့ ပြေးရတာမဟုတ်ဘူး၊ တောထဲ၊ ခြံထဲ၊ တောင်ယာထဲမှာ သွားနေတာ၊ ဒီလို လူအများကြီးနဲ့ ထွက်ပြေးရတာ ခု ပထမဆုံးပဲ” လို့ အဖွားကမ်က လေသံတိုးညှင်းစွာဖြင့် ပြောပြပါတယ်။

“အဘွားက သေနတ်ပဲ ဆိုရင်တော့ အဲ့လောက်ထိ ကြောက်မှာမဟုတ်ဘူး၊ သေနတ်ပြောင်းဝက ကိုယ့်ဘက်လှည့်နေမှ၊ ကိုယ့်နဲ့ တည့်နေမှ ကြောက်မှာလေ၊ ခုက အဲ့လိုမှမဟုတ်တာ၊ လက်နက်ကြီးတွေရော ပစ်နေတာ” ဆိုပြီး လက်နက်ကြီးသံကြောင့် အထိတ်တလန့်ဖြစ်ခဲ့ရပုံကို အဘွားကမ်က ပြန်ပြောပြပါတယ်။

ဒါ့အပြင် မန်ခါစစ်ရှောင် ရောက်တော့ အသက် တရာကျော်ရှိတဲ့ အဘွားဟာ စစ်ပြေးဒဏ် သာမက ကိုဗစ်ဘေးဒဏ်ပါ ထပ်ကြုံရပါတယ်။

“အဘွားက အရမ်းကံကောင်းတယ်၊ ကိုဗစ်ပိုးကူးစက်ခံရသေးတယ်လေ၊ ကျန်းမာရေးဆိုးဆိုးရွားရွားမဖြစ်ခဲ့ဘူး၊ ခုတော့ ပျောက်သွားပြီ” လို့ စစ်ဘေးရှောင်ကူညီပေးတဲ့ အမျိုးသမီး တစ်ဦးကပြောပါတယ်။

အဖွားကမ် အပါအဝင် လွယ်ကုန်ဒေသခံတွေ မန်ခါစစ်ဘေးရှောင်စခန်းမှာ (၃)လပြည့်တဲ့အထိ အေးချမ်းတဲ့အအေးဒဏ် စိတ်ကျဉ်းကျပ်မှုတွေနဲ့ နေထိုင်ခဲ့ရပါတယ်။

လက်ရှိမှာ တော့ လွယ်ကုန်၊ ပန်စလော့နဲ့ အနီးနားကျေးရွာဘက်တွေမှာလည်း တိုက်ပွဲသံ ငြိမ်နေတဲ့အတွက် နိုဝင်ဘာလနှောင်းပိုင်းမှာ အဘွားကမ်တယောက် နေရပ်ပြန်သွားခဲ့ပါပြီ။

ဒါပေမယ့် အဘွားကမ်တယောက် ရွာထဲမှာ တိုက်ပွဲပြန်ဖြစ်မှာ ကို စိုးရိမ်ထိတ်လန့်မှုနဲ့ ရွာသားတွေတောင်ယာသွားရင် မိုင်းနင်းမိမှာကိုတော့ ရင်တထိတ်ထိတ်ဖြစ်နေပါတယ်။

“ အဘွားကတော့ တိုက်ပွဲပြန်ဖြစ်မှာကို အကြောက်ဆုံးပဲ။ ထင်းခွေသွားမယ်၊ လက်ဖက်ခူးသွားမယ်ဆိုလည်း သူတို့တွေ(လက်နက်ကိုင်တပ်) မိုင်းထောင်ထားမှာကို အရမ်းကြောက်တယ်။ မိုင်းထိတဲ့သူလည်း ရှိခဲ့တယ်လေ၊ ဒဏ်ရာရတာတွေရော ရှိတယ်” လို့ အဘွားကမ်တယောက် ပူပင်သောကတွေနဲ့ ပြောလာပါတယ်။

အဘွားကမ်တယောက် နေအိမ်ပြန်ပြီး နေထိုင်နေပေမယ့် သူမရဲစိတ်မှာတော့ သောက အပူမီးတွေကောင်းမွန်စွာ မအိပ်စက်နိုင်သေးပေ။

“ တကယ်လို့ တိုက်ပွဲထပ်ဖြစ်ရင် ပြေးရဦးမယ် ဆိုရင် အဘွားကတော့ မပြေးတော့ဘူး၊ ဒီတိုင်းပဲ နေတော့မယ်၊ အသက်လည်း ကြီးနေပြီ၊ နေပါစေတော့” လို့ စိတ်သောကအပြည့်နဲ့ သူက ဆိုလိုက်ပြန်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကဒူးကြီးဒေသ စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ ကျန်းမာရေး အတွက်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးပေးခန်းများနှင့် စားသောက်ကုန်ထောက်ပံ့မှုများလည်းမရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူတို့စစ်ရှောင်တဲ့ နေရာဆို အရမ်းခေါင်တာ၊...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...

မောက်မယ်မြို့နယ် တိုက်ပွဲငြိမ်သော်လည်း စစ်ရှောင် တစ်ထောင်ကျော် နေရပ်မပြန်နိုင်သေး

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် တိုက်ပွဲငြိမ်နေသော်လည်း စစ်ဘေးရှောင် တစ်ထောင်ကျော်သည် ယနေ့(ဖေဖော်ဝါရီ ၂၀)ရက်ထိ နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်စပြီး မောက်မယ်မြို့နယ် ကဒူးကြီးဒေသ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်တော် (PNLA) ဌာနချုပ်ဟောင်းရှိရာကို စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ အဆိုပါ...