CATEGORY

သတင်း

တောင်ကြီးမြို့ နိုင်ငံရေးသမားနှင့် နိုင်ကျဥ်းဟောင်းများကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ချမှတ်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်ရှိ တောင်လေးလုံးအကျဥ်းထောင်၌ ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံရေးပါတီဝင်များနှင့် နိုင်ငံရေး အကျဥ်းသားဟောင်း ၄ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း သတင်းသိရသည်။ ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ဦးဖြူ (NLD ရပ်ကျေး ဥက္ကဌ)၊ ကိုမြင့်ဌေး (နိုင်/ကျဉ်း)၊...

စစ်ကောင်စီ၏ ထုတ်ပြန်ချက် သိမ်းထားသည့် သျှမ်းလူငယ်တစ်ဦးကို စစ်ကောင်စီက ခြိမ်းခြောက်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်ရှိ ထုံးဖိုစစ်ဆေးရေးဂိတ်တွင် သျှမ်းလူငယ်တစ်ဦး၏ ဖုန်းထဲ၌ သိမ်းထားသည့် စစ်ကောင်စီ၏ ထုတ်ပြန်ချက် စာတစ်စောင်ကို စစ်ဆေးတွေ့ရှိပြီးနောက် စစ်ကြောရေး ပို့မည်ဟု စစ်သားများက ခြိမ်းခြောက်ပြောဆိုကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၅ ရက်) နေ့လည် ၁ နာရီကျော်အချိန်တွင် ဟဲဟိုးလေဆိပ်မှ တောင်ကြီးသို့ တက်လာသည့်...

ဖယ်ခုံမြို့နယ်ရှိ စစ်ရှောင်များနှင့် တော်လှန်ရေးတပ်ဖွဲ့အတွက် ဆေးဝါး ပစ္စည်းလိုအပ်နေ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့အပါအဝင် အနီးတဝိုက်ရှိ စစ်ရှောင်များနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဆေးကုသပေးနေသည့် ကျန်းမာရေးအဖွဲ့သည် ဆေးဝါးဆိုင်ရာပစ္စည်းများလိုအပ်နေကြောင်း သတင်းသိရသည်။ စစ်ဘေးရှောင်များနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ကျန်းမာရေးဆိုင်ရာ ဆေးဝါးကုသမှုများနှင့် စားနပ်ရိက္ခာထောက်ပံ့မှုများ ပြုလုပ်နေသော အဖွဲ့များ လက်ရှိတွင် အရေးပေါ်သုံး ဆေးဝါးများနှင့် ထောက်ပံ့မှုများ လိုအပ်နေကြောင်း အဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျနော်တို့အဖွဲ့ဝင်တချို့က ကျန်းမာရေးဌာနက...

လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီနှင့် ကိုးကန့်တပ်မတော်တို့ တိုက်ပွဲပြင်းထန်နေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပူကျေးရွာအုပ်စု နောင်ခွန်ကျေးရွာအနီး ယနေ့ (ဒီဇင်ဘာ ၁၆ ရက်) မနက် ၉ နာရီခွဲတွင် စစ်ကောင်စီနှင့် ကိုးကန့်တပ်မတော် (MNDAA)တို့ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စစ်လေယာဉ် ၂ စီး ရောက်ရှိနေကြောင်း သိရသည်။ “တိုက်ပွဲကတော့...

ပင်းတယမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးအသုံးစရိတ်ကို အလွှဲသုံးစားလုပ်နေ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင်သည် ရုံးအသုံးစရိတ် များကို အလွှဲသုံးစား အသုံးပြုနေသည့်အပြင် ဝန်ထမ်းများကိုလည်း ဖိနှိပ်ချုပ်ခြယ်ခြင်းများ ပြုလုပ်နေကြောင်း သတင်းသိရသည်။ ဦးကျော်မိုးလွင်သည် စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှ ပင်းတယမြို့သို့ ပြောင်းရွှေ့လာသူဖြစ်ပြီး ၎င်းရောက် ကတည်းက CDM ဝန်ထမ်းများ အတိုးမဲ့ချေးယူထားသည့်ငွေများကို ခြိမ်းခြောက်တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း အမည်မဖော်လိုသည့်...

သီပေါမြို့နယ်အတွင်း တိုက်ပွဲကြောင့် ပျက်စီးသွားသည့်နေအိမ်များ ပြုပြင်ရန် အကူအညီလိုအပ်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲကြောင့် ထိခိုက် ပျက်စီးသွားသည့် အရပ်သားနေအိမ်များ ပြန်လည် ပြုပြင်မွမ်းမံရန် အကူညီလိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ လက်နက်ကိုင်အချင်းချင်း တိုက်ပွဲကြောင့် ဒေသခံ၏ ဂို‌ဒေါင် အပါအဝင် နေအိမ် (၉)အိမ် လက်နက်ကျည်စ ထိမှန်ကာ ပျက်စီးသွားသဖြင့် လက်ရှိမှာ ပြန်လည်ပြုပြင်ရန်အတွက် အခက်ခဲဖြစ်နေပြီး...

မိုင်းဆတ်မြို့ ကိုဗစ် – ၁၉ လူနာ တစ်ဦး သိန်း (၂၀)ကျပ် ပေးဆောင်ရ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ကိုဗစ် - ၁၉ ပိုးကူးစက်သူများ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့ဆေးရုံတွင် ဆေးသွားကုသရာ တစ်ဦးကို သိန်း (၂၀)ကျပ် ပေးဆောင်ရကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ မိုင်းဆတ်ပြည်သူ့ဆေးရုံတွင် သာမန် ကိုဗစ် - ၁၉ ကုသနည်းဖြင့်ကုသပေးရာတွင်လည်း တစ်ဦးကို သိန်း (၂၀) အထက်...

မိုင်းလားတွင် စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ (FPNCC) တွေ့ဆုံ

သျှမ်းပြည် အရှေ့ပိုင်း မိုင်းလားမြို့မှာ ယနေ့ ဒီဇင်ဘာ (၁၅)ရက်တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ (FPNCC)နှင့် စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ထိုတွေ့ဆုံဆွေးနွေးမှုသည် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ (၇)ဖွဲ့ထဲက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ တက်ရောက်မှုမရှိကြောင်း စုံစမ်းသိရှိရသည်။ “အစည်းဝေးရှိတယ်ဆိုတာကတော့ ကြားပါတယ်။ ဒါပေမယ့် ကျနော်တို့ KIO ကိုယ်စားလှယ်တော့...

နမ့်လန်မြို့မစျေး (၁၅)ရက်အတွင်း ဆိုင်ကယ်(၃)စီးပျောက်

သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့မဈေးမှာ (၁၅) ရက် အတွင်း ဆိုင်ကယ် (၃) စီးပျောက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ကိုဗစ်-၁၉ ကြောင့် နမ့်လန်မြို့မဈေးကို (၅) လ ဝန်းကျင် ပိတ်ထားရပြီး ဒီဇင်ဘာ (၁) ရက်နေ့မှ ပြန်လည်ဖွင့်ကာ ယနေ့ချိန်ထိ ဆိုင်ကယ် (၃) စီး ပျောက်သွားကြောင်း...

သျှမ်းတောင် စစ်ကောင်စီတပ်ဖွဲ့ဝင်၏ ဇနီးများ အခြေခံ စစ်ပညာသင်တန်းတက်ရ

သျှမ်းပြည်တောင်ပိုင်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်၏ ဇနီးများ အခြေခံ စစ်ပညာသင်တန်းများကို သင်ယူလေ့ကျင့်နေရကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင် မြို့နယ်များဖြစ်သည့် အောင်ပန်း၊ ကလော၊ ညောင်ရွှေနှင့် တောင်လေးလုံးမှ စစ်ကောင်စီ တပ်ဖွဲ့ဝင် စစ်သားနှင့် ရဲတို့၏ ဇနီးများသည် အခြေခံ စစ်ပညာသင်တန်းကို တက်ရောက်နေရကြောင်း ဒေသခံများက ပြောသည်။ “ဒီဇင်ဘာ ၁၂ ရက်...

Latest news