CATEGORY

သတင်း

ကျောက်မဲ နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင်များ ဝါးလက်မှုအခြေခံသင်

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ယနေ့ (ဒီဇင်ဘာ ၂၁)ထိ နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင်များကို ဝါးလက်မှု အခြေခံ သင်ပေးနေကြောင်း စုံစမ်းသိရသည်။ လက်ရှိမှာ ဝါးလက်မှု အခြေခံသင်တန်းကို သင်တန်းသား ၂၂ ဦး တက်ရောက်နေပြီး၊ မြို့နယ် ယက်ကန်းသင်တန်းကျောင်းမှ လာရောက်သင်ကြားပေးနေတာဖြစ်ကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် လုံးလျန်းဟန် က...

မူဆယ်မြို့လယ်ခေါင် ငွေလဲလှယ်ပေးသူ ဓားပြတိုက်ခံရ

သျှမ်းမြောက် မူဆယ်မြို့လယ် နာရီစင်အနီးတွင် ယမန်နေ့ (ဒီဇင်ဘာ ၂၀)ရက် ညနေ ၆ နာရီခွဲဝန်းကျင်က ငွေလဲလှယ်လုပ်ငန်း လုပ်ကိုင်သူ ဓာပြတိုက်ခံရပြီး ဒဏ်ရာရခဲ့ကြောင်း သိရသည်။ မူဆယ်မြို့လယ်ခေါင်ဖြစ်သည့် နာရီစင်အနီး တရုတ် - မြန်မာ ငွေလဲလှယ်ပေးနေသူအား လက်နက်ကိုင်လူတစ်စုက လာရောက်ဓားပြတိုက်ခဲ့တာဖြစ်ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ “အယ်လ်ဖတ်ကားနဲ့...

မိုင်းကိုင် တိုင်းရင်းသားလက်နက်ကိုင်များ စစ်ရေးတင်းမာနေဆဲ၊

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်များကြား စစ်ရေးတင်းမာမှုကြောင့် စစ်ရှောင် (၇၀၀)ကျော် ယနေ့ထိ နေရပ်သို့ မပြန်နိုင်သေးကြောင်း စုံစမ်းသိရှိရသည်။ ထို စစ်ရှောင်များသည် မိုင်းကိုင်မြို့နယ် ဝိန်းငင်းဘုန်းကြီးကျောင်းတွင် (၁၆၀)ကျော်၊ ဟမ်းငိုင်းကျေးရွာအုပ်စုရှိ ကုန်းစုံဘုန်းကြီးကျောင်းတွင် (၂၆၀)ကျော်နှင့် ပန်ကေတုကျေးရွာအတွင်း ကုန်းလိုင်းဒေသခံ စစ်ရှောင် (၂၈၀)ကျော် ကျန်ရှိ‌နေကြောင်း သိရသည်။ “ကျမတို့...

ကွတ်ခိုင်မြို့နယ် တိုက်ပွဲဖြစ်ပွား ကျောင်းများပြန်ပိတ်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲကြောင့် ယနေ့ (ဒီဇင်ဘာ ၂၀)ရက်တွင် စာသင်ကျောင်းများကို ပြန်ပိတ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်နေ့တို့တွင် တိုက်ပွဲ ပြင်းထန်လာမှုကြောင့် ကွတ်ခိုင်မြို့နယ်ရှိ ကျောင်းများအားလုံးကို ပြန်ပိတ်လိုက်တာဖြစ်ကြောင်း သိရသည်။ “ဒီ‌နေ့တော့ ကျောင်းတွေ အကုန်ပြန်ပိတ်လိုက်ပြီ။ တိုက်ပွဲကြောင့် ပိတ်လိုက်တာ။...

သီပေါမြို့ ၅၀၀ ကျပ်တန် ထမင်းဆိုင်ဖွင့် “နှလုံးသား ပရဟိတ” အဖွဲ့ဝင် ၄ ဦး ဖမ်းဆီးခံရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တွင် ၅၀၀ ကျပ်တန် ထမင်းဆိုင်ဖွင့်သည့် “နှလုံးသား ပရဟိတ” အဖွဲ့ဝင် (၄) ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ ထို နှလုံးသား ပရဟိတ အဖွဲ့ဝင် လူငယ် (၄)ဦးကို ဒီဇင်ဘာ (၁၈)ရက်နေ့က စစ်ကောင်စီနှင့် စရဖ တို့က မေးမြန်းစရာရှိသည်ဟု...

နမ့်ခမ်းမြို့နယ် စစ်ကောင်စီနှင့် ပြည်သူ့စစ် ရမ်းသမ်းပစ်ခတ် အရပ်သားနေအိမ်ထိမှန်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း စစ်ကောင်စီနှင့် ပြည်သူ့စစ် တပ်ဖွဲ့ များ ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားနေအိမ်တချို့ ထိမှန်ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။ မူဆယ် - နမ့်ခမ်း ပြည်ထောင်စုလမ်းမပေါ် လုံခြုံရေးလုပ်နေသည့် စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့ဘက်မှ လက်နက်ဖြင့် အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်သဖြင့် နမ့်ခမ်းမြို့နယ် စယ်ဟိုင်းကျေးရွာမှ နေအိမ်တချို့ ထိမှန်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ “စစ်ကောင်စီတပ်က...

မိုင်းရယ်မြို့ မီတာခ ကျသင့်ငွေထက် ပိုပေးဆောင်ရ

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်တွင် မီတာခ ကျသင့်ငွေထက် ပိုပြီး ပေးဆောင်နေရသည့်အတွက် ပြည်သူများ အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရသည်။ “အာဏာသိမ်းပြီးတဲ့နောက် ကျမတို့ မီတာခ သွားပြီးမဆောင်ဘူး၊ သူတို့လည်း မီတာ လာမဖတ်လို့လေ၊ အခု ဒီလ (ဒီဇင်ဘာလ)မှာကျတော့ မီတာလည်း မဖတ်ဘဲနဲ့ မီတာခ သွားဆောင်ဖို့ စာရွက်လာပေးတယ်၊ ဒဏ်ကြေးလည်း...

အင်းလေး ရေပေါ်စျေး ပြန်ဖွင့်မည်

သျှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ရေပေါ်စျေးအား ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကိုဗစ်စည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းသိရသည်။ အင်းလေးဒေသ ဟဲယာရွာမရှိ ရေပေါ်စျေး ပြန်လည်ဖွင့်လှစ်ပါက ဒေသခံများတွက် အကျိုးရှိသော်လည်း ကိုဗစ်ကူးစက်မှု မြင့်တက်လာမှာကိုတော့ စိုးရိမ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဒေသခံတွေအတွက်က အကျိုးရှိပါတယ်၊ ဒါပေမယ့် ရေပေါ်စျေးက ဒေသခံတွေပဲ...

တာချီလတ်မြို့ Stay at home ပယ်ဖျက်ပြီးနောက် ကိုဗစ် – ၁၉ ကြောင့် သေဆုံးသူများရှိနေ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် Stay at home ပယ်ဖျက်ပြီးနောက် ကိုဗစ် ၁၉ ကြောင့် သေဆုံးသူများ ရှိနေကြောင်း စုံစမ်းသိရှိရသည်။ တာချီလိတ်မြို့တွင် Stay at home ပယ်ဖျက်ပြီးနောက် သေဆုံးသူ (၃) ဦးအထက် ရှိနေပြီးဖြစ်ကြောင်း သိရသည်။ “သေဆုံးနေတာတော့ ရှိတယ်။ တစ်ရက်ခြားပြီး...

တိုက်ပွဲဒဏ်ကြောင့် လူသူကင်းမဲ့သွားတဲ့ နမ့်မန်းရွာပျက်ကြီး

“ဒီဖြစ်ရပ်တွေက ဘယ်တော့မှ မေ့လို့မရတဲ့ ဖြစ်ရပ်ပါ၊ တွေးမိတိုင်း အရမ်းဝမ်းနည်းတယ်၊ ငိုမိတယ်၊ ဒီလိုအကြောင်းတွေကို ပြန်ပြီးပြောပြဖို့က ကျမအတွက် အရမ်းကိုခက်ခဲတယ်ရှင့်” လို့ ရှိုက်ငိုသံနဲ့ အမျိုးသမီး တစ်ဦးက ပြောပြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကြား မြေစာပင် ဖြစ်ခဲ့ရတဲ့ နမ့်မန်း ဒေသခံ အမျိုးသမီးတစ်ဦးရဲ့ ရင်ဖွင့်သံဖြစ်ပါတယ်။ နမ့်မန်းကျေးရွာဟာ ကျောက်မဲမြို့ကနေ ၁၃...

Latest news