ကျောက်မဲ နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင်များ ဝါးလက်မှုအခြေခံသင်

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ယနေ့ (ဒီဇင်ဘာ ၂၁)ထိ နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင်များကို ဝါးလက်မှု အခြေခံ သင်ပေးနေကြောင်း စုံစမ်းသိရသည်။

လက်ရှိမှာ ဝါးလက်မှု အခြေခံသင်တန်းကို သင်တန်းသား ၂၂ ဦး တက်ရောက်နေပြီး၊ မြို့နယ် ယက်ကန်းသင်တန်းကျောင်းမှ လာရောက်သင်ကြားပေးနေတာဖြစ်ကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် လုံးလျန်းဟန် က ပြောသည်။

“ဝါးလက်မှု အခြေခံ သင်တန်း ဖွင့်ထားပေးတယ်၊ ဖွင့်တာ ၃ ရက်ရှိပြီ၊ စစ်ရှောင်စခန်းမှာ နေတဲ့အချိန် ပညာရပ်တစ်ခုခု ရသွားစေချင်လို့ပါ၊ နောက်ပြီး အလုပ်တစ်ခုရှိဖို့အတွက် အုတ်ရိုက်ဖို့ကိုလည်း စီစဥ်နေတယ်၊ သူတို့အတွက် ဝင်ငွေလည်း ရအောင်ပေါ့၊ သျှမ်းစာပေ သင်ပေးတာလည်း ရှိတယ်” ဟု လုံးလျန်းဟန် က ဆက်ပြောသည်။

ကျောက်မဲမြိုု့နယ် တွင် ယနေ့ချိန်ထိ နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင် ၁၅၀၀ ကျော်ရှိကြောင်းသိရသည်။

ထိုစစ်ရှောင်များထဲတွင် လွန်ခဲ့သည့် ၇ လဝန်းကျင်ကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့သူများလည်း ပါဝင်ပြီး ယနေ့အချိန်ထိ နေရပ် မပြန်နိုင်သေးကြောင်း စစ်ရှောင်ကူညီသူ လုံးလျန်းဟန်က ပြောသည်။

“တချို့ကတော့ ပြန်သွားပြီ၊ တိုက်ပွဲလည်း ငြိမ်သွားပြီဆိုတော့ ပြန်သွားတာရှိတယ်၊ နောက်ထပ် ပြန်ဖို့ပြင်နေတာလည်း ရှိတယ်၊ တချို့က စစ်ရှောင်လာတာ ကြာပြီဆိုတော့ အရမ်းပြန်ချင်နေပြီ၊ မိုင်းငေါ့က စစ်ရှောင်တွေဆိုရင် တော်တော်ကြာနေပြီ” ဟု သျှမ်းစာပေနှင့်ယဥ်ကျေးမှုအသင်း ဥက္ကဌ လုံးလျန်းဟန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းစာပေနှင့် ယဥ်ကျေးမှုစစ်ရှောင်နေရာတွင် စစ်ဘေးရှောင် ၅၀၀ နီးပါး ကျန်ရှိနေဆဲဖြစ်ပြီး အများစုမှာ အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် သျှမ်းစာပေနှင့် ယဥ်ကျေးမှုမြေနေရာ၊ တောင်နောက်ဘုန်းကြီးကျောင်း၊ မန်ခါဘုန်းကြီးကျောင်း၊ အမှတ် ၈ ရပ်ကွက်ရှိ ဓမ္မာရုံ၊ မိုင်းတင်းကျေးရွာအုပ်စု နှင့် မိုင်းငေါ့မြို့တို့တွင် စစ်ရှောင်ခိုလုံနေတာဖြစ်ပြီး စစ်ဘေးရှောင် ၁၅၀၀ ဝန်းကျင် ကျန်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...