Wednesday, January 28, 2026

သီပေါမြို့နယ်အတွင်း တိုက်ပွဲကြောင့် ပျက်စီးသွားသည့်နေအိမ်များ ပြုပြင်ရန် အကူအညီလိုအပ်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲကြောင့် ထိခိုက် ပျက်စီးသွားသည့် အရပ်သားနေအိမ်များ ပြန်လည် ပြုပြင်မွမ်းမံရန် အကူညီလိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

လက်နက်ကိုင်အချင်းချင်း တိုက်ပွဲကြောင့် ဒေသခံ၏ ဂို‌ဒေါင် အပါအဝင် နေအိမ် (၉)အိမ် လက်နက်ကျည်စ ထိမှန်ကာ ပျက်စီးသွားသဖြင့် လက်ရှိမှာ ပြန်လည်ပြုပြင်ရန်အတွက် အခက်ခဲဖြစ်နေပြီး အကူညီလိုအပ်နေကြောင်း ချောင်းဆုံဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

“ကျနော်တို့ စစ်ဘေးဒဏ်တွေ အချိန်ကြာမြင့်စွာ ခံစားနေရလို့ တချို့အိမ်တွေလည်း လက်နက်ကြီးဒဏ်ကြောင့် ထိခိုက်ထားတာတွေရှိတယ်။ အဲ့ဒါတွေလဲ ပြန်လည် ပြုပြင်ဖို့ အကူညီတွေ လိုအပ်နေတယ်။ အဲ့ (၉)အိမ်ထဲက တစ်အိမ်ဆို အကုန်လုံး ထိခိုက်ပျက်စီးသွားတယ်” ဟု ချောင်းဆုံ ဒေသခံ တစ်ဦးက ပြောသည်။

မတ်လဆန်းပိုင်းကတည်းက ချောင်းဆုံကျေးရွာ ဒေသခံများသည် စစ်ဘေးတိမ်းရှောင်နေရပြီး လက်ရှိချိန်ထိ ကျေးရွာသို့ မပြန်နိုင်သေးပဲ ဟတ်လျန်ကျေးရွာမှာ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ကျနော်တို့ နေအိမ်တွေ ရွာအတွင်းမှာတော့ သန့်ရှင်းရေး ပြန်လုပ်တာတွေရှိတယ်။ သန့်ရှင်းရေး ပြန်လုပ်ရင်လည်း သတိထားပြီး လုပ်နေရတယ်။ မိုင်းတွေ သွားနင်းမိမှာ ကြောက်ရတယ်။အဲ့ဒါတွေကို စိတ်ချရမှ ပြန်လို့ရမယ်” ဟု ချောင်းဆုံဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

ချောင်းဆုံကျေးရွာသည် အိမ်ခြေ (၁၃)အိမ်ရှိပြီး လူဦးရေ (၄၀)ကျော် ရှိကာ လက်ရှိ ဟတ်လျန်ကျေးရွာမှာ နေထိုင်ပြီး ကျေးရွာအတွင်း ပြန်လည် ပြုပြင်မွမ်းမံဖို့အတွက် ငွေကြေး အကူအညီ များစွာလိုအပ်နေကြောင်း သိရှိရသည်။

လက်ရှိ ပြန်လည်ထူထောင်ရေးကာလမှာ စားနပ်ရိက္ခာများ၊ အနွေးထည်များ၊ ဆေးဝါးများကို ထောက်ပံ့ပေးရန်အတွက်လည်း တောင်းဆိုထားကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

MNDAA တပ်သားများက သီပေါမြို့နယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...

ပင်လောင်းစစ်‌ရှောင်များ နေရပ်ပြန်လာသော်လည်း ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာသို့ နေရပ်ပြန်လာကြသော စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မှု မလုပ်နိုင်သေးကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာ မှ...