Tuesday, January 27, 2026

နမ့်လန်မြို့မစျေး (၁၅)ရက်အတွင်း ဆိုင်ကယ်(၃)စီးပျောက်

သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့မဈေးမှာ (၁၅) ရက် အတွင်း ဆိုင်ကယ် (၃) စီးပျောက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ကိုဗစ်-၁၉ ကြောင့် နမ့်လန်မြို့မဈေးကို (၅) လ ဝန်းကျင် ပိတ်ထားရပြီး ဒီဇင်ဘာ (၁) ရက်နေ့မှ ပြန်လည်ဖွင့်ကာ ယနေ့ချိန်ထိ ဆိုင်ကယ် (၃) စီး ပျောက်သွားကြောင်း စုံစမ်းသိရှိရသည်။

“ဈေးပြန်ဖွင့်တဲ့နေ့မှာပဲ တစ်စီးပျောက်တယ်။ကျနော်တို့ ဈေးအခွန်ကောက်တဲ့သူတွေဆီ (ဆိုင်ကယ်ရပ်နားခ) တစ်စီးကျပ် (၂၀၀) ပေးပြီး အပ်ထားရတယ်။ ဘယ်လိုလုပ်ပျောက်သွားလဲ မသိဘူး။ ကျနော်တို့ ဆိုင်ကယ်ရဲ့ တန်ဖိုးက (၈) သိန်းလောက်ရှိတယ်။ကျနော်တို့ကို နှစ်သိန်းခွဲပဲပေးတယ်။ ၄ သိန်းလောက် ပြန်လျော်ပေးခိုင်းတာ မပေးဘူး။ အဲ့ဒါနဲ့ ဆိုင်ကယ်အဟောင်း တစ်စီး ကို ကျနော်တို့ကို ပြန်ဝယ်ပေးလိုက်တယ်” ဟု နမ့်လန်ဒေသခံ အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဈေးပြန်ဖွင့်သည့် (၁၅) ရက်အတွင်း မြို့မဈေးရှိ ဈေးသည်များ ဆိုင်ကယ်ရပ်နားခ ပေးရသည့် နေရာမှာ သွားအပ်သည့် ဆိုင်ကယ် (၂) စီး နှင့် ဈေးဝယ်လာသည့် ပြည်သူ တစ်ဦး၏ ဆိုင်ကယ် တစ်စီး စုစုပေါင်း (၃) စီး ပျောက်သွားကြောင်း သိရှိရသည်။

“ပျောက်တဲ့ (၃) စီးထဲမှာ (၁) စီးက ဆိုင်ကယ်ရပ်နားခ ပေးရတဲ့ နေရာမှာ မရပ်ထားဘူးလို့ကြားတယ်။ သူ ဈေးထဲ ပစည်းခနဝင်ဝယ်ရင်း ပြန်ထွက်လာတော့ ပျောက်သွားတယ်” ဟု နမ့်လန်ဒေသခံ အမျိုးသား တစ်ဦး ကပြောသည်။

ဒီဇင်ဘာ (၁) ရက် နှင့် ဒီဇင်ဘာ (၁၄) ရက်မှာ ဆိုင်ကယ်ရပ်နားခ ပေးရသည့် နေရာမှာ (၂) စီး ပျောက်သွားပြီး ရပ်နားခပေးရသည့် နေရာမဟုတ်ဘဲ သင့်လျော်သည့် နေရာမှာ ထားသည့် ဆိုင်ကယ် တစ်စီး ပျောက်သွားခဲ့ကြောင်း သိရှိရသည်။

နိုင်ငံရေး ၊ စီးပွားရေး ခက်ခဲနေချိန် ကာလမှာ နမ့်လန်မြို့ပေါ် ရပ်ကွက်တွင်းမှာလည်း သူခိုးများရှိပြီး နေအိမ်မှာ ဝင်ခိုးသည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

SAC Arrested 3 SSPP in Namlan

သီပေါ ကျားဖြန့်ကိစ္စ တရုတ်နိုင်ငံသား ၅ ဦးနှင့် SSPP တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးဟု စစ်ကော်မရှင်ထုတ်ပြန်

0
သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၅) ဦးနှင့်အတူ SSPP တပ်ဖွဲ့ဝင် ၃ ဦးတို့ကို လက်နက်နှင့်အကွ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) နံနက်ပိုင်း ၉ နာရီကျော်တွင် သီပေါမြို့နယ် နမ့်လန်မြို့အထွက်...

နမ့်လန် ပြောင်းခင်းထဲ ကြွက်များသောင်းကျန်း

0
သျှမ်းပြည် နမ့်လန်မြို့နယ်အတွင်း တောင်သူများ စိုက်ပျိုးထားသည့် ပြောင်းခင်းထဲကြွက်များ ဝင်ရောက်သောင်းကျန်းမှုကြောင့် ပြောင်းအများအပြား ပျက်စီးကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း နမ့်လန်မြို့နယ်အတွင်း တောင်သူများ စိုက်ပျိုးထားသည့် ပြောင်းခင်းထဲ ကြွက်များဝင်ရောက်သောင်းကျန်းမှုကြောင့် ပြောင်းများပျက်စီးခဲ့ရပြီး၊ ပြောင်းထွက်နှုန်းထိခိုက်မှုရှိကြောင်း နမ့်လန် တောင်သူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ ပြောင်းအထွက်နှုန်းကောင်းပေမယ့် ကြွက်တွေဖျက်ဆီးတော့ ဆုံးရှုံးမှုရှိတယ်။ တကယ်လို့...

နမ့်လန်မြို့ နှစ် ၁၀၀ ဘုရားပွဲအတွင်း သူခိုးသောင်းကျန်းနေ

0
သျှမ်းပြည် ကျောက်မဲခရိုင် ၊နမ့်လန်မြို့ တွင် ကျင်းပသည့် နှစ် ၁၀၀ ဘုရားပွဲထဲတွင် သူခိုးများသောင်းကျန်နေသဖြင့် ဘုရားဖူးပြည်သူများသတိရှိကြရန် ဒေသခံများက ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် မတ်လ ၁၂ ရက် နမ့်လန်မြို့ တွင် ကျင်းပသည့် နှစ် ၁၀၀ ဘုရားပွဲထဲအတွင်း အမျိုးသမီးတစ်ဦး သစ်သီးဝယ်ရန် လုပ်နေစဥ်...

ပြောင်းဖူးစက်ရုံးသုံး ကျောက်မီးသွေး အနံ့ဆိုးကြောင့် ပြည်သူများ အသက်ရှူကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ရှိ ပြောင်းဖူးစက်ရုံများတွင် ကျောက်မီးသွေးကို အသုံးပြုသောကြောင့် အနံ့သက်ဆိုးများထွက်ပေါ်လာပြီး ပြည်သူများ အသက်ရှူကြပ်မှု စတင်ကြုံတွေ့လာကြောင်း စုံစမ်းသိရသည်။ အဆိုပါ ပြောင်းဖူးစက်ရုံမှ ထွက်ပေါ်လာသည့် အနံ့သည် လွန်စွာဆိုးရွာသဖြင့် ၎င်းဘေးပတ်ဝန်းကျင်တွင် နေထိုင်သည့် ပြည်သူများ အသက်ရှူကြပ်လာကြောင်း စက်ရုံးအနီးပတ်ဝန်းကျင်တွင်နေထိုင်သည့်သူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ အနံ့ကတော်တော်ဆိုးတယ်။ ညှီနံ့တွေလိုပဲ။...

နမ့်လန်မြို့ပတ်ဝန်းကျင် တစ်ပတ်အတွင်း မိုင်းထိလူနာ (၇) ဦးရှိ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ပတ်ဝန်းကျင်အတွင်း ယခု မတ်လ ပထမ ပတ်တွင် မိုင်းနင်းမိမှုကြောင့် ထိခိုက်လူနာ (၇)ဦး ရှိကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ မိုင်းနင်းမိမှုကြောင့် (၇)ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ယမန်နေ့ မတ်လ ၈ ရက်နေ့က တစ်ဦးသေဆုံးသွားကြောင်း နမ့်လန်ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို...