Thursday, April 25, 2024

နမ့်လန်မြို့ နှစ် ၁၀၀ ဘုရားပွဲအတွင်း သူခိုးသောင်းကျန်းနေ

Must read

သျှမ်းပြည် ကျောက်မဲခရိုင် ၊နမ့်လန်မြို့ တွင် ကျင်းပသည့် နှစ် ၁၀၀ ဘုရားပွဲထဲတွင် သူခိုးများသောင်းကျန်နေသဖြင့် ဘုရားဖူးပြည်သူများသတိရှိကြရန် ဒေသခံများက ပြောဆိုလိုက်သည်။

ခွဲခံရသည့် ပိုက်ဆံအိတ်

ပြီးခဲ့သည့် မတ်လ ၁၂ ရက် နမ့်လန်မြို့ တွင် ကျင်းပသည့် နှစ် ၁၀၀ ဘုရားပွဲထဲအတွင်း အမျိုးသမီးတစ်ဦး သစ်သီးဝယ်ရန် လုပ်နေစဥ် ပိုက်ဆံအိတ် စလင်းဘတ်အိတ်ကို သူခိုးတစ်းဦးက ဓားဖြင့် လာရောက်ခွဲပြီး ပိုက်ဆံများယူရန် ကြိုးပမ်းခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ကျမက ကားပေါ်ကနေဆင်းပြီးတော့ အသီးသွားဝယ်မလို့။ အဲတာကို အနောက်ကနေလာပြီးတော့ အိတ်ကို ဓားနဲ့ လာခွဲတာ။ ကံကောင်းလို့ အနောက်ကတွေ့လို့ သူပိုက်ဆံတွေမရသွားဘူး” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ထိုသို့ ပွဲအတွင်း ငွေလိုက်လံခိုးယူနေသည့်အတွက်ကြောင့် ငွေအများအပြားကို မကိုင်ဆောင်သွားပါရန် ၊ သတိထား သွားလာပါရန် ၎င်း အမျိုးသမီးကပြောသည်။

“ ကျမက ကံကောင်းလို့ ငွေတွေမပါသွားတာ။ အဲနေ့က လွယ်အိတ်ထဲမှာပိုက်ဆံတွေအများရှိတယ်။ ဖြစ်နိုင်ရင်တော့ ပွဲသွားရင်လည်း ပိုက်ဆံတွေအများကြီးသိပ်မကိုင်ကြနဲ့ပေါ့။ ပြီးတော့ ရွှေဆွဲကြိုးတွေကိုလည်း မဝတ်သွားနဲ့။ အကုန်လုံးသတိထားပြီးသွားလည်ရတယ်။ ခေတ်က သိပ်မကောင်းတော့ဘူးလေ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

နမ့်လန်မြို့ နှစ် ၁၀၀ ဘုရားပွဲကို မတ်လ ၁၂ ရက်နေ့က စတင်ကျင်းပခဲ့ကြောင်း သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တွင်း ဓားပြတိုက် ၊ ခိုးယူလုယက်မှုတွေ များပြားလာခဲ့သည့်အတွက်ကြောင့် ပြည်သူများအတွက် လုံခြုံမှု လုံးဝမရှိတော့ကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article