Wednesday, January 28, 2026

သျှမ်းတောင် စစ်ကောင်စီတပ်ဖွဲ့ဝင်၏ ဇနီးများ အခြေခံ စစ်ပညာသင်တန်းတက်ရ

သျှမ်းပြည်တောင်ပိုင်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်၏ ဇနီးများ အခြေခံ စစ်ပညာသင်တန်းများကို သင်ယူလေ့ကျင့်နေရကြောင်း စုံစမ်းသိရသည်။

သျှမ်းတောင် မြို့နယ်များဖြစ်သည့် အောင်ပန်း၊ ကလော၊ ညောင်ရွှေနှင့် တောင်လေးလုံးမှ စစ်ကောင်စီ တပ်ဖွဲ့ဝင် စစ်သားနှင့် ရဲတို့၏ ဇနီးများသည် အခြေခံ စစ်ပညာသင်တန်းကို တက်ရောက်နေရကြောင်း ဒေသခံများက ပြောသည်။

“ဒီဇင်ဘာ ၁၂ ရက် ကတည်းက သင်တန်းပေးနေတာတွေ့ရတယ်၊ အဓိက ကတော့ သူတို့ (ရဲ)ရဲ့ အမျိုးသမီးတွေပေါ့၊ အမျိုးသမီးက အသက်ကြီးနေရင်လည်း အရွယ်ရောက်တဲ့ သူတို့ သမီးတွေက တက်ရတာ တွေ့ရတယ်၊ အောင်ပန်း ရဲစခန်း ကွင်းပြင်ထဲမှာ လေ့ကျင်နေတာ” ဟု အောင်ပန်းမြို့နေ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည်တောင်ပိုင်းရှိ ကလောမြို့နှင့် အောင်ပန်းမြို့တို့မှ ရဲနှင့် စစ်သားတို့၏ ဇနီးများနှင့် အသက် ၁၈ နှစ်ပြည့် အရွယ်ရောက်ပြီး သမီးများကို စစ်ပညာအခြေခံ သင်တန်း၊ သေနတ်နှင့် ပတ်သက်သည့် အခြေခံများ သင်ကြားပေးနေကြောင်း ရဲစခန်းနှင့် နီးစပ်သူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ညောင်ရွှေမြို့နယ်နှင့် တောင်လေးလုံးကျေးရွာတို့မှ ရဲမိသားစုဝင်များကလည်း စစ်သင်တန်း တက်ရောက်ရန် စေခိုင်းညွှန်ကြားမှုများရှိနေသဖြင့် တချို့က ဝန်ထမ်းအိမ်ရာမှ အမျိုးအိမ်များသို့ ပြောင်းရွှေ့နေထိုင်ရကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြီးခဲ့တဲ့ တစ်ပတ်လောက်က ရွှေညောင်ဈေးထဲမှာ ဘွတ်ဖိနပ်တွေကို လာဝယ်နေတာတွေ့လို့ ဘာလုပ်ဖို့လည်း မေးတော့ သေနတ်ပစ်သင်တန်းကို တစ်လလောက် တက်ရမှာ၊ သူတို့ စိတ်မဝင်စားပေမဲ့ အထက်က အမိန့်ကျလို့ဆိုပြီး ပြောတယ်၊ တချို့လည်း အမျိုးတွေဆီ သွားလည်သလိုနဲ့ ရှောင်ထွက်သွားတယ်” ဟု ရွှေညောင်မြို့မှ ရဲများနှင့် နှီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်ကျရောက်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် Silent Strike ဆန္ဒပြမှု ပြုလုပ်ပြီးနောက်ပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ တပ်နှင့် ရဲစခန်းတို့မှ အမျိုးသမီးများ စစ်သင်တန်းတက်ရောက်ရသည့် သတင်းများလည်း ပျံ့နှံ့လာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေမြို့နယ် ကျေးရွာများတွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများကြောင့် မဲရုံစောသွားရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ကျေးရွာအချို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့များမှ ကျေးရွာအတွင်း လှည့်ပတ်စစ်ဆေးမှုကြောင့် ဒေသခံများ နံနက် ၅ နာရီခန့်တွင် စတင်မဲပေးခဲ့ရကြောင်း သတင်းရရှိသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ညောင်ရွှေ၊ ပင်လောင်း၊...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...