သျှမ်းတောင် စစ်ကောင်စီတပ်ဖွဲ့ဝင်၏ ဇနီးများ အခြေခံ စစ်ပညာသင်တန်းတက်ရ

သျှမ်းပြည်တောင်ပိုင်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်၏ ဇနီးများ အခြေခံ စစ်ပညာသင်တန်းများကို သင်ယူလေ့ကျင့်နေရကြောင်း စုံစမ်းသိရသည်။

သျှမ်းတောင် မြို့နယ်များဖြစ်သည့် အောင်ပန်း၊ ကလော၊ ညောင်ရွှေနှင့် တောင်လေးလုံးမှ စစ်ကောင်စီ တပ်ဖွဲ့ဝင် စစ်သားနှင့် ရဲတို့၏ ဇနီးများသည် အခြေခံ စစ်ပညာသင်တန်းကို တက်ရောက်နေရကြောင်း ဒေသခံများက ပြောသည်။

“ဒီဇင်ဘာ ၁၂ ရက် ကတည်းက သင်တန်းပေးနေတာတွေ့ရတယ်၊ အဓိက ကတော့ သူတို့ (ရဲ)ရဲ့ အမျိုးသမီးတွေပေါ့၊ အမျိုးသမီးက အသက်ကြီးနေရင်လည်း အရွယ်ရောက်တဲ့ သူတို့ သမီးတွေက တက်ရတာ တွေ့ရတယ်၊ အောင်ပန်း ရဲစခန်း ကွင်းပြင်ထဲမှာ လေ့ကျင်နေတာ” ဟု အောင်ပန်းမြို့နေ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည်တောင်ပိုင်းရှိ ကလောမြို့နှင့် အောင်ပန်းမြို့တို့မှ ရဲနှင့် စစ်သားတို့၏ ဇနီးများနှင့် အသက် ၁၈ နှစ်ပြည့် အရွယ်ရောက်ပြီး သမီးများကို စစ်ပညာအခြေခံ သင်တန်း၊ သေနတ်နှင့် ပတ်သက်သည့် အခြေခံများ သင်ကြားပေးနေကြောင်း ရဲစခန်းနှင့် နီးစပ်သူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ညောင်ရွှေမြို့နယ်နှင့် တောင်လေးလုံးကျေးရွာတို့မှ ရဲမိသားစုဝင်များကလည်း စစ်သင်တန်း တက်ရောက်ရန် စေခိုင်းညွှန်ကြားမှုများရှိနေသဖြင့် တချို့က ဝန်ထမ်းအိမ်ရာမှ အမျိုးအိမ်များသို့ ပြောင်းရွှေ့နေထိုင်ရကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြီးခဲ့တဲ့ တစ်ပတ်လောက်က ရွှေညောင်ဈေးထဲမှာ ဘွတ်ဖိနပ်တွေကို လာဝယ်နေတာတွေ့လို့ ဘာလုပ်ဖို့လည်း မေးတော့ သေနတ်ပစ်သင်တန်းကို တစ်လလောက် တက်ရမှာ၊ သူတို့ စိတ်မဝင်စားပေမဲ့ အထက်က အမိန့်ကျလို့ဆိုပြီး ပြောတယ်၊ တချို့လည်း အမျိုးတွေဆီ သွားလည်သလိုနဲ့ ရှောင်ထွက်သွားတယ်” ဟု ရွှေညောင်မြို့မှ ရဲများနှင့် နှီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်ကျရောက်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် Silent Strike ဆန္ဒပြမှု ပြုလုပ်ပြီးနောက်ပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ တပ်နှင့် ရဲစခန်းတို့မှ အမျိုးသမီးများ စစ်သင်တန်းတက်ရောက်ရသည့် သတင်းများလည်း ပျံ့နှံ့လာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

0
မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

“ချိန်းဆောသံတွေ တိတ်လာတဲ့ ကလောမြို့”

0
မြို့ပတ်ဝန်းကျင် တောင်တန်းများသည် စိမ်းလန်းသည့် သစ်တောများဖြင့် တင့်တယ်လှသည်။ တောင်တန်းများ ဝန်းရံထားသည့် ကလောမြို့သည် မိုးတွင်းကာလ စိမ်းစိုလှပနေသည်။ ထိုနည်းတူ ထင်းရှူးတောများကြား ထိုးထိုးထောင်ထောင် အဆောက်အုံများ ရှိနေသည်ကိုလည်း တွေ့နေရသည်။ သို့သော် မြို့ခံအချို့ကမူ မိုးတွင်းကာလ နေ့စဉ် စိုးရိမ်သောက အပြည့်ဖြင့် နေထိုင်နေရသည်ဟု ဆိုကြသည်။ အထူးသဖြင့် ၂၀၂၄ ခုနှစ်...