နမ္မတူမြို့နယ် စားသောက်ဆိုင်အတွင်း TNLA စားသုံးစရိတ်များကို ရွာသူကြီးတချို့ ကုန်ကျခံရ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ရှိ စားသောက်ဆိုင်များသို့ ဝင်ရောက်စားသောက်သည့် TNLA တပ်သားများ၏ ကုန်ကျစရိတ်များကို ကျေးရွာသူကြီးများက ကုန်ကျခံပြီး ရှင်းပေးရကြောင်း သတင်းသိရသည်။

“နမ္မတူမြို့နယ်ထဲ တချို့ရွာမှာ စခန်းချနေတဲ့ စစ်သားတချို့တွေက အဲ့ရွာထဲမှာရှိတဲ့ စားသောက်ဆိုင်ဝင်ထိုင်ရင် စားသောက်ကုန်ကျစရိတ်က သူတို့အစား ရွာလူကြီး ပေးပေးနေရတယ်” ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ္မတူမြို့နယ် မန်စံကျေးရွာအတွင်းတွင် စခန်းချနေသည့် TNLA စစ်သားများသည် ဆိုင်ထိုင်စားသောက်ပြီး ကုန်ကျသည့် ပိုက်ဆံများကို မပေးဘဲ စာရင်းဘောင်ချာကို မှတ်ထားခိုင်းကာ ကျေးရွာလူကြီးထံသို့ တောင်းခိုင်း ကြောင်း ဒေသခံများက ပြောသည်။

“ဆိုင်ရှင်တွေကလည်း သူတို့ကို (TNLA တပ်သား) အတင်းအကြပ်မပြောရဲတော့ ရွာလူကြီးဆီကိုပဲ ဘောင်ချာ စာရွက်နဲ့ သွားတောင်းရတယ်၊ ရွာလူကြီးကလည်း သူတို့စီက အမိန့်ရထားလို့လား ဘာကြောင့်လည်း မသိဘူး၊ ဆိုင်ရှင်တွေ လာတောင်းတော့ ပေးရတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

TNLA တပ်သားများမှ ယင်းကဲ့သို့ မတရားလုပ်ဆောင်မှုကို တချို့သောရွာသားများမှ တိုင်ကြားလိုသော်လည်း အသက်အန္တရာယ်ကျရောက်မည် စိုးရိမ်သဖြင့် မပြောရဲကြောင်း ဒေသခံများက ပြောသည်။

“တချို့ရွာက ပြည်သူပိုင်တဲ့ ကားတွေ ဆိုင်ကယ်တွေကို TNLA တွေက အလကား ယူသုံးတယ်၊ သူတို့သုံးလို့ ပျက် စီးသွားရင်လည်း မပြင်ပေးတဲ့အပြင် လာလည်းမပို့ပေးဘူး၊ ပိုင်ရှင်ကိုယ်တိုင်က ပြန်သွားယူခဲ့ရတာ၊ ဒါပေမဲ့ ပြည် သူတွေက ကြောက်တယ်၊ ဘယ်သူ့ကိုမှ မပြောရဲ မတိုင်ရဲဘူး” ဟု နမ္မတူမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

နမ္မတူမြို့နယ်အတွင်း ကျေးရွာများတချို့တွင် TNLA စစ်သားတို့၏ ဖမ်းဆီးရိုက်နှက်စစ်ဆေးခြင်းကို ခံရသည့် ပြည်သူများ မကြာခဏရှိနေသည့်အတွက် ပြည်သူများလည်း ကြောက်လန့်ကာ မတရားမှုကို ခံနေရသော်လည်း ထုတ်ဖော်ပြောဆို တိုင်တန်းမှုများ မပြုလုပ်ရဲကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း TNLA တို့သည် ၎င်းတို့သွားလာလှုပ်ရှားစခန်းချသည့် သျှမ်းပြည်အတွင်းမှ ကျေးရွာများ တချို့ကို တအာင်း(ပလောင်)အမျိုးသားတပ်မတော် (TNLA) အလံလွှင့်ထူရန် စေခိုင်းညွှန်ကြားမှုများ ရှိနေသည့် သတင်းများလည်း ထွက်ပေါ်လာသည်။

အထက်ပါ ကိစ္စများနှင့် ပတ်သက်ပြီး တအာင်း(ပလောင်) အမျိုးသားတပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်ကို မေးမြန်းရန်အတွက် အကြိမ်ကြိမ် ကြိုးစားဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...