Thursday, May 2, 2024

မိုင်းကိုင် စစ်ရှောင် (၁၃၀)ကျော်အတွက် အလှူရှင်လိုအပ်

Must read

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု ကုန်းစုံဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်များ (၁၃၀)ကျော် ကျန်ရှိနေပြီး အလှူရှင်များ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

ထို စစ်ရှောင်များသည် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲကြောင့် ဒီဇင်ဘာ (၈)ရက်က ကျေးရွာ (၄)ရွာ ထွက်ပြေးလာရပြီး ယနေ့ချိန်ထိ ကျေးရွာ (၂)ရွာမှ ဒေသခံများ မပြန်နိုင်သေးကြောင်း ဟမ်းငိုင်းကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ကျမတို့ (၂)ရွာက မပြန်ရဲသေးဘူး။ ကျမတို့နေတဲ့ ရွာက တိုက်ပွဲဖြစ်တဲ့နေရာနဲ့နီးတော့ မပြန်ရဲကြဘူး။ လက်နက်ကြီးတွေ ရွာထဲ ကျမှာစိုးရိမ်ရတယ်။ အလုပ်တွေလဲ မသွားလုပ်ရဲကြဘူး။ ပြန်လည်း တအားပြန်ချင်နေပြီ။ တချို့လည်း ပြောင်းတွေ မယူရသေးဘူး။ တချို့လည်း စပါးမရိတ်ရသေးဘူး” ဟု ဝမ်ဖာလမ်းကျေးရွာဒေသခံ စစ်ရှောင် အမျိုးသမီး တစ်ဦးက ပြောသည်။

ကုန်းစုံဘုန်းကြီးကျောင်းက ကျန်ရှိသည့် စစ်ရှောင် (၁၃၄) ဦးသည် ဝမ်ဖာလမ်းကျေးရွာ နှင့် ဝမ်ပိုက်နားမွန်းကျေးရွာ မှ ဒေသခံ တို့ ဖြစ်ကြကြောင်း သိရှိရသည်။

“စားသောက်ရေးပိုင်းမှာ အခက်ခဲဖြစ်တယ်။ ကူညီချင်တဲ့သူတွေတော့ လာချင်တယ်။ ဒါပေမယ့် သတင်းတွေ နားစွင့်ပြီးတော့ လာရတယ်။ အနွေးထည်တွေ စောင်တွေလည်း လိုအပ်တယ်။ နံပတ် (၁)တော့ စားသောက်ရေးပိုင်းတွေဖြစ်တယ်” ဟု ကုန်းစုံဘုန်းကြီးကျောင်းတွင် စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသား တစ်ဦးက ပြောသည်။

မိုင်းကိုင်မြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲကြောင့် စစ်ရှောင်များ မကြာခဏ စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။

Leave a Comments

- Advertisement -spot_img

Latest article