ခေတ်အဆက်ဆက် ငြိမ်းချမ်းရေး ဆိုတာ ဘာမှန်းမသိတဲ့ သျှမ်းမြောက် စစ်ရှောင်များ
SHAN -
နိုင်ငံတကာငြိမ်းချမ်းရေးနေ့ကို ၁၉၈၁ ခုနှစ်က ကမ္ဘာ့ကုလသမဂ္ဂ မှ ဆုံးချက်ချက် ချမှတ်ပြီး စတင်ဆင်နွှဲလာခဲ့ပါတယ်။ ထိုသို့ ဆင်နွှဲလာရာမှ ပြီးခဲ့တဲ့၂၀၀၁ ခုနှစ်တွင် ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အမှတ် ၅၅/၂၈၂ ကို ချမှတ်ခဲ့ပြီး စက်တင်ဘာ ၂၁ ရက်ကို အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အဖြစ် အတည်ပြုခဲ့ကြပါတယ်။ ဒါ့ပေမယ့် သျှမ်းပြည်တဝှမ်းမှာတော့...
တောင်လေးလုံးမှ ကိုဗစ်သံသယ အကျဉ်းသားများ ထောင်နေရာရွှေ့ပြောင်းစဉ် ဆန္ဒပြ
SHAN -
သျှမ်းပြည် တောင်ကြီးမြို့နယ် ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံး)မှ ကိုဗစ်-၁၉ သံသယရှိ အကျဉ်းသားများကို ထောင်နေရာ ရွှေ့ပြောင်းမှုများ ပြုလုပ်ပေးစဉ် ဆန္ဒပြကြွေးကြော်မှုများ ပြလုပ်ခဲ့ကြောင်း သတင်းသိရသည်။ စက်တင်ဘာ ၁၇ရက် တွင် PDF အပါအဝင် နိုင်ငံရေး ဆက်စပ်သူများထဲမှ ကိုဗစ်-၁၉ သံသယ ရှိသူများကို ထောင်နေရာပြောင်းရွှေ့ချိန် အချုပ်ကားပေါ်တွင်...
NUG မှ မြို့နယ် PDF အားလုံးကို လက်နက်တပ်ဆင်ပေးနိုင်ရန် စီစဉ်နေ
SHAN -
အမျိုးသား ညီညွှတ်ရေး အစိုးရ (NUG) မှ ပြည်သူ့ ကာကွယ်ရေးတပ် (PDF) တွေကို လက်နက်တပ်ဆင်ပေးနိုင်ရန်အတွက် စီစဉ်ပေးနေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင် ကပြောဆိုလိုက်သည်။ မြန်မာနိုင်ငံအတွင်း ရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF) အနေဖြင့် လိုအပ်ချက်များစွာရှိကြောင်း၊ မြို့နယ်အားလုံး ပေးနိုင်ရန်...
နှစ်ပေါင်းများစွာ စစ်ဒဏ်ခံနေရတာ သျှမ်းပြည်လူထုရဲ့ ဝဋ်ကြွေးလား
SHAN -
ပိုင်ဆိုင်တဲ့ ကျွဲတွေ၊နွားတွေကို ကိုယ်စီ ဆွဲပြီး၊ ဆာလအိတ်ထုတ်ကို မနိုင်မနင်း လွယ် တဖက်မှာလည်း ကလေးငယ်ရဲ့ လက်ကိုင်ကာ မိုးရေထဲကို မရှောင်ဘဲ စစ်ဒဏ်လွတ်ကင်းရာ သောကတွေအပြည့်နဲ့ ချီတက်နေကြပါတယ်။ တချို့ကတော့ ထော်လဂျီ၊ လေးလုံးထိုးရဲ့ဘီးကို သံကြိုးတွေပတ်ပြီး ရွံ့ပွတ်ထဲ ခက်ခက်ခဲခဲဖြင့် စစ်နဲ့ဝေးရာကို ထွက်ပြေးနေရပါတယ်။ ထို စစ်ဒဏ်ကြောင့် ကိုယ့်နည်းကိုယ့်ဟန်နဲ့...
ပင်လုံမြို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးသူများပြား၊ ဆေးလုံလောက်မှုမရှိ
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ကိုဗစ်- ၁၉ ကာကွယ်ဆေးလာရောက်ထိုးသူ များပြားသောကြောင့် ဆေးလုံလောက်မှု မရှိကြောင်း စုံစမ်းသိရှိရသည်။ ထိုသို့ ဆေးလုံလောက်မှုမရှိသောကြောင့် ပြည်သူများက လွိုင်လင်မြို့နယ် သွားရောက်တောင်းထိုးကြရာတွင် ထိုးခွင့်မရကြောင်း ပင်လုံဒေသခံများက ပြောပြသည်။ “ အမှန်က မှတ်ပုံတင်ရှိရုံနဲ့တင် ကာကွယ်ဆေးထိုးလို့ရတယ်။ အခုက ကျနော်တို့ ပင်လုံမှာ ကာကွယ်ဆေးကုန်လို့ လွိုင်လင်မှာသွားထိုးတာ။...
လားရှိုးရေကြီးမှု လူတစ်ဦးမျောပါသေဆုံး၊ နေအိမ်ပျက်စီးမှုများပြား
SHAN -
သျှမ်းမြောက် လာရှိုးမြို့တွင် စက်တင်ဘာလ (၂၀)ရက် ယမန့်နေ့ မွန်းလွဲ (၄)နာရီဝန်းကျင်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူတစ်ဦး ရေချောင်းအတွင်း မျောပါသေဆုံးခဲ့ပြီး နေအိမ်ပျက်စီးမှုလည်း ရှိခဲ့ကြောင်း သတင်းရရှိသည်။ လားရှိုးမြို့ ရပ်ကွက်(၆)၊ နယ်မြေ (၄)အတွင်း ချောင်းထဲတွင် ယမန်နေ့ မွန်းလွဲ (၄)နာရီဝန်းကျင် က မိုးသည်းထန်စွာရွာသွန်းပြီး ရေစီးနှင့်အတူ...
မုံးကိုးမြို့ရောက် စစ်ရှောင်နှင့် ကူညီသူ (၄၅)ဦး ကိုဗစ် – ၁၉ ပိုးတွေ့
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့ရောက် စစ်ရှောင် နှင့် စစ်ရှောင်များကို ကူညီသူ စုစုပေါင်း (၄၅)ဦး ကိုဗစ် - ၁၉ ကူးစက်ခံ နေရကြောင်း သတင်းရရှိသည်။ မုံးကိုးမြို့နယ်အတွင်းတွင် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA) နှင့် စစ်ကောင်စီတပ် တို့ တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသည့် မုံးကိုးမြို့နယ် ကောင်လုံကျေးရွာ...
လားရှိုးနှင့် သိန္နီကြားတွင် စစ်ကောင်စီနှင့် တပ်ပေါင်းစု ပစ်ခတ်မှုဖြစ်ပွား
SHAN -
သျှမ်းပြည် မြောက်ပိုင်းရှိ လားရှိုးနှင့် သိန္နီကြားတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တပ်ပေါင်းစုတို့ ပစ်ခတ်မှု ဖြစ်ပွား ခဲ့ကြောင်းသတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၂၀)ရက် ညနေပိုင်း ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် တပ်ပေါင်းစုဖြစ်သည့် ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းတပ်မတော် (TNLA)တို့သည် သျှမ်းပြည်မြောက်ပိုင်းရှိ လားရှိုး - သိန္နီကြား...
စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုကြောင့် ကျောက်မဲ ရေကြီးရေလျှံ ပိုမိုဆိုးရွားလာ
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့အတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုကြောင့် ရေကြီးရေလျှံမှု ပိုဖြစ်လာပြီး၊ လူနေအိမ် (၄၀၀) ရေဝင်ရောက်မှုဖြစ်ကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။ ကျောက်မဲမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၂၀)ရက် နမ့်စောင်းငေါင်းချောင်းရေလျှံတက်ပြီး လူနေအိမ် (၄၀၀)ဝန်းကျင် ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုရေကြီးရေလျှံမှုသည် အမှိုက်များကို စနစ်တကျစွန့်ပစ်မှု၊ သိမ်းယူမှု အားနည်းခြင်းကြောင့် ဖြစ်ကြောင်း...
ပင်လုံမြို့ ဧည့်စာရင်းစတင်စစ်မည်
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ယနေ့ (စက်တင်ဘာ ၂၁) ရက် ည ၉ နာရီအချိန်မှ စကာ ဧည့်စာရင်းစစ်မည် ဟု အုပ်ချုပ်ရေးမှူးများက အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ ဧည့်စာရင်းဆင်း စစ်ဆေးရာတွင် ပင်လုံမြို့ရှိ ဌာန ဆိုင်ရာပေါင်းစုံက ပူးပေါင်းဆောင်ရွက်ပြီး စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ “ ကျနော်တို့ ဌာနဆိုင်ရာ...






