Wednesday, January 28, 2026

အင်းလေး နမ့်ပန်ကျေးရွာသို့ရောက်လာသည့် စစ်ရှောင်များ လက်မခံရန် အုပ်ချုပ်ရေးမှူး လော်ဖြင့်လိုက်အော်

ကရင်နီပြည်မှ သျှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ နမ့်ပန်ကျေးရွာအတွင်း ကရင်နီပြည်ဘက်မှ လာသည့် စစ်ရှောင်များ၊ ဧည့်သည်များကို လက်မခံရန် ရပ်ကွက်အုပ်ချုပ်ရေးမှူး လော်စပီကာဖြင့် လိုက်လံနှိုးဆော်နေကြောင်း စုံစမ်းသိရသည်။

ကရင်နီပြည် လွိုင်ကော်မြို့ပေါ်ထိ အာဏာသိမ်းစစ်ကောင်စီမှ တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်နှင့် တင့်ကားများကို အသုံးပြုပြီး တိုက်ခိုက်မှုများပြုလုပ်သဖြင့် ပြည်သူများက ဘေးလွတ်ရာ သျှမ်းတောင်ဘက်သို့ အများအပြား ရွှေ့ပြောင်းလာကြသည်။

ထိုရွှေ့ပြောင်းလာကြသည့်သူများသည် အင်းလေး ဒေသအတွင်း ဆွေမျိုးများထံ သွားရောက်နေထိုင်ခွင့်မရကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးမှ နေအိမ်တွင် တခြားဒေသမှ လာသည့် စစ်ရှောင်များအား လက်မခံရန် လော်စပီကာဖြင့် ကျေးရွာတွင် လိုက်လံ နှိုးဆော်နေကြောင်း နမ့်ပန်ဒေသခံများ ပြောပြချက်အရ သိရသည်။

“နေအိမ်မှာ စစ်ရှောင်လက်မခံဖို့ လော်နဲ့ ညပိုင်းမှာ လိုက်အော်တယ်၊ ဆွေမျိုးအရင်းတောင် လက်မခံရဘူး။ သူတို့က ကိုယ်တွေဆီ အားကိုးတကြီးနဲ့ လာကြတာ။ အုပ်ချုပ်ရေးမှူးက လက်မခံခိုင်းတော့ စိတ်မကောင်းဘူး” ဟု အင်းလေး ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကရင်နီပြည်မှ လာသည့် စစ်ရှောင်များကို အင်းလေးဒေသ မကျီးဆိပ်ကျေးရွာနှင့် ကြေးစားကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင်သာ နေရန် ပြောသည်။

အင်းလေးဒေသ နမ့်ပန်ကျေးရွာ အုပ်ချုပ်ရေးမှူးသည် တခြားနေရာဒေသမှ ပြောင်းရွှေ့လာသည့်သူဖြစ်ကြောင်း၊ အင်းလေးဒေသခံ မဟုတ်ကြောင်းလည်း သိရသည်။

ယခုရက်ပိုင်း ကရင်နီပြည် လွိုင်ကော်မြို့အနီးတွင် နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေသဖြင့် ယနေ့ (ဇန်နဝါရီ ၉)ရက် မနက်ပိုင်းတွင် ကရင်နီပြည်သူများသည် သျှမ်းတောင်ဘက်သို့ ရွှေ့ပြောင်းတိမ်းရှောင်လာကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...