အင်းလေး နမ့်ပန်ကျေးရွာသို့ရောက်လာသည့် စစ်ရှောင်များ လက်မခံရန် အုပ်ချုပ်ရေးမှူး လော်ဖြင့်လိုက်အော်

ကရင်နီပြည်မှ သျှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ နမ့်ပန်ကျေးရွာအတွင်း ကရင်နီပြည်ဘက်မှ လာသည့် စစ်ရှောင်များ၊ ဧည့်သည်များကို လက်မခံရန် ရပ်ကွက်အုပ်ချုပ်ရေးမှူး လော်စပီကာဖြင့် လိုက်လံနှိုးဆော်နေကြောင်း စုံစမ်းသိရသည်။

ကရင်နီပြည် လွိုင်ကော်မြို့ပေါ်ထိ အာဏာသိမ်းစစ်ကောင်စီမှ တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်နှင့် တင့်ကားများကို အသုံးပြုပြီး တိုက်ခိုက်မှုများပြုလုပ်သဖြင့် ပြည်သူများက ဘေးလွတ်ရာ သျှမ်းတောင်ဘက်သို့ အများအပြား ရွှေ့ပြောင်းလာကြသည်။

ထိုရွှေ့ပြောင်းလာကြသည့်သူများသည် အင်းလေး ဒေသအတွင်း ဆွေမျိုးများထံ သွားရောက်နေထိုင်ခွင့်မရကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးမှ နေအိမ်တွင် တခြားဒေသမှ လာသည့် စစ်ရှောင်များအား လက်မခံရန် လော်စပီကာဖြင့် ကျေးရွာတွင် လိုက်လံ နှိုးဆော်နေကြောင်း နမ့်ပန်ဒေသခံများ ပြောပြချက်အရ သိရသည်။

“နေအိမ်မှာ စစ်ရှောင်လက်မခံဖို့ လော်နဲ့ ညပိုင်းမှာ လိုက်အော်တယ်၊ ဆွေမျိုးအရင်းတောင် လက်မခံရဘူး။ သူတို့က ကိုယ်တွေဆီ အားကိုးတကြီးနဲ့ လာကြတာ။ အုပ်ချုပ်ရေးမှူးက လက်မခံခိုင်းတော့ စိတ်မကောင်းဘူး” ဟု အင်းလေး ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကရင်နီပြည်မှ လာသည့် စစ်ရှောင်များကို အင်းလေးဒေသ မကျီးဆိပ်ကျေးရွာနှင့် ကြေးစားကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင်သာ နေရန် ပြောသည်။

အင်းလေးဒေသ နမ့်ပန်ကျေးရွာ အုပ်ချုပ်ရေးမှူးသည် တခြားနေရာဒေသမှ ပြောင်းရွှေ့လာသည့်သူဖြစ်ကြောင်း၊ အင်းလေးဒေသခံ မဟုတ်ကြောင်းလည်း သိရသည်။

ယခုရက်ပိုင်း ကရင်နီပြည် လွိုင်ကော်မြို့အနီးတွင် နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေသဖြင့် ယနေ့ (ဇန်နဝါရီ ၉)ရက် မနက်ပိုင်းတွင် ကရင်နီပြည်သူများသည် သျှမ်းတောင်ဘက်သို့ ရွှေ့ပြောင်းတိမ်းရှောင်လာကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...