Saturday, February 21, 2026

CATEGORY

သတင်း

၅လ ကြားဖမ်းခံရတဲ့ နမ္မတူမြို့နယ်ဒေသခံ ယနေ့ထိတိုင်ပြန်မလွှတ်သေး

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ရေအိုကျေးရွာဒေသခံ (၃) နှင့် မန်ဆာ ကျေးရွာဒေသခံ (၂) ဦးတို့ (၅)လကြာ ဖမ်းဆီးခံထားရပြီး ယနေ့ထိတိုင် ပြန်မလွှတ်ပေးသေးသဖြင့် ကျန်ရှိနေသည့် မိသားစုဝင်များ စားဝတ်နေရေးခက်ခဲနေကြောင်း စုံစမ်း သိရသည်။ ထိုအရပ်သား (၅)ဦးကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)တို့ ဧပြီလပိုင်းအတွင်း ဖမ်းဆီးသွားခဲ့ရာ...

စစ်ကောင်စီမှ ပန်ဆိုင်းမြို့ ရှိ တိုင်းရင်းသားလက်နက်ကိုင်နေရာကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် လှုပ်ရှားသည့် နေရာများကို စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေကြောင်း သတင်းသိရသည်။ ပန်ဆိုင်းမြို့အတွင်း KIA နှင့် ကိုးကန့်တပ်မတော်တို့၏ သွားလာလှုပ်ရှားရာနေရာများ ဖြစ်ကြသည့် လွိုင်ဖာခမ်း၊ လွိုင်ဖာဖိတ် နှင့် လွိုင်ကောင်းတို့ဖက်ကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ဖောင်းဆိုင်ဒေသခံများမှ သိရသည်။ “တိုက်ပွဲက...

အင်းလေးဒေသခံ အစားအသောက်နှင့်ဆေးဝါး ပိုခက်ခဲလာ

သျှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသခံများ အစားအသောက်နှင့် ဆေးဝါးခက်ခဲမှု ရှိနေကြောင်း သတင်းရရှိသည်။ Stay at home သတ်မှတ်ခံထားရသည့် ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကိုဗစ်ကူးစက်မှုကြောင့် ခရီးသွားလုပ်ငန်းရပ်နားထားပြီး နောက်ပိုင်း အလုပ်အကိုင်ခက်ခဲမှုကြောင့် အစားအသာက်နှင့်ဆေးဝါး အခက်ခဲတွေ ကြုံတွေ့လာရတာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “ကျေးရွာအများစုမှာ အခက်ခဲတွေဖြစ်နေကြတယ်၊ ဟဲယာရွာမရွာဆိုရင် သီးနှံ...

မိုင်းကိုင် စစ်ရှောင်များ စားနပ်ရိက္ခာ မကြာခင် ပြတ်လတ်တော့မည်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း ရက်ပိုင်းရောက်ရှိလာသည့် စစ်ရှောင်များ (၂၀၀၀) ကျော် စားနပ်ရိက္ခာ မကြာခင် ပြတ်လတ်မှု ရှိနိုင်ကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိ မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စုမှာ စစ်ရှောင် (၁၄၃၆) ဦး၊ တုံလောကျေးရွာအုပ်စုမှာ (၆၀၀) ခန့်၊ ဟမ်းငိုင်းကျေးရွာအုပ်စုမှာ (၁၀၃) ဦး နှင့် မိုင်းကိုင်မြို့တွင်းရှိ...

တောင်လေးလုံး ဖမ်းဆီးခံရသူများ ယနေ့ ရုံးထုတ်မစစ်ဆေးမှုမပြုလုပ်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ညောင်ရွှေ အကျဉ်းထောင် (တောင်လေးလုံး) တွင် ဖမ်းဆီးခံထားရသူများကို ယနေ့ (စက်တင်ဘာလ ၂၂) ရက် အမှု ပြန်လည်စစ်ဆေးမည် ဟု ပြောဆိုခဲ့သော်လည်း ရုံးထုတ်စစ်ဆေးခြင်း မပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ညောင်ရွှေ အကျဉ်းထောင်တွင် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး လှုပ်ရှားပြီး ဖမ်းဆီးခံရသည့် ပြည်သူများကို...

ပန်ဆိုင်းမြို့နယ် ဆိုင်ကယ်ဖြင့် ရွာလှည့်တံမြက်စည်းရောင်းသူ သေနတ်ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်ရှိ ပန်ဆိုင်းမြို့နယ် မန်မိုင်ကျေးရွာတွင် ယနေ့ (စက်တင်ဘာ ၂၂)ရက်မနက်ပိုင်း တွင် ဆိုင်ကယ်ဖြင့် ရွာလှည့်ပြီး တံမြက်စည်း ရောင်းသူတစ်ဦး သေနတ် ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။ ယနေ့ (စက်တင်ဘာလ ၂၂) ရက် မနက် ၉ နာရီကျော်တွင် ပန်ဆိုင်းမြို့နယ် မန်မိုင်ကျေးရွာတွင် ဆိုင်ကယ်ဖြင့်...

ကျောက်မဲ ဟူးကွက်ကျေးရွာ ပိတ်ခံထားရ စားသောက်ရန် အခက်အခဲဖြစ်

သျှမ်းမြောက် ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာတွင် အခြေစိုက်သည့် လက်နက်ကိုင်တပ်ဖွဲ့က ဝင်ထွက်သွားလာခွင့် ပိတ်ပင်ခံထားရသည့်အတွက် စားသောက်ရန် အခက်အခဲများဖြစ်နေကြောင်း သတင်းရရှိသည်။ ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာအနီးတွင် ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲ ပြင်းထန်မှုဖြစ်ပွားခဲ့ပြီး၊ ထိုကျေးရွာ အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ က ရွာအဝင်အထွက် ကန့်သတ်လိုက်ကာ...

ဟိုပုံးဆေးရုံ ကိုဗစ်-၁၉ ကာကွယ်ဆေးလာထိုးသူ တစ်ဦး သေဆုံး

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ဟိုပုံးဆေးရုံတွင် ယနေ့ (စက်တင်ဘာ ၂၂)ရက် မနက်ပိုင်း၌ ကိုဗစ်-၁၉ ကာကွယ်ဆေးလာထိုးနေစဉ် အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ စက်တင်ဘာ (၂၂) ရက် မနက် ၈နာရီခွဲကျော် တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးလာရောက်ထိုးသည့် အသက် (၇၀) ကျော်...

နမ္မတူမြို့နယ် စုကြေးငွေကျပ်သိန်း ၂၀၀၀ လိမ်လည်မှုရှိ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်ရှိ အမျိုးသမီး တစ်ဦးသည် စုကြေးငွေ ကျပ်သိန်း ၂၀၀၀ ကို လိမ်လည်ပြီး ထွက်ပြေးနေကြောင်း သိရသည်။ နမ္မတူမြို့နယ်တွင် စုကြေးငွေ အများအပြားပြုလုပ်ကြပြီး ထိုစုကြေးငွေကို လိမ်သွားသည် ဒေါ်စန်းစန်းထွေးသည် ထွက်ပြေးလွှတ်မြောက်နေကြောင်း ၊ ထိုလိမ်မှုကြောင့် ငွေကြေး ဆုံးရှုံးသည့် အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း...

သျှမ်းပြည် လျှပ်စစ်ဝန်းကြီးဟောင်း စိုင်းရှဲန်တစ်လုံ အကြမ်းဖက်ဥပဒေ အမှုဖွင့်ခံရ

သျှမ်းပြည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဟောင်း စိုင်းရှဲန်တစ်လုံကို အကြမ်းဖက် တိုက်ဖျက်ရေး ပုဒ်မ ၅၂(က) ဖြင့် အာဏာသိမ်းစစ်ကောင်စီ အဖွဲ့က အမှုဖွင့် အရေးယူရန်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ ၂၀ ရက်နေ့တွင် အရပ်သား အစိုးရလက်ထက်က သျှမ်းပြည်အစိုးရ အဖွဲ့ဝင် ပြည်နယ်လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီး...

Latest news