သိန္နီမြို့ ပေါ် ငွေတောင်းခံသည့် ရဲနှစ်ဦး သွားဖမ်းရာ ပြန်ခုခံသဖြင့် TNPDF မှ သေနတ်ပစ်သတ်

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ အဝင် တိုးဂိတ်နှင့် ကားလမ်းမကြီပေါ် လမ်းသွားလမ်းလာယာဥ်များကို ငွေတာင်း ခံလေ့ရှိသည့် ရဲနှစ်ဦးကို သန္နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TNPDF က ပစ်သတ်ရှင်းလင်းလိုက်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်တွင် ငွေကောက်ခံမှု ပြုလုပ်ပြီး ပြန်လာသော အဆိုပါ ရဲသားနှစ်ယောက်ကို TNPDF တပ်ဖွဲ့ဝင်များက အလစ်ငိုက် ဝင်ရောက်ဖမ်းဆီးခဲ့ရာ ခုခံမှုများ ပြုလုပ်သည့်အတွက် သေနတ်ဖြင့် ပစ်သတ်ခဲ့ရကြောင်း TNPDF ပြန်ကြားရေးတာဝန်ခံအဖွဲ့က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီရဲသားနှစ်ယောက်က ပြောင်းမိန့်တော့ ကျထားပါပြီ၊ ဒီလို မကျခင်မှာ ငွေအရမ်းတောင်းခဲ့သလို ပြောင်းခါနီးလည်း ပိုက်ဆံပိုကောက်လို့ ပြည်သူတွေ ဒုက္ခရောက်ရတယ်လေ၊ အဲ့ကြောင့် ကျနော်တို့က သွားဖမ်းတာ။ သူတို့က ပြန်ခုခံတာတွေ လုပ်တော့ ကျနော်တို့ ဒီလိုလုပ်လိုက်ရတာပါ” ဟု TNPDF ၏ ပြန်ကြားရေးတာဝန်ခံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ရဲသားနှစ်ဦး၏ ရုပ်အလောင်းကို သိန္နီမြို့မှ ကွတ်ခိုင်မြို့ဘက် အထွက် တိုးဂိတ်အကျော်ရှိ ကြက်ခြံနားတွင် ပစ်ထားပြီး ၄ ရက်ကြာသည့် အချိန်တွင် အနံ့များထွက်လာသဖြင့် သက်ဆိုင်ရာ မိသားစုဝင်များ သိရှိရန် ၎င်းတို့ လူမှုကွန်ယက် Facebook Page တွင် ရေးသားတင်ပြခဲ့ကြောင်း TNPDF က ဆိုသည်။

“ခုရက်ပိုင်း ကြက်မွေးမြုုရေးခြံက ထွက်တဲ့ ကြက်ချေးအနံ့နဲ့ အပုတ်နံ့တွေကြောင့် သက်ဆိုင်ရာ မိသားစုကို သိရှိ စေချင်လို့ ကျနော်တို့ Page မှာ ထုတ်ပြန်ခဲ့ပါတယ်၊ မနေ့ည (ဇန်နဝါရီလ ၉ ရက်)မှာတော့ ဝဋ်ကြွေးပြေ စေတီအနီး စခန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေကနေ အလောင်းကို လာရှင်းသွားတယ်လို့ သိရပါတယ်” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

TNPDF သည် သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့နယ်အတွင်း အခြေစိုက် လှုပ်ရှားနေသည့် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခု ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...