Tuesday, January 27, 2026

မူဆယ်မြို့နယ်တွင် ရဲယူနီဖောင်း အရောင်ဆင်တူ ဝတ်ပြီး လုယက်မှုများပြုလုပ်နေ

သျှမ်းပြည်မြောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် မူဆယ်မြို့တွင် ရဲယူနီဖောင်း အရောင်ဆင်တူ ဝတ်ထားပြီး နေ့ခင်းအချိန် လုယက်မှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုံ

မူဆယ်မြို့ပြင် ၁၀၅ မိုင်အနီးတဝိုက် ကားလမ်းမကြီးပေါ်တွင် ရဲယူနီဖောင်းနှင့် ဆင်တူအရောင် ဝတ်ဆင်ထားသည့် လူတစ်စုက လမ်းသွားလမ်းလာများထံ ဆိုင်ကယ်နှင့် ပိုက်ဆံအိတ်ကို လုယူလေ့ရှိကြောင်း သတင်းသိရသည်။

“သူတို့က ၄ ယောက်လား ငါးယောက်လား မသိဘူး၊ ရဲ ဘောင်းဘီနဲ့ အင်္ကျီကတော့ ရိုးရိုးပဲ၊ စကားပြောစက် ပါတယ်၊ အဲ့လို အလုခံရတဲ့သူတွေရှိတယ်” ဟု ၁၀၅ မိုင် အနီးတွင် နေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီး မောင်းလာသည့် ဆိုင်ကယ်တစ်စီးကို စစ်ဆေးသည့် ပုံသဏ္ဌန်ဖြင့်တားပြီး သော့နှင့် ပိုက်ဆံအိတ်ကို လုယူထွက်ပြေးကြောင်း သိရသည်။

“ဆိုင်ကယ်ပေါ်က ဆင်းခိုင်းပြီးတော့ စစ်ဆေးဖို့လုပ်သလိုနဲ့ ပိုက်ဆံအိတ်ကို အရင်လုယူတယ်၊ နောက်တော့ ဆိုင်ကယ်သော့ကို ထပ်လုတယ်၊ အမျိုးသမီးက လန့်ပြီး အော်လည်းအော် ရနိုင်သမျှပြန်လုတော့ ဆိုင်ကယ်သော့က ပြန်ရပါတယ်၊ အော်သံကြားလို့ လူတွေဝိုင်းဖို့လာတော့ သူတို့ ထွက်ပြေးသွားတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ လုယက်သူတစ်စုသည် ပြည်သူများသတိမပြုမိသည့် အချိန်တွင် ကားတစ်စီးနှင့် လာတတ်ပြီး Mask (နှာခေါင်းစည်း) တပ်ထားသည့်အတွက် မည်သူမည်ဝါဖြစ်မှန်းလည်း မသိရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်အပြင် တိုင်းရင်းသားလက်နက်ကိုင်များရှိသည့် မူဆယ်မြို့တွင် နေ့ခင်းအချိန်မှာလည်း လုယက်မှု ဖြစ်ပွားသည့်အတွက် တရားဥပဒေစိုးမိုးမှုမရှိခြင်း လုံခြုံမှု မရှိခြင်းကို ပြသနေကြောင်းလည်း ဒေသခံတချို့က ပြောဆို ဝေဖန်နေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မူဆယ် – ၁၀၅ မိုင်ကြား ကားဘရိတ်ပေါက်ပြီး လူတိုက်မိ၊ ၂ ဦးသေဆုံး ၈ ဦးဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ် - ၁၀၅ မိုင်လမ်းပိုင်းတွင် ၆ ဘီးကား တစ်စီး ဘရိတ်ပေါက်ပြီး လမ်းသွားနေသည့် လူများကို တိုက်မိရာ နှစ်ဦးသေဆုံးကာ ရှစ် ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ( ဒီဇင်ဘာလ ၁၄ ရက်) ညနေ ၃ နာရီဝန်းကျင်...

လူသုံးကုန်ပစ္စည်း တင်ဆောင်ခွင့်ပိတ်ပြီးနောက် ကားသမားများ အလုပ်အကိုင် ကြပ်တည်းလား

0
စစ်ကော်မရှင်တပ်မှ လူသုံးကုန်ပစ္စည်းများ တင်သွင်းခွင့် လက်ဆက် ပိတ်ပင်ထားခြင်းကြောင့် သျှမ်းပြည် အ‌ရှေ့ပိုင်းနှင့် တောင်ပိုင်းသို့ သွားလာနေသည့် ကားသမားများ အလုပ်အကိုင် ကြပ်တည်းမှု ကြုံတွေ့လာကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်မှ စတင်ပြီး စစ်ကော်မရှင်လက်အောက်ခံ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီ၏ လမ်းညွှန်ချက်အရ နယ်စပ်ဂိတ်၊...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...