သျှမ်းပြည် မြောက်ပိုင်း မူဆယ် – ၁၀၅ မိုင်လမ်းပိုင်းတွင် ၆ ဘီးကား တစ်စီး ဘရိတ်ပေါက်ပြီး လမ်းသွားနေသည့် လူများကို တိုက်မိရာ နှစ်ဦးသေဆုံးကာ ရှစ် ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။
ယမန်နေ့ ( ဒီဇင်ဘာလ ၁၄ ရက်) ညနေ ၃ နာရီဝန်းကျင် မူဆယ် – ၁၀၅ မိုင်လမ်းပိုင်းရှိ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ဗြုန်းကျောက်သယ်ဆောင်သည့် ၆ ဘီးကား တစ်စီး ဘရိတ်ပေါက်ပြီး လမ်းသွားနေသော လူများကို တိုက်မိရာ နှစ် ဦးသေဆုံးပြီး ရှစ် ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မူဆယ်မြို့နယ် ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။
“သေတာကတော့ ၂ ယောက်သေတယ်။ထိခိုက်တဲ့လူတွေကလည်း ၈ ယောက်လောက်ရှိမယ်။အဲ့ ၆ ဘီကားကြီးက ဘရိတ်ပေါက်ပြီး လူတွေကိုတိုက်မိပြီး မှောက်သွားတာ။အခုဖြစ်သွားတဲ့နေရာကလည်း ခဏခဏဖြစ်ကြတယ်။ အဲ့နေရာက ကုန်အဆင်းကြီးလည်း ဖြစ်နေတယ်။”ဟု မူဆယ်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ ဗြုန်းကျောက်သယ်ဆောင်လာသည့် ၆ ဘီးကား တိမ်းမှောက်ခဲ့သည့်နေရာတွင် မြောက်ပိုင်း ညီနောင် မဟာမိတ်တပ်ဖွဲ့ စစ်ဆေးရေးဂိတ် ရှိသည့်နေရာြဖစ်ပြီး မူဆယ်မြို့နှင့် ၄ မိုင်ဝန်ကျင်သာဝေးကြောင်းသိရသည်။












Leave a Comments