Friday, June 2, 2023

လဲချားမြို့သို့ ဆန်နှင့် စားနပ်ရိက္ခာ သယ်လာသည့် ယာဥ်များထံ စစ်ကောင်စီ ငွေကြေး ကောက်ခံ

Must read

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်အနီးတွင် ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ကြိုတင်တိမ်းရှောင်သည့် အနေဖြင့် မြို့ပေါ်သို့ ဆန်နှင့် စားနပ်ရိက္ခာတချို့ သယ်လာသည့် ပြည်သူ့ယာဥ်များထံ စစ်ကောင်စီတပ်သားများက ငွေကြေးကောက်ခံနေကြောင်း သတင်းသိရသည်။

တိုင်ရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်ပွားနေသည့် မိုင်းကိုင်မြို့နှင့် နီးစပ်သည့် လဲချားမြို့ နယ်မှ တက်မောက်ကျေးရွာ၊ ဟိုလုမ်းကျေးရွာ၊ နမ့်လေကျေးရွာမှ ပြည်သူများသည် တိုက်ပွဲ ဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် စားနပ်ရိက္ခာများ မြို့တွင်းသို့ သယ်ဆောင်လာရာ ဂိတ်စောင့်စစ်ကောင်စီ တပ်သားတို့က ငွေကြေး တောင်းခံနေကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရိက္ခာတွေ သယ်လာတဲ့ လက်ရှိကျေးရွာတွေက တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ အရမ်းနီးတယ်၊ အဲ့ကြောင့် စိုးရိမ်လို့ ကြိုတင်ရှောင်တဲ့အနေနဲ့ သယ်လာတာ၊ နမ့်တိန်းတံတားမှာ စောင့်တဲ့ စစ်သားတွေက ပိုက်ဆံ တောင်းတယ်၊ ယာဥ်တစ်စီး တစ်ခေါက်ကို ၁၀၀၀ ကနေ ၃၀၀၀ ထိတောင်းတယ်” ဟု လဲချားမြို့နေ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လဲချားမြို့နယ်နှင့် နီးနေသည့် မိုင်းကိုင်မြို့နယ်အတွင်းတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ စတင်ပြီး ယနေ့ချိန်ထိ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် (၂၀၀၀) ကျော်သည် အကူအညီများ လိုအပ်နေကြောင်းလည်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article