Saturday, February 21, 2026

CATEGORY

သတင်း

ကျောက်မဲတွင် စစ်ရှောင် (၄၀၀၀)ကျော် နေရပ်မပြန်နိုင်သေး

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းဖြစ်ပွားသည့် တိုက်ပွဲကြောင့် နေရပ်မပြန်နိုင် သေးသည့် စစ်ရှောင် (၄၀၀၀)ကျော် ရှိနေကြောင်း သတင်းရရှိသည်။ ကျောက်မဲမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် သျှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုဖြစ်သည့် SSPP/SSA ၊ TNLA တို့ တိုက်ပွဲပြင်းထန်ခဲ့မှုကြောင့်...

ကွမ်လုံ-သိန္နီ ကြားရှိ ပြည်သူပိုင်လယ် နှင့် ခြံများ စစ်ကောင်စီတပ် နေရာယူထား

သျှမ်းပြည် မြောက်ပိုင်းကွမ်လုံ-သိန္နီ အစပ်နားရှိ နားတီးကျေးရွာတွင် ပြည်သူပိုင် လယ်နှင့် ခြံများထဲ တဲများ၌ စစ်ကောင်စီတပ်တို့သည် တပ်စွဲနေရာယူထားပြီး ပြည်သူများကို သွားလာခွင့်ပိတ်ထားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် တစ်ပတ်ခန့်မှ စတင်ကာ မည်သည့် အရပ်ဒေသမှ လာရောက်မှန်းမသိသော စစ်ကောင်စီတပ်သား တစ်ရာခန့်သည် နားတီးကျေးရွာအပြင်ဖက်ရှိ လယ်ကွက်နှင့် ခြံများတွင် နေရာထားသည့်...

နမ္မတူ လိမ္မော်သီးစိုက်တောင်သူများ ဈေးကွက်မရှိမှာ စိုးရိမ်နေ

သျှမ်းမြောက် နမ္မတူမြို့နယ်အတွင်းရှိ ကိုဗစ်နှင့် လက်နက်ကိုင် တိုက်ပွဲများကြောင့် လိမ္မော်သီးစိုက်တောင်သူများသည် တင်ပို့ ရောင်ချခွင့် အတွက် စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ နမ္မတူမြို့နယ်တွင် ကိုဗစ်နှင့် တိုင်းရင်းသားလက်နက်ကိုင်ကြားတိုက်ပွဲများဖြစ်ပွားကာ လမ်းကြောပိတ်ဆို့နေသဖြင့် မကြာမီ လိမ္မော်သီးရာသီရောက်ပါက သီးနှံရောင်းချရန် ခက်ခဲမည်ကို စိုးရိမ်နေကြောင်း လိမ္မော်ခြံပိုင်ရှင်များက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အသီးရောင်းရဖို့က မလွယ်ဘူး၊ ရောဂါတွေကြောင့်လည်းပါတယ်၊...

မိုင်းတုံမြို့နယ် နားကောင်းမူး ပျံကျဈေးသည်များထံ ဈေးခွန်ပိုကောက်နေ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် နားကောင်းမူးတွင် ပျံကျဈေးသည်များကို ယခင်ထက်ပိုပြီး အခွန်ကောက်ယူ သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ နားကောင်းမူးဈေးတွင် စက်တင်ဘာ (၁) ရက်မှ စပြီး ပျံကျဈေးသည်များကို ယခင်ထက် (၂) ဆ ဆိုင်ခန်းခ အခွန်များကို ပိုကောက်ယူလာကြောင်း၊ ယခင်ကပျံကျဈေးသည်များအတွက် (၁၀) ဘတ် (မြန်မာငွေ ၅၀၀ကျပ်)...

အာခါတိုင်းရင်းသားဝန်းကြီးဟောင်း ဦးယာကုပ် အကြမ်းဖက် ဥပဒေဖြင့် အမှုဖွင့်ခံရ

စစ်အာဏာသိမ်းမှုကို လက်မခံသည့် အာခါတိုင်းရင်းသားရေးရာဝန်ကြီးဟောင်း ဦးယာကုပ် ကို စစ်ကောင်စီမှ အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် အာခါတိုင်းရင်း သားရေးရာ ဝန်ကြီးအဖြစ် ရွေးချယ်ခံရသည့် NLD ပါတီမှ ဦးယာကုပ်အား အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ စရဖ(စရတ)က စက်တင်ဘာလ ၂၀ ရက်တွင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဖြင့်...

တရားမျှတမှု မရရှိဘဲ ဝဋ်ကြွေးလို့ ဖြေသိမ့်နေရတဲ့ သျှမ်းကိုရင်လေးဘဝ

“ သားလေး သေပြီလို့ ကြားလိုက်ရချိန်မှာ ကျမ အရူးတယောက်လိုပဲ။ အရမ်းပြန်ချင်ပြီး သားကိုတွေ့ချင်တယ်။ လိုက်ပါသေချင်တယ်။ ရင်ထဲမှာ မီးတောက်လိုပဲ” လို့ ပူလောင်သောက တွေနဲ့ မိခင်ဖြစ်သူက ပြောလာပါတယ်။ သားလေးရဲ့ အနာဂတ် အတွက် တိုင်းတပါး ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေချိန် နေအိမ်မှာ ကျန်ရှိနေတဲ့ သားတော်...

မုံးကိုးမြို့ စစ်ရှောင်နှင့် ပရဟိတသမား (၁၀၀) ကျော် ကိုဗစ် ကူးစက်ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့အတွင်းရှိ စစ်ရှောင်များနှင့် ပရဟိတ (၁၀၀ )ကျော် ကိုဗစ်-၁၉ ကူးစက်ခံ နေရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာ ၂၃) ရက် အထိ မုံးကိုးမြို့အတွင်းရှိ စစ်ဘေးရှောင်စခန်းတွင် တည်းခိုနေထိုင် ရသည့် စစ်ရှောင် (၉၇) ဦး နှင့် ပရဟိတ...

ကျောက်မဲမြို့နယ် ဆီဘောက်ဆာကား ဓားပြတိုက်ခံရ

သျှမ်းမြောက် ကျောက်မဲမြို့နယ် ပင်တိန်ကျေးရွာ အနီးတွင် ပြီးခဲ့သည့် စက်တင်ဘာလ (၂၁)ရက် ညပိုင်းက ဆီဘောက်ဆာကားတစ်ဆီး ဓားပြတိုက်ခံရကြောင်း သတင်းရရှိသည်။ ကျောက်မဲမြို့နယ် ပင်တိန်ကျေးရွာ ရဲရွာရေအားလျှစ်စစ်ဓါတ်အားပေးစက်ရုံလမ်းခွဲအနီးတွင် စက်တင်ဘာ (၂၁)ရက် ည (၁၁)နာရီဝန်းကျင်က မန္တလေး မှ သိန္နီမြို့သို့ ပြေးဆွဲနေသည့် ဆီဘောက်ဆာကားတစ်စီး ဓားပြတိုက်ခံရတာဖြစ်ကြောင်း သိရသည်။ “ဓါးပြက...

တပ်ပေါင်းစုကို ထမင်းသွားပို့သူတစ်ဦး သေနတ်ထပ်မံပစ်ခံရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်လင်ကျေးရွာ ဒေသခံ အမျိုးသားတဦး တပ်ပေါင်းစုကို ထမင်းသွားပို့စဉ် လမ်းတွင် သေနတ်ပစ်ခံရကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၂၁ ညနေ ၃ နာရီခွဲက တပ်ပေါင်းစု (TNLA , SSPP) တို့ စခန်းချထားသည့်နေရာကို ထမင်းသွားပို့ပေးသည့် စိုင်းသန်းနိုင်သည် လွယ်ကုန်ရွာအဝင်တွင်...

နိုင်ငံရေးရှုပ်ထွေးမှု အခွင့်ကောင်းယူပြီး တရုတ်မှ သျှမ်းမြောက် နယ်မြေကျူးကျော်နေ

နိုင်ငံရေး အခြေအနေ ရှုပ်ထွေးနေမှုကို အခွင့်ကောင်းယူကာ တရုတ်နိုင်ငံသည် သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်းမြို့ဘက်ခြမ်းသို့ နယ်မြေကျူးကျော်နေရာယူနေကြောင်းသတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဇူလိုင်လကုန်မှစတင်ကာ မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း မူဆယ် နှင့် နမ့်ခမ်းမြို့ နယ်အတွင်းသို့ တရုတ်နိုင်ငံမှ နယ်မြေကျူးကျော် ခြံစည်းရိုးခတ်ခဲ့မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံများပြောပြချက် အရသိရသည်။ ထိုနယ်မြေ ကျူးကျော်မှုကိစ္စကို သက်ဆိုင်ရာ ဘက်မှ...

Latest news