စစ်ရှောင်များကို ကူညီလက်ခံပေးမှုအပေါ် ဖိအားပေးမှုရှိလာပါက တုံ့ပြန်မှုပြုမည်ဟု PNLO ပြော

ကရင်နီမှ စစ်ဘေးရှောင်ပြည်သူများကို ကူညီလက်ခံပေးမှုအပေါ် ဖိအားပေးမှုများရှိပါက တတ်နိုင်သည့်ဘက်မှ လက်တုန့်ပြန်မှုများ ပြုမှုဖြစ်ကြောင်း PNLO တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကရင်နီဘက်က ပြည်သူတွေက ကျနော်တို့ရဲ့ အနီးစပ်ဆုံးမိတ်ဆွေ၊ ပြီးတော့ ညီအစ်ကိုတိုင်းရင်းသားအချင်းချင်း ပေါ့၊ ကျနော်တို့ရဲ့ အမျိုးအဆွေတွေကို ဒီလို ကူညီပေး လုပ်ပေးတဲ့အပေါ်မှာ ဖိအားပေးမှုတွေ ရှိလာရင်တော့ ကျနော်တို့က တတ်နိုင်တဲ့ နည်းလမ်းနဲ့ တုံ့ပြန်သွားဖို့ ရှိပါတယ်” ဟု PNLO မှ ခွန်သိန်းနီက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နယ်မြေအတွင်း ကရင်နီဘက်မှ စစ်ရှောင် လာသည့် ပြည်သူ (၂၀၀၀ မှ ၃၀၀၀) ကြား ရှိနေပြီး စစ်ရှောင်များကို လူသားချင်းစာနာထောက်ထားမှုနှင့် ညီအစ်ကို တိုင်းရင်းသားအချင်းချင်း ကူညီထောက်ပံ့မှုများ ပေးနေကြောင်း PNLO က ပြောသည်။

“လက်ရှိ PNLO/PNLA နယ်မြေထဲမှာ စစ်ရှောင် ၂၀၀၀ ကနေ ၃၀၀၀ အထိရှိလာတယ်၊ ဆိုင်ကယ်နဲ့လာနေတဲ့ သူတွေလည်း အများကြီးရှိလို့ ဦးရေထပ်တိုးနိုင်တဲ့ အခြေအနေရှိပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့မှာ ရှိနေတဲ့ စွမ်းအင်နဲ့ တတ်နိုင်သမျှ ကူညီပေးသွားပါမယ်” ဟု ခွန်သိန်းနီက ပြောသည်။

ပြီးခဲ့သည့် တစ်ပတ်အတွင်းမှ စတင်ကာ လွိုင်ကော်မြို့ပေါ်တွင် တိုက်ပွဲများ တောက်လျှောက်ဖြစ်ပေါ်ခဲ့ပြီး လွိုင်ကော်မြို့မှ ပြည်သူများ စစ်ဘေးရှောင်သည့် အနေဖြင့် သျှမ်းပြည်တောင်ပိုင်းကို ရောက်လာခဲ့ကြရာ PNLO/PNLA နယ်မြေအတွင်း ရောက်လာသည့် စစ်ရှောင်များကို ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက်နေ့မှ စတင်ကာ ကူညီမှုများ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လက်ရှိ ဖြစ်ပွားနေသည့် စစ်ကောင်စီဘက်မှ အကြမ်းဖက်လုပ်ရပ်များနှင့် တိုင်းရင်းသားဒေသအတွင်း အင်အားသုံး ထိုးစစ်ဆင်နေမှုများကို ရပ်တန်းကမရပ်နိုင်ပါက အခြေအနေများ ပိုမိုရှုပ်ထွေးလာနိုင်ကြောင်းလည်း ခွန်သိန်းနီက ဆက်လက်ပြောသည်။

“စစ်သလင်းဖြစ်သွားတဲ့ လွိုင်ကော်မြို့က ပြည်နယ်တစ်ခုရဲ့ မြို့တော်ပါ၊ အခုဖြစ်နေတာက တိုင်းရင်းသားတပ် ကနေ စစ်တပ်ကို သွားပြီး စ ပစ်နေတာ မဟုတ်ဘူး၊ စစ်တပ်တွေကသာ တိုင်းရင်းသားနယ်မြေကို လာပြီး ပစ်ခတ်နေလို့ ခုခံကာကွယ်တာက လုပ်ကို လုပ်ရမှာပဲလေ၊ တိုင်းရင်းသားတွေ ခုခံကာကွယ်တာကို စစ်တပ်တွေက အတင်းအဓ္ဓမ အနိုင်ကျင့် ဖိနှိပ်စော်ကားတာတွေ ရပ်တန်းကရပ်ဖို့လိုအပ်ပြီ၊ မရပ်ဘူးဆိုရင်တော့ မခံနိုင်တဲ့အခါမျိုးမှာ အခြေအနေတွေက တအားကို ရှုပ်ထွေးလာနိုင်တယ်” ဟု ခွန်သိန်းနီက ဆိုသည်။

ယမန်နေ့ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ဆီဆိုင်မြို့နယ်အတွင်း စစ်ဘေးရှောင်လာသော ကရင်နီမှ ပြည်သူများကို PNLO/PNLA တို့က ဆန်၊ ဆီ၊ ဆား နှင့် လူသုံးကုန်ပစ္စည်းတချို့ ကူညီပေးခဲ့ကြောင်းလည်း သိရသည်။

PNLO တွင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ ၊ ခွန်သူရိန် နှင့် ခွန်မြင့်ထွန်းတို့ ဦးဆောင်ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA)၌ ပါဝင်လက်မှတ် ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တစ်ခုလည်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...