Tuesday, April 16, 2024

ကရင်နီပြည် စစ်ကောင်စီ ထိုးစစ်ဆင်မှုကြောင့် စစ်ရှောင် ၁ သိန်း ၇ သောင်းကျော်ထိရှိ

Must read

ကရင်နီပြည် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့် သျှမ်းတောင် မိုးဗြဲ တို့တွင် စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုများ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာပြီး လက်ရှိမှာ လူဦးရေ ၁ သိန်း ၇ သောင်းကျော် စစ်ပြေးနေကြရကြောင်း အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB မှ သိရသည်။

ကရင်နီ စစ်ရှောင်

စစ်ပြေးဒုက္ခသည်များမှာ စားဝတ်နေရေးနှင့် နေရာထိုင်ခင်းများအတွက် ဒုက္ခရောက်နေကြပြီး လက်ရှိမှာ စစ်ပြေးဒုက္ခသည်များအတွက် စောင်၊ အနွေးထည်၊ မိုးကာ၊ အစားအသောက်နှင့် ရေသန့်များ လိုအပ်လျက်ရှိကြောင်းလည်း WLB ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ကုန်စည်ပို့ဆောင်မှု အခက်ခဲများရှိနေသောကြောင့် ဆန်၊ ဆီ၊ ဆားနှင့် အခြေခံ စားသောက်ကုန်များ ရေရှည်တွင် ပိုမိုလိုအပ်လာမည်ဟုလဲ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB ၏ အဖွဲ့ဝင် အဖွဲ့အစည်းများထံမှ သိရပါသည်။

အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုကို ဆန့်ကျင်သူတိုင်း ကရင်နီပြည် အပါအဝင် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကြောင့် အခက်အခဲ မျိုးစုံ ကြုံတွေ့နေရသည့် ဒေသအသီးသီးအတွက် မိမိတို့ တတ်နိုင်သည့်ဘက်မှ ဆက်လက်ပါဝင်ပေးရန်လည်း WLB က တောင်းဆိုထားသည်။

Leave a Comments

- Advertisement -spot_img

Latest article