လွိုင်ကော် မှ သျှမ်းတောင်သို့လာသည့် စစ်ရှောင်များကို PNO တပ်ဖွဲ့လမ်းတွင် စစ်ဆေးမှုပြုလုပ်

ကရင်နီပြည် (ကယား) လွိုင်ကော်မြို့ မှ ထွက်ပြေးလာကြသည့် စစ်ဘေးရှောင် ပြည်သူများကို ညောင်ရွှေမြို့နယ် ထီရိကျေးရွာတွင် ပအိုဝ်းအမျိုးသားအဖွဲ့အစည်း (PNO)တပ်ဖွဲ့က စစ်ရှောင်များကို စစ်ဆေးလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ ဇန်နဝါရီ ၉ ရက် လွိုင်ကော်မြို့နယ်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံများက ထွက်ပြေးတိမ်းရှောင်လာရာ PNO တပ်ဖွဲ့က လမ်းတွင် ပိတ်ပြီး စစ်ဆေးမှု ပြုလုပ်ကြောင်း သတင်းရရှိသည်။

“မနေ့ကတော့ လမ်းတွေပိတ်ထားတာ။ ကျနော်တို့ တပ်ဖွဲ့နဲ့ သွားညှိလိုက်လို့ အခုတော့ ပြန်ပေးသွားပြီလို့ပြောတယ်။ ပိုက်ဆံကောက်ယူတာတွေလည်းရှိတယ်။ သူတို့ ကောက်ခံ စစ်ဆေးတာက ဖယ်ခုံ အရှေ့ဘက်ကမ်းဒေသနဲ့ နီးတယ်။ ဒီနေ့ထိတော့ စစ်ဆေးမှုတွေ ရှိနေသေးတယ်တဲ့” ဟု ဖယ်ခုံမြို့ PDF တပ်ဖွဲ့ဝင်တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိအချိန်ထိ လွိုင်ကော်မြို့နယ်အတွင်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသဖြင့် ယနေ့ (ဇန်နဝါရီ ၁၀)ရက်မှာလည်း ပြည်သူများ ထပ်မံ ထွက်ပြေးတိမ်းရှောင်လာနေကြောင်း၊ ယနေ့ထိ PNO တပ်ဖွဲ့မှ လမ်းတွင် စစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေကြောင်း ထွက်ပြေးတိမ်းရှောင်လာသူတစ်ဦးက ပြောသည်။

“ဒီနေ့ထိလည်း စစ်ရှောင်တွေက ထွက်ပြေးနေကြသေးတယ်။ အခုထိ ထွက်ပြေးလာတာတွေ ရှိနေသေးတယ်။ လမ်းမှာလည်း PNO တပ်ဖွဲ့တွေက စစ်ဆေးနေတာတော့ရှိတယ်။ ရန်ပုံငွေ ဆိုပြီး ပိုက်ဆံတောင်းတာတွေရှိတယ်” ဟု လွိုင်ကော်မှ ထွက်ပြေးလာသူတစ်ဦးက ပြောသည်။

လွိုင်ကော်မြို့နယ်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲပြင်းထန်လျက်ရှိပြီး ဒေသခံ ထောင်ချီ အိုးအိမ်ကို စွန့်ခွာပြီး ထွက်ပြေးနေလျက်ရှိသည်။

ယမန်နေ့ညထိ စစ်ကောင်စီ တပ်ဖွဲ့မှ လွိုင်ကော်မြို့အနီးတဝိုက်တွင် ရဟတ်ယာဉ် အသုံးပြုပြီး ပစ်ခတ်မှုရှိနေသဖြင့် ပြည်သူများ ထိတ်လန့်ကာ ထွက်ပြေးနေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

စစ်တပ်ထိန်းချုပ် လွိုင်ကော်မြို့ သူခိုးသောင်းကျန်း

0
စစ်ကော်မရှင်တပ် ထိန်းချုပ်ထားသည့် ကရင်နီ(ကယားပြည်) လွိုင်ကော်မြို့တွင် သူခိုးများ သောင်းကျန်းနေပြီး၊ နေရပ်ပြန် စစ်ရှောင်များသည် သူခိုး၏ရန်ကို ကြောက်နေရကြောင်း သတင်းရရှိသည်။​ စစ်ကော်မရှင်တပ်သည် လွိုင်ကော်မြို့ကို ၂၀၂၄ခုနစ် ဇွန်လတွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဂ ၂၀၂၅ခုနစ်တွင် အခြားဒေသသို့ ထိန်းချုပ်သွားသည့် ဒေသခံများကို နေရပ်ပြန်နေထိုင်ရန်နှင့် ပြန်လည်မနေထိုင်လျှင် မြေသိမ်းမည်ဟု ခြိမ်းခြောက်ခဲ့သည်။ ထိုခြိမ်းခြောက်မှုကြောင့် စစ်ဘေးရှောင်များလည်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...