သျှမ်းတောင် တောင်ကြီးခရိုင်ရောက် စစ်ရှောင်များ အစားအသောက် အရေးပေါ်လိုအပ်

ကရင်နီပြည်မှ စစ်ရှောင်လာသည့် ပြည်သူများသည် သျှမ်းတောင် တောင်ကြီးခရိုင်အတွင်းသို့ တိမ်းရှောင်ရောက်ရှိလာပြီး အစားအသောက်များ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

TBC ကားကွင်းရောက် စစ်ရှောင်များ

လက်ရှိ စစ်ရှောင်များကို တောင်ကြီးမြို့ပေါ်ရှိ TBC ကားကြီးဝင်းအတွင်း ထားရှိပြီး ညောင်ရွှေမြို့နယ် အင်းလေးဒေသ နမ့်ပန်ကျေးရွာအတွင်းတွင်လည်း စစ်ရှောင် အများအပြား ရောက်ရှိနေကြောင်း စုံစမ်းသိရှိရသည်။

“ခုလောလောဆယ် စစ်ရှောင် စာရင်းအတိအကျ မသိရသေးဘူး။ အစားသောက်တွေတော့ လိုအပ်တယ်” ဟု တောင်ကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

သျှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ နမ့်ပန်ကျေးရွာအတွင်း ကရင်နီပြည်ဘက်မှ တိမ်းရှောင်လာသည့် စစ်ရှောင် အများအပြားရှိနေကြောင်း စုံစမ်းသိရှိရသည်။

ထို နမ့်ပန် ရပ်ကွက် (၃)မှ အုပ်ချုပ်ရေးမှူးသည် စစ်ရှောင်များ၊ ဧည့်သည်များကို လက်မခံရန် ဇန်နဝါရီ (၉)ရက်က လော်စပီကာဖြင့် လိုက်လံ နှိုးဆော်ခဲ့သော်လည်း ယနေ့ ဇန်နဝါရီ (၁၀)ရက်မှာတော့ စစ်ရှောင်များအား လက်ခံခွင့်ပြု လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

“အမျိုးတွေ ပြန်လက်ခံလို့ရပြီ။ နေရာတွေလည်း ချထားပြီးပြီ၊ ဓမ္မာရုံတွေမှာလည်း မီးတွေ လုပ်ထားပေးပြီးပြီ ဆိုတာတွေကို ပြန်လာပြောတာတွေ ရှိတယ်လို့ ကြားတယ်။ အိမ်တွေမှာ လာပြောတယ်လို့ ကြားတယ်။ တခြားရွာတွေ လက်ခံတယ်။ ဒီရွာပဲ နမ့်ပန် ရပ်ကွက် (၃)ပဲ လက်မခံတာ။ ဒီမနက်တော့ ပြန်လက်ခံလို့ရပြီ ဆိုပြီး လာပြောတာရှိတယ်” ဟု နမ့်ပန်ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကရင်နီပြည် လွိုင်ကော်မြို့ပေါ်ထိ အာဏာသိမ်း စစ်ကောင်စီမှ တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်နှင့် တင့်ကားများကို အသုံးပြုပြီး တိုက်ခိုက်မှုများ ပြုလုပ်သဖြင့် ဇန်နဝါရီ (၉)ရက်နေ့က ပြည်သူများ ဘေးလွတ်ရာ သျှမ်းတောင်ဘက်သို့ အများအပြား ရွှေ့ပြောင်းလာကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...