တောင်ကြီးမြို့ အိမ်ရှင်တချို့ အိမ်ငှားခ ငွေအဆမတန် တောင်းနေ

သျှမ်းတောင် တောင်ကြီးမြို့ပေါ်ရှိ တချို့ အိမ်ရှင်များသည် ကရင်နီပြည်မှ ထွက်ပြေးလာသည့် စစ်ရှောင်များထံ အိမ်ငှားခငွေ အဆမတန် ပိုတောင်းနေကြောင်း စုံစမ်းသိရသည်။

တောင်ကြီး

ကရင်နီပြည် လွိုင်ကော်မြို့ပေါ်ထိ အာဏာသိမ်းစစ်ကောင်စီ အုပ်စု က ရဟတ်ယာဉ်၊ တိုက်လေယာဉ် ၊တင့်ကား တို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူများသည် သျှမ်းတောင်ဘက်သို့ ထွက်ပြေးတိမ်းရှောင် လာကြ ကြောင်း သိရသည်။

“တိုက်ပွဲတွေက မြို့ပေါ်ထိ ပစ်ခတ်နေတော့ ကျမတို့ က တောင်ကြီးကို ပြောင်းကြ၊ အိမ်တွေကြိုငှားခိုင်းရတယ်။ မနေ့က ၈သောင်းကျပ် ဆိုပြီး ပြောတယ်။ ဒီနေ့ မနက်ကျတော့ တသိန်း၈သောင်းကျပ် တောင်းတယ်။ နောက်ဆုံးတော့ ညှိရင်းနဲ့ တသိန်းခွဲနဲ့ ၃လစာချုပ်ရသွားတယ်” ဟု လွိုင်ကော်မှ စစ်ရှောင်ထွက်လာသည့် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြည်သူများအနေဖြင့် အခက်အခဲမျိုးစုံကြားထွက်ပြေးလာချိန် တချို့ အိမ်ရှင်များ၏ အဆမတန် ငွေကြေး ကောက်ခံမှုကြောင့် စိတ်မကောင်းဖြစ်ရကြောင်း၊ တချို့ထွက်ပြေးလာသည့်သူများမှာ စုထားသည့် ငွေကြေးရှိကြသော်လည်း ငွေကြေးမသက်နိုင်သည့် သူများစွာရှိကြောင်း၊ ကိုယ်ချင်းစာစိတ်ထားပေးရန် လည်း စစ်ရှောင် အမျိုးသမီး က ပြောသည်။

တောင်ကြီး

“ ဒီချိန်က အခက်အခဲဖြစ်နေတာ။ တချို့က အရမ်း အခက်အခဲဖြစ်နေကြတာလေ။ မနေ့ကျတော့ တမျိုး ဒီမနက်ကျတော့ ငွေပိုတောင်းတာတွေ မလုပ်စေချင်ဘူး။ လူတိုင်းက သောကတွေဖြစ်နေတာလေ” ဟု တောင်ကြီးမြို့တွင်နေထိုင်သည့် အမျိုးသားတစ်ဦးကပြောသည်။

တောင်ကြီးမြို့ရပ်ကွက်တိုင်း တွင် အိမ်ငှားခ ငွေ အဆမတန်တောင်းခံနေကြောင်း၊ ယခင် ၈သောင်းကျပ်တန် အိမ်ခန်းကို ကျပ်ငွေ ၃သိန်းထိ တောင်းခံမှုရှိကြောင်း၊ထို့အပြင် ၃လ၊ ၆လ စာချုပ်ချုပ်ရကြောင်း တောင်ကြီး ဒေသခံများက ပြောသည်။

” အရင် တလ ၈သောင်းကျပ်တန်ကနေ အခု ၃သိန်းကျပ်ထိ မြင့်တက်သွားတာပဲ။ ရပ်ကွက်တိုင်းလိုလိုပဲ။ နောက် စစ်ရှောင်တွေကို မငှားပေးချင်တဲ့သဘောလားတော့မသိဘူး။ ရပ်ကွက်တွေမှာတော့ တင်းကြပ်မှုတွေရှိတယ််။ အိမ်ငှားခမယူဘဲ ကူညီတာကရှိတော့ရှိတယ်။ နည်းတယ်” ဟု တောင်ကြီးဒေသခံ အသက် ၃၀ကျော် ရှိ အမျိုးသမီး တစ်ဦးက ပြောသည်။

တောင်ကြီးမြို့ နယ်အတွင်း တချို့ အိမ်ငှားကြောင့် စစ်ဘေးရှောင်များသည် အခက်အခဲဖြစ်ပွားနေပြီး နေစရာလိုအပ် နေသည်ဟု လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားလိုက်သည့်အတွက် အကူအညီပေးမည့်သူများ လည်း များစွာပေါ်လာကြောင်းသိရသည်။

လွိုင်ကော်မြို့ အတွင်း အာဏာသိမ်းစစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တို့ကြားတိုက်ပွဲ ပြင်းထန်လာသည့်အတွက် သျှမ်းတောင်ဘက်သို့ ပြည်သူများ တရိပ်ရိပ်ပြောင်းရွှေ့လာကြခြင်းဖြစ်ကြောင်း သိရသည်။

“ လွိုင်ကော်မြို့ထဲသို့ နည်းနည်းအဆင်ပြေသေးတယ်။ မနက်ဖန်ထိစောင့်ကြည့်မယ် အဆင်မပြေရင်တော့ တောင်ကြီးဘက် ပြောင်းနေရမယ်။ လက်နက်ကြီးသံက ဆက်တိုက် ရဟတ်ယာဉ်သံရောဆိုတော့ ကလေးတွေ က လန့်နေတယ်” ဟု လွိုင်ကော်မြို့တွင်နေထိုင်သည့် အသက် ၃၅နှစ်အရွယ် အမျိုးသမီး တစ်ဦးက ပြောသည်။

တိုက်ပွဲများပြင်းထန်နေသည့် လွိုင်ကော်မြို့တွင် မြို့အ၀င်အထွက်နှင့် လွိုင်ကော်-ဆီဆိုင်-တောင်ကြီး အသွားလမ်း တစ်လျှောက် စစ်ကောင်စီတပ်သားများက နေရာယူထားပြီး တချို့သောခရီးသည်ကားများကို စစ်ကောင်စီတို့က ပစ်ခတ်သဖြင့် စစ်ရှောင်ရန်အတွက်လာသောတချို့ပြည်သူများသည် စစ်မြေပြင်တွင် ကျန်ရှိနေသေးကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...