Tuesday, January 27, 2026

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နမ့်မယ်ခုံရွာ အမျိုးသမီးတစ်ဦး သေဆုံ

ကရင်နီ (ကယားပြည်) တွင် ယမန်နေ့ (ဇန်နဝါရီ ၉)ရက်တွင် အာာဏာသိမ်း စစ်ကောင်စီ မှ လေကြောင်းဖြင့် တိုက်ခိုက်ကာ ဒီးမော့ဆိုမြို့နယ် နမ့်မယ်ခုံကျေးရွာတွင် ပြည်သူပိုင် အဆောက်အအုံများစွာ ထိခိုက်ပျက်စီးပြီး အသက် ၅၅ နှစ် အရွယ်ရှိ အမျိုးသမီး သေဆုံးသွားကြောင်း သတင်းသိရသည်။

စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်များ

ယမန်နေ့ ဇန်နဝါရီလ ၉ ရက်နေ့ မနက်ပိုင်းတွင် စစ်ကောင်စီတို့သည် ဒီးမော့ဆိုမြို့နယ်အတွင်းကို ရဟတ်ယာဉ်ဖြင့် (၃) ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ညအချိန်တွင်လည်း လေကြောင်း တိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့ကြောင်း မြေပြင်ဖြစ်စဥ်များကို သိရှိသည့် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနက်ကလည်း ၁၀ ခေါက်ကျော် လေယာဥ်နဲ့ လာပစ်သွားပြီးပြီ၊ နောက် ညဘက်မှာလည်း လေယာဥ်နဲ့ ပြန်လာပစ်တယ်၊ လွိုင်ကော် အမြှောက်တပ်ကနေ ဒီးမော့ဆိုထဲကို လက်နက်ကြီးနဲ့ ထပ်ပစ်တယ်၊ မနေ့ညက ပစ်တဲ့အသံကြောင့် အမျိုးသမီးကြီး တစ်ဦးက ထိတ်လန့်ပြီး နှလုံးရပ်ပြီးတော့ သေဆုံးသွားရတယ်” ဟု ၎င်း က ပြောသည်။

ယင်းပစ်ခတ်မှုများကြောင့် အသက် ၅၅ နှစ်အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦးသည် ပုန်းခိုနေရာမှ လက်နက်ကြီး သံများ အဆက်မပြတ်ကြားနေရသည့်အတွက်ကြောင့် ထိတ်လန့်ပြီး အသက်ရှုရပ်ကာ သေဆုံးသွားရကြောင်း သိရသည်။

“သူ့အိမ်ပေါ်ကိုလည်း လက်နက်ကြီးကျတယ်၊ အဲ့ကြောင့် စိတ်ထိခိုက်တာလည်းပါမယ်၊ ပြီးတော့ လက်နက်ကြီးတွေက အဆက်မပြတ်ပစ်နေတော့ မခံနိုင်တာလည်း ပါမယ်၊ အသက်ကြီးနေပြီဆိုတော့လေ၊ သူသေဆုံးတဲ့အချိန် သူ့သားက ဘေးနားမှာ ရှိနေပါတယ်” ဟု ဒီးမော့ဆိုမြို့နယ် အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့(ဇန်နဝါရီ ၁၀)ရက် လက်ရှိအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်သည့် ကရင်နီပြည်အတွင်း ရမ်းသမ်းပစ်ခတ်မှု၊ ရဟတ်ယာဉ်အသုံးပြု တိုက်ခိုက်မှုကြောင့် ပြည်သူများသည် သျှမ်းပြည်တောင်ပိုင်းသို့ ထွက်ပြေးတိမ်းရှောင်လာကြပြီး ၎င်းတို့အတွက် အကူအညီများစွာ လိုအပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...