ဟဲဟိုးမြို့ ပစ်ခတ်မှု ဖြစ်ပြီးနောက် စစ်ကောင်စီမှ အင်းအားအများအပြား ချထား

သျှမ်းပြည်တောင်ပိုင်း ဟဲဟိုးမြို့တွင် ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် ယနေ့ (ဇန်နဝါရီလ ၁၀ )ရက်တွင် စစ်ကောင်စီမှ အင်အား အများအပြား ချထားကြောင်း သတင်းသိရသည်။

ဟဲဟိုးဆေးရုံဝန်းထဲနေရာယူထားသည့် စစ်ကောင်စီ

ယမန်နေ့ (ဇန်နဝါရီလ ၉ )ရက် ည ၁၁ နာရီကျော် ဝန်းကျင်တွင် ဟဲဟိုးမြို့ အနောက်ဘက်နှင့် အင်းထိပ်ခေါင်မယ်တို့ဘက်တွင် ပေါက်ကွဲသံနှင့် သေနတ်ပစ်ခတ်သံများ ကြားခဲ့ရကြောင်း ဟဲဟိုးမြို့နေ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဗုံးသံအရင်ကြားတာပါ၊ ကင်းလှည့်နေတဲ့ စစ်ကောင်စီ တပ်သားတွေကို ဗုံးနဲ့ ပစ်လိုက်တယ်လို့ ကြားရပါတယ်၊ နောက်တော့ အချင်းချင်းပစ်တဲ့ သေနတ်သံတွေ ထွက်လာတယ်၊ ဗုံးတွေရော၊ အချိန်က ၂၀ မိနစ်ဝန်းကျင် လောက်ပဲကြာပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပစ်ခတ်သံများ ငြိမ်သွားပြီးနောက် ခဏအကြာတွင် စစ်ကားများသည် ဟဲဟိုးမြို့ ဘူတာဘက်သို့ ဦးတည် မောင်းနှင်သွားပြီး ယနေ့ (ဇန်နဝါရီ ၁၀)ရက် မနက်ပိုင်းတွင် မြို့အဝင်အထွက်များနှင့် မြို့တွင်း အဓိကနေရာများတွင် စစ်ကောင်စီမှ အင်အားအများအပြား လာရောက်နေရာယူထားကြောင်း သိရသည်။

ဟဲဟိုးဆေးရုံဝန်းထဲနေရာယူထားသည့် စစ်ကောင်စီ

“ဘူတာနားမှာရယ်၊ မြို့ဝင်မြို့ထွက်ရယ်၊ ဆေးရုံနဲ့ ရဲစခန်းတွေမှာ လုံခြုံရေး အင်အားတွေ ချထားတယ်၊ မြို့ထဲမှာလည်း အရပ်ဝတ်နဲ့ သွားလာနေတဲ့ စစ်သားတွေ ရဲတွေ ရှိနေတယ်၊ လေယာဉ်ကွင်းသွားတဲ့ လမ်းတစ်လျှောက်မှာလည်း သူတို့စောင့်နေတယ်” ဟု ဟဲဟိုးမြို့ခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် ဟဲဟိုးမြို့တွင်း ကင်းလှည့်နေသော စစ်ကောင်စီတပ်သားအဖွဲ့ကို တခြားလက်နက်ကိုင် တပ်ဖွဲ့တစ်ခုမှ ဗုံးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခြင်းဟု အကြမ်းဖျင်း သိထားရသော်လည်း မည်သည့် အဖွဲ့အစည်းဖြစ်ကြောင်း မသိရှိရသေးပေ။

စစ်ကောင်စီတို့၏ အာဏာသိမ်းယူမှုကို တော်လှန်သည့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် စစ်ကောင်စီ တပ်တို့၏ တိုက်ပွဲသည် ကရင်နီပြည် ဘက်မှတစ်ဆင့် သျှမ်းပြည် တောင်ပိုင်းနယ်အတွင်း ရောက်ရှိလာနိုင်သည့် အခြေအနေများ ရှိနေသည့်အတွက် ပြည်သူများ အသွားအလာ သတိထားကြပါရန်လည်း သက်ဆိုင်ရာများက သတိပေး ပြောဆိုမှုများရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...