Wednesday, January 28, 2026

ဟဲဟိုးမြို့ ပစ်ခတ်မှု ဖြစ်ပြီးနောက် စစ်ကောင်စီမှ အင်းအားအများအပြား ချထား

သျှမ်းပြည်တောင်ပိုင်း ဟဲဟိုးမြို့တွင် ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် ယနေ့ (ဇန်နဝါရီလ ၁၀ )ရက်တွင် စစ်ကောင်စီမှ အင်အား အများအပြား ချထားကြောင်း သတင်းသိရသည်။

ဟဲဟိုးဆေးရုံဝန်းထဲနေရာယူထားသည့် စစ်ကောင်စီ

ယမန်နေ့ (ဇန်နဝါရီလ ၉ )ရက် ည ၁၁ နာရီကျော် ဝန်းကျင်တွင် ဟဲဟိုးမြို့ အနောက်ဘက်နှင့် အင်းထိပ်ခေါင်မယ်တို့ဘက်တွင် ပေါက်ကွဲသံနှင့် သေနတ်ပစ်ခတ်သံများ ကြားခဲ့ရကြောင်း ဟဲဟိုးမြို့နေ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဗုံးသံအရင်ကြားတာပါ၊ ကင်းလှည့်နေတဲ့ စစ်ကောင်စီ တပ်သားတွေကို ဗုံးနဲ့ ပစ်လိုက်တယ်လို့ ကြားရပါတယ်၊ နောက်တော့ အချင်းချင်းပစ်တဲ့ သေနတ်သံတွေ ထွက်လာတယ်၊ ဗုံးတွေရော၊ အချိန်က ၂၀ မိနစ်ဝန်းကျင် လောက်ပဲကြာပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပစ်ခတ်သံများ ငြိမ်သွားပြီးနောက် ခဏအကြာတွင် စစ်ကားများသည် ဟဲဟိုးမြို့ ဘူတာဘက်သို့ ဦးတည် မောင်းနှင်သွားပြီး ယနေ့ (ဇန်နဝါရီ ၁၀)ရက် မနက်ပိုင်းတွင် မြို့အဝင်အထွက်များနှင့် မြို့တွင်း အဓိကနေရာများတွင် စစ်ကောင်စီမှ အင်အားအများအပြား လာရောက်နေရာယူထားကြောင်း သိရသည်။

ဟဲဟိုးဆေးရုံဝန်းထဲနေရာယူထားသည့် စစ်ကောင်စီ

“ဘူတာနားမှာရယ်၊ မြို့ဝင်မြို့ထွက်ရယ်၊ ဆေးရုံနဲ့ ရဲစခန်းတွေမှာ လုံခြုံရေး အင်အားတွေ ချထားတယ်၊ မြို့ထဲမှာလည်း အရပ်ဝတ်နဲ့ သွားလာနေတဲ့ စစ်သားတွေ ရဲတွေ ရှိနေတယ်၊ လေယာဉ်ကွင်းသွားတဲ့ လမ်းတစ်လျှောက်မှာလည်း သူတို့စောင့်နေတယ်” ဟု ဟဲဟိုးမြို့ခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် ဟဲဟိုးမြို့တွင်း ကင်းလှည့်နေသော စစ်ကောင်စီတပ်သားအဖွဲ့ကို တခြားလက်နက်ကိုင် တပ်ဖွဲ့တစ်ခုမှ ဗုံးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခြင်းဟု အကြမ်းဖျင်း သိထားရသော်လည်း မည်သည့် အဖွဲ့အစည်းဖြစ်ကြောင်း မသိရှိရသေးပေ။

စစ်ကောင်စီတို့၏ အာဏာသိမ်းယူမှုကို တော်လှန်သည့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် စစ်ကောင်စီ တပ်တို့၏ တိုက်ပွဲသည် ကရင်နီပြည် ဘက်မှတစ်ဆင့် သျှမ်းပြည် တောင်ပိုင်းနယ်အတွင်း ရောက်ရှိလာနိုင်သည့် အခြေအနေများ ရှိနေသည့်အတွက် ပြည်သူများ အသွားအလာ သတိထားကြပါရန်လည်း သက်ဆိုင်ရာများက သတိပေး ပြောဆိုမှုများရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...