သျှမ်းတောင်သို့ ရောက်လာသည့် ကရင်နီပြည် စစ်ရှောင်များအတွက် နားခိုရန်နှင့် အစားအသောက် လိုအပ်နေ

ကရင်နီပြည် လွိုင်ကော်မြို့ပေါ်အထိ အာဏာသိမ်း စစ်ကောင်စီနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့တိုက်ပွဲများဆက်တိုက်ဖြစ်ပွားမှုကြောင့် ပြည်သူများသည် သျှမ်းတောင် အောင်ပန်း၊ ကလောနှင့် တောင်ကြီးမြို့ပေါ်များအထိ စစ်ဘေးရှောင်လာရကြောင်း သတင်းသိရသည်။

သျှမ်းတောင်သို့ ရောက်လာသည့် ကရင်နီပြည် စစ်ရှောင်များ

စစ်ဘေးရှောင်ရောက်ရှိလာသည့် ပြည်သူများသည် နေထိုင်တည်းခိုရန်အတွက် အိမ်များ၊ အခန်းများ ငှားရမ်းရာတွင် တချို့ နေအိမ်ပိုင်ရှင်များသည် ဈေးနှုန်းအဆမတန် တောင်းဆိုခြင်းများရှိသည့်အတွက် စစ်ဘေးရှောင်များအတွက် များစွာ အခက်ခဲရှိနေကြောင်း သတင်းသိရသည်။

“ဒီမနက်စောစော မြို့ထဲမှာ အိမ်ငှားပတ်ရှာတာ စစ်ဘေးရှောင်တွေ အတွက်ပါ ဆိုလည်း ဈေးတွေက သိန်းဂဏန်း တွေချည်းပဲ၊ လိုင်းပေါ်တင်ပြီး အကူညီတောင်းတော့မှ ကူညီတဲ့သူတွေပေါ်လာတယ်၊ အောင်ပန်း၊ ကလော၊ ပင်းတယတွေဘက်မှာလည်း ကူညီမယ်လို့ ပြောလာကြတာ များတယ်၊ အစောပိုင်းက ဈေးနှူန်းမြင့်တဲ့သူတွေလည်း ပြန်လျှော့ပေးကြတယ် ” ဟု စစ်ဘေးရှောင်များအတွက် အိမ်ငှားများ လိုက်လံရှာဖွေပေးသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းတောင်သို့ ရောက်လာသည့် ကရင်နီပြည် စစ်ရှောင်များ

စစ်ကောင်စီတို့သည် ကရင်နီပြည် လွိုင်ကော်မြို့ပေါ်ထိ ရဟတ်ယာဥ်နှင့် တိုက်လေယာဥ်များအပြင် တပ်သားအင်အားများစွာဖြင့် တင့်ကားများ အသုံးပြုကာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များကို တိုက်ခိုက်သည့်အတွက် ပြည်သူများ၏ အိုးအိမ် ပစ္စည်းများ ပျက်စီးကာ ဘေးကင်းရာသို့ ထွက်ပြေး တိမ်းရှောင်ရကြောင်း စစ်ဘေးရှောင်များကို အကူအညီပေးနေသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တိုက်ပွဲတွေက မြို့ထဲအထိ ပြင်းထန်လာတော့ နေလို့မရတော့ဘူးလေ၊ ဒီဖက်ကို အများကြီးပြောင်းလာတယ်၊ မနေ့ညကလည်း လာတဲ့သူရှိတယ်၊ ဒီနေ့ကတော့ အများဆုံးလာကြတယ်၊ ဒီဖက်က ကားတွေနဲ့ သွားကြိုပေးလို့ရတဲ့ နေရာဖြစ်ရင် သွားကြိုပေးတယ်” ဟု တောင်ကြီးမြို့မှ စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းတောင်သို့ ရောက်လာသည့် ကရင်နီပြည် စစ်ရှောင်များ

လက်ရှိ သျှမ်းပြည် တောင်ပိုင်းမှ မြို့နယ်များတချို့တွင် ရောက်ရှိလာသော ကယားပြည်ဘက်မှ စစ်ဘေးရှောင်များ ဆက်လက်ရှိနေသည့်အတွက် ၎င်းတို့ နားခိုရန်အတွက် အဆောက်အအုံများနှင့် အစားအသောက်များလည်း ဆက်လက် လိုအပ်နေသေးကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

တိုက်ပွဲများပြင်းထန်နေသည့် လွိုင်ကော်မြို့တွင် မြို့အ၀င်အထွက်နှင့် လွိုင်ကော်-ဆီဆိုင်-တောင်ကြီး အသွားလမ်း တစ်လျှောက် စစ်ကောင်စီတပ်သားများက နေရာယူထားပြီး တချို့သော ခရီးသည်ကားများကို စစ်ကောင်စီတို့က ပစ်ခတ်သဖြင့် စစ်ရှောင်လာသော တချို့ပြည်သူများသည် စစ်မြေပြင်တွင် ကျန်ရှိနေသေးကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ထိန်းချုပ် လွိုင်ကော်မြို့ သူခိုးသောင်းကျန်း

0
စစ်ကော်မရှင်တပ် ထိန်းချုပ်ထားသည့် ကရင်နီ(ကယားပြည်) လွိုင်ကော်မြို့တွင် သူခိုးများ သောင်းကျန်းနေပြီး၊ နေရပ်ပြန် စစ်ရှောင်များသည် သူခိုး၏ရန်ကို ကြောက်နေရကြောင်း သတင်းရရှိသည်။​ စစ်ကော်မရှင်တပ်သည် လွိုင်ကော်မြို့ကို ၂၀၂၄ခုနစ် ဇွန်လတွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဂ ၂၀၂၅ခုနစ်တွင် အခြားဒေသသို့ ထိန်းချုပ်သွားသည့် ဒေသခံများကို နေရပ်ပြန်နေထိုင်ရန်နှင့် ပြန်လည်မနေထိုင်လျှင် မြေသိမ်းမည်ဟု ခြိမ်းခြောက်ခဲ့သည်။ ထိုခြိမ်းခြောက်မှုကြောင့် စစ်ဘေးရှောင်များလည်း...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...