ကျိုင်းတုံ စစ်အာဏာရှင်ဆန့်ကျင်သူ ၇ ဦးကို စစ်ကောင်စီမှ ထောင်ဒဏ် ၃နှစ်စီချ
SHAN -
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ မှ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်သည့် အရပ်သား (၇)ဦးကို စစ်ကောင်စီမှ အမှုချလိုက်ပြီး ထောင်ဒဏ် (၃)နှစ် စီ ချလိုက်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့်...
သီပေါမြို့နယ် တိုင်းရင်းသားလက်နက်ကိုင်များ ပြည်သူအပေါ် အဓမ္မ ခိုင်းစေ
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ကျေးရွာဘက်တွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များက ပြည်သူများအပေါ် အဓမ္မ ခိုင်းစေခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို စည်းကမ်းမဲ့ ယူသုံးစွဲနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ သီပေါမြို့နယ် မြစ်ချောင်းဘက် အနီးတဝိုက်တွင် နေထိုင်သည့် ကျေးရွာများတွင် သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တို့က ပြည်သူများကို ခိုင်းစေပြီး...
မိုင်းကိုင် စစ်ရှောင် (၃၀၀၀) ရေလုံပြုတ်စားသောက်နေရ
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း စစ်ရှောင် (၃၀၀၀)ကျော် အခြေခံ မီးဖိုချောင်သုံးပစ္စည်းများ ပြတ်လပ်နေသဖြင့် ရေလုံပြုတ်စားသောက်နေရကြောင်း စုံစမ်းသိရသည်။ မိုင်းကိုင်မြို့နယ်အတွင်းရှိ ပန်ကေတုကျေးရွာအုပ်စုမှာ စစ်ဘေးရှောင် (၂၃၅၆)ဦးနှင့် ဟမ်းငိုင်း ကျေးရွာအုပ်စုမှာ (၁၀၀၀)ကျော် ရှိကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိ ပန်ကေတု ကျေးရွာအုပ်စုတွင် နေထိုင်သည့် စစ်ရှောင်များသည် မီးဖိုချောင်သုံးပစ္စည်းများဖြစ်သည့် ဆီ၊ ဆား၊...
ဒီးမော့ဆို စစ်ရှောင်များနှင့် ဆေးအကူများ ကိုဗစ်-၁၉ ကူးစက်ခံနေရ
SHAN -
ကယားပြည်(ကရင်နီပြည်)အတွင်းရှိ ဒီးမော့ဆို စစ်ဘေးရှောင်စခန်းတစ်ခုတွင် စစ်ဘေးရှောင်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ဆေးအကူစေတနာ့ဝန်ထမ်း ၂ ဦး ကိုဗစ် - ၁၉ ကူးစက်ခံနေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့မှ စတင်ပြီး စစ်ဘေးရှောင် (၁၀၀)ကျော်ရှိနေသည့် ဒီးမော့ဆိုမှ စစ်ဘေးရှောင် စခန်းတစ်ခုတွင် ကိုဗစ် -...
တောင်ကြီးမြို့ပေါ် သစ်ပင်ကြီများ သစ်ပင်ကြီများ ရမှုအပေါ်ဒေသခံများ စိုးရိမ်နေ
SHAN -
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် နှစ်ရှည်ပင်ကြီးများကို အဖွဲ့အစည်းတစ်ခုမှ ခုတ်လှဲမှုအပေါ်တွင် ဒေသခံများက စိုးရိမ်မှု ရှိနေကြောင်းသတင်းသိရသည်။ တောင်ကြီးမြို့သည် တောင်ပေါ်မြို့ဖြစ်သည့်အတွက် မြေအောက်ရေကိုသာ အဓိက အားထားနေရပြီး ယခုလို နှစ်ရှည်သစ်ပင်ကြီးများကို ခုတ်လှဲ ထုတ်ယူမှုများရှိနေသည့်အတွက် သဘာဝပတ်ဝန်းကျင်များထိခိုက်ပြီး ရေရှား ပါးမည့် အန္တရာယ်နှင့် ကြုံတွေ့မည်ကို စိုးရိမ်ကြောင်း ဒေသခံများက ဆိုသည်။ “ကျမတို့...
နေရပ်မပြန်နိုင်သည့် ကျောက်မဲစစ်ရှောင်များ လဲချားမှာ အခြေချရန်ပြင်ဆင်
SHAN -
မိုင်းကိုင်မြို့နယ်ထိ စစ်ရှောင်ထွက်ပြေးခဲ့သည့် ကျောက်မဲစစ်ရှောင်များ သျှမ်းတောင် လဲချားမြို့နယ်တွင် အခြေချ နေထိုင်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ က ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် RCSS/SSA နှင့် တပ်ပေါင်းစုတို့ တိုက်ပွဲပြင်းထန်ခဲ့မှုကြောင့် ဒေသခံထောင်ချီ စစ်ရှောင်ထွက်ပြေးခဲ့ရပြီး ကျောက်မဲ၊ မိုင်းငေါ့မြို့တို့အပြင် အခြားမြို့နယ် ဆွေမျိုးများရှိရာသို့ စစ်ရှောင်ခိုလှုံနေရသူများလည်း...
RCSS အပါအဝင် လက်နက်ကိုင်အများစု NCA(၆)နှစ်ပြည့် အခမ်းအနားတက်
စစ်ကောင်စီ ဦးဆောင်သည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် (၆) နှစ်မြောက် အခမ်းအနားကို RCSS/SSA အပါအဝင် လက်မှတ်ထိုးထားသည့် အဖွဲ့များ အများစု တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ အောက်တိုဘာ (၁၅) ရက်မှာ နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့်...
ကိုဗစ်ကူးစက်ခံ မိုင်းကိုင် စစ်ရှောင်အမျိုးသမီး ကလေးမွေးဖွားပြီး ၂ နာရီအကြာ သေဆုံး
SHAN -
သျှမ်းတောင် မိုင်းကိုင်မြို့နယ် ကိုဗစ်-၁၉ ကူးစက်ခံရသည့် မွေးဖွားစ စစ်ရှောင်အမျိုးသမီးတစ်ဦးသည် ကလေးမွေးဖွားပြီး (၂)နာရီအကြာ သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ မိုင်းကိုင်မြို့နယ် ယနေ့ (အောက်တိုဘာ ၁၄)ရက် ကိုဗစ်-၁၉ ကူးစက်ခံထားရသည့် မွေးဖွားစ စစ်ရှောင်အမျိုးသမီးတစ်ဦးသည် ကလေးမွေးဖွားပြီး (၂)နာရီအကြာ နေ့လည် ၁နာရီခွဲကျော်တွင် သေဆုံးသွားကြောင်း သတင်းရရှိသည်။ အဆိုပါ မွေးဖွားစ...
သိန္နီမြို့လယ်ခေါင်ဖုန်းဆိုင်တဆိုင်ကို ဓားပြအုပ်စုမှ ပြန်ပေးဆွဲရန်ကြိုးစား
SHAN -
သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့လယ်ခေါင်တွင် ယနေ့ နေ့လည်ပိုင်း ၌ ဖုန်းဆိုင်တစ်ဆိုင်၏ ဆိုင်ရှင်ကိုဓားပြအုပ်စုက ပြန်ပေးဆွဲရန် ကြိုးစားခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (အောက်တိုဘာ ၁၄) ရက် နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင် ခန့်တွင် ရွံ့များပေကြံနေသည့် Vigo အမျိုးအစားနှင့် 4 wheel ကား...
လားရှိုးမြို့နယ်တွင်း ကိုဗစ်- ၁၉ မစစ်ဆေးပါက ဒဏ်ငွေရိုက်မည်ဟုဆို
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာအုပ်စုထဲတွင် ကိုဗစ်-၁၉ ပိုးမစစ်ဆေးပါက ဒဏ်ငွေရိုက်မှု ပြုလုပ်ကြောင်း သတင်းရရှိသည်။ ဟိုပိတ်ကျေးရွာအုပ်စုထဲ ဥက္ကဌ နှင့် ရွာသူကြီးများက ပြည်သူများအားလုံးကို ကိုဗစ်-၁၉ စစ်ဆေးခိုင်းပြီး၊ မစစ်ဆေးပါက ဒဏ်ငွေ (သို့မဟုတ်) ရိုက်ဒဏ်ခံရမည်ဖြစ်သောကြောင့် ပြည်သူများက သွားရောက်စစ်ဆေးရကြောင်း သိရသည်။ “ ကိုဗစ် -၁၉ ပိုးရှိမရှိဆိုပြီး...






