မူဆယ် နန်းတော်ဂိတ်ပေါက်မှ ပြည်တော်ပြန် (၃၀၀)ကျော် ထပ်မံဝင်ရောက်
SHAN -
သျှမ်းမြောက် မူဆယ်မြို့နယ် နန်းတော်ဂိတ်ပေါက်တွင် ယနေ့ (အောက်တိုဘာ ၁၄ ရက်)တွင် တရုတ်ပြည်မှ ပြန်ဝင်လာသူ (၃၀၀)ကျော်ရှိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (အောက်တိုဘာ ၁၃)ရက်နေ့တွင်လည်း ပြည်တော်ပြန် (၃၀၀)ကျော်ရှိပြီး ယနေ့ ထပ်မံဝင်ရောက်ခဲ့တာဖြစ်ကြောင်း ပြည်တော်ပြန်များကို ကူညီရေးဆောင်ရွက်နေသည့်အဖွဲ့ထံမှ သိရသည်။ “ဒီနေ့ထပ်ဝင်လာတာ (၃၀၀)ကျော်၊ မနေ့ကလည်းဝင်တယ်၊ ကျနော်တို့ကတော့ ဒီ...
မန်လွယ်ကျေးရွာတွင် TNLA နှင့် ဆက်သွယ်သူ ရွာတွင်းထွက်ခွာရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မန်လွယ်ကျေးရွာတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် အဆက်အသွယ် လုပ်သူများကို ရွာတွင်းမှထွက်ခွာသွားရန်အတွက် လက်နက်ကိုင် တပ်ဖွဲ့တစ်ခု က ပြောဆိုကြောင်း စုံစမ်းသိရသည်။ လွန်ခဲ့သည့် အောက်တိုဘာ (၈) နှင့် (၉) ရက်တွင် TNLA ကိုသတင်းပေးသူဟုထင်ရသည့် မန်လွယ်ကျေးရွာဒေသခံ မိသားစု (၂)...
တန့်ယန်း ငွေရည်ပုလဲကုမ္ပဏီ သတ္တုတိုးချဲ့တူးနေ ဒေသခံ (၃၀၀၀)ကျော် ကန့်ကွက်
SHAN -
သျှမ်းမြောက် တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စုအနီး ဖြတ်သန်းစီးဆင်းနေသည့် နမ့်ပန်မြစ်ကမ်းဘေးတစ်လျှောက် သတ္တုတိုးချဲ့ တူးဖော်နေမှုလုပ်ငန်းအပေါ် ဒေသခံ (၃၀၀၀)ကျော် ဆန့်ကျင် ကန့်ကွက်ကြကြောင်း သတင်းရရှိသည်။ တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စုကို ဖြတ်သန်းစီးဆင်းနေသည့် နမ့်ပန်မြစ်ဘေးတစ်လျှောက် မန္တလေးအခြေစိုက် ငွေရည်ပုလဲစုပေါင်းကုမ္ပဏီနှင့် စစ်ကောင်စီအရာရှိများ ပူးပေါင်းစီမံချက်ဖြစ်သည့် တိုးချဲ်သတ္တုတူးဖော်ရေးလုပ်ငန်းအား ကျေးရွာ (၁၄)ရွာမှ ဒေသခံ (၃၀၀၀)တို့ကျော်က...
လားရှိုး – လောက်ကိုင် လမ်းပေါ်ရှိ ဂိတ်များ စစ်ကောင်စီ ဂိတ်ကြေးအဆမတန်တောင်း
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့-လောက်ကိုင် လမ်းပေါ်ရှိ ဂိတ်များတွင် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက အခွန်ခကို အဆမတန် ကောက်ခံယူနေလျက်ရှိကြောင်းစုံစမ်းသိရှိရသည်။ ကိုဗစ် ၁၉ ကို အကြောင်းပြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက လောက်ကိုင်သွားလမ်းဘက်တွင် စစ်ဆေးရေး တင်းကြပ်ပြီး၊ တဂိတ်လျှင် ယွမ် ၂၀၀ (မြန်မာကျပ်ငွေ ပေါက်ဈေး ၄သောင်း)ထိ ပေးဆောင်ရပြီး၊...
မုံးကိုး စစ်ကောင်စီ နှင့် MNDAA တိုက်ပွဲဖြစ် အရပ်သား (၆)ဦး လက်နက်ကြီး ထိ
သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်ခွဲအတွင်း MNDAA နှင့် စစ်ကောင်စီ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သား(၆) ဦး လက်နက်ကြီးကျည် ထိမှန်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာ (၁၂) ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖော်ဂျုံးပါ ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျပြီး ဒေသခံ (၆) ဦး ထိခိုက်ဒဏ်ရာ...
သိန္နီမြို့နယ် စစ်ကောင်စီနှင့် MNDAA တိုက်ပွဲဖြစ်၊ ပြည်သူတစ်ဦးကို စစ်ကောင်စီမှ ပစ်သတ်
SHAN -
သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့နယ်တွင် စစ်ကောင်စီနှင့် ကိုးကန့်တပ်မတော် (MNDAA) တို့က တိုက်ပွဲဖြစ်ပွားမှု ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့မှ ပြည်သူတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း စုံစမ်း သတင်းသိရသည်။ စစ်ကောင်စီတပ်ဖွဲ့နှင့် ကိုးကန့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေသည့် သိန္နီမြို့နယ်မှ မိုင်းကျက်၊ မိုင်းယော် တို့နှင့် ထိစပ်နေသည့် ဟူးလောင်ကျေးရွာမှ ရွာသားတစ်ဦးကို ပြီးခဲ့သည့်...
ဖယ်ခုံမြို့ NLD ပြန်ကြားရေးတာဝန်ခံနေအိမ်ကို စစ်ကောင်စီမှ ဝင်ရောက်ဖျက်ဆီး
SHAN -
သျှမ်းပြည်တောင်ပိုင်းရှိ ဖယ်ခုံမြို့မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြန်ကြားရေးတာဝန်ခံ၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့တို့မှ ဝင်ရောက် ဖျက်ဆီးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ ( အောက်တိုဘာ ၁၂) ရက် နေ့ခင်းပိုင်း ၁၂ နာရီဝန်းကျင် တွင် ဖယ်ခုံမြို့ရှိ NLD ၏ မြို့နယ် ပြန်ကြားရေးတာဝန်ခံ...
အမှုရုပ်သိမ်းပေးမည်ဟုကြေညာချက်ကြောင့် နေအိမ်ပြန်လာသူ ဖမ်းခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့မှ အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦး စစ်ကောင်စီ က (၅၀၅) ဖြင့် ဖမ်းဝရမ်းထုတ်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေစဉ် အမှုရုတ်သိမ်းပေးမည်ဟု ကြေညာပြီးနောက် နေအိမ်သို့ လာပြီး ပရဟိတ လုပ်နေစဉ် ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ ဆီဆိုင်မြို့ အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်သည့် ဦးစံဝင်းမောင် ကို အောက်တိုဘာ...
စစ်ရေးတင်းမာမှုကြောင့် နေရပ်မပြန် မိုင်းကိုင်စစ်ရှောင်များ စောင်လိုအပ်နေ
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် စစ်ရေး တင်းမာမှု ဆက်လက်ရှိနေသဖြင့် နေရပ်မပြန်နိုင် သေးသည့် စစ်ရှောင်များအတွက် စောင်အထူများ လိုအပ်ကြောင်း စုံစမ်းသိရှိရသည်။ မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စု နှင့် ဟမ်းငိုင်းကျေးရွာအုပ်စု တို့မှာ ကျေးရွာပေါင်း (၂၀) ခန့် ထွက်ပြေးခဲ့ရပြီး စစ်ရှောင် (၃၂၀၀) ကျော် ရှိထားကြောင်းသိရသည်။ “ဆောင်းဝင်လာပြီဆိုတော့ ဒီနေ့မနက်...
နမ့်လန်မြို့နယ်အတွင်း နေအိမ်တစ်လုံးမီးလောင်
SHAN -
သျှမ်းပြည် မြောက်ပိုင်း နမ့်လန်မြို့နယ် အတွင်းရှိ ဝမ်မွမ်းကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့ နေ့လည် ၁၂ ရက်နေ့ ဝန်းကျင်တွင် နမ့်လန်မြို့နှင့် ၅ မိုင်ခန့်ကွာဝေး သည့် ဝမ်မွမ်းကျေးရွာတွင် နေအိမ်တစ်လုံးကို မီလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး တစ်အိမ်လုံး...






