Wednesday, January 28, 2026

တန့်ယန်း ငွေရည်ပုလဲကုမ္ပဏီ သတ္တုတိုးချဲ့တူးနေ ဒေသခံ (၃၀၀၀)ကျော် ကန့်ကွက်

သျှမ်းမြောက် တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စုအနီး ဖြတ်သန်းစီးဆင်းနေသည့် နမ့်ပန်မြစ်ကမ်းဘေးတစ်လျှောက် သတ္တုတိုးချဲ့ တူးဖော်နေမှုလုပ်ငန်းအပေါ် ဒေသခံ (၃၀၀၀)ကျော် ဆန့်ကျင် ကန့်ကွက်ကြကြောင်း သတင်းရရှိသည်။

တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စုကို ဖြတ်သန်းစီးဆင်းနေသည့် နမ့်ပန်မြစ်ဘေးတစ်လျှောက် မန္တလေးအခြေစိုက် ငွေရည်ပုလဲစုပေါင်းကုမ္ပဏီနှင့် စစ်ကောင်စီအရာရှိများ ပူးပေါင်းစီမံချက်ဖြစ်သည့် တိုးချဲ်သတ္တုတူးဖော်ရေးလုပ်ငန်းအား ကျေးရွာ (၁၄)ရွာမှ ဒေသခံ (၃၀၀၀)တို့ကျော်က ဆန့်ကျင် ကန့်ကွက်နေကြတာဖြစ်ကြောင်း သိရသည်။

“ခုက ကိုဗစ်ကာလ၊ နိုင်ငံရေး မတည်ငြိမ်ဘူး၊ စီးပွားရေးအခြေနေတွေ မကောင်းတဲ့ အချိန်မှာ ကုမ္ပဏီတွေ အခွင့်ကောင်းမယူစေချင်ဘူး၊ ဒေသခံတွေက အရမ်းကို ခက်ခဲနေကြတာ၊ ရောင်းဝယ်ရေးကအစ ခက်ခဲနေကြတာ၊ ဒီလုပ်ငန်းကို ရပ်တန့်ပေးစေချင်ပါတယ်” ဟု သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)မှ တာဝန်ရှိသူ စိုင်းဟော်ရှဲန်က သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။

အဆိုပါ သတ္တုတူးဖေါ်ရေးလုပ်ငန်းစီမံချက်ကြောင့် ဒေသခံများ၏ လယ်ယာမြေ ဆုံးရှုံးခြင်းသာမက နမ့်ပန်မြစ်၏ ဂေဟစနစ်တစ်ခုလုံး ပျက်စီးနိုင်တာကြောင့် အထူးကို စိုးရိမ်ရသည့် အခြေနေဖြစ်ကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတိုင်ခင်က တန့်ယန်းမြို့နယ် တက်လျက်ကျေးရွာတွင် ကျောက်မီးသွေး စတင်တူးဖော်ခဲ့တာဖြစ်ပြီး ထိုချိန်က ရွာလုံးကျွတ် ရွေ့ပြောင်းပေးခဲ့ရကြောင်း၊ ယခု ထပ်မံတိုးချဲ့သည့် နေရာသည် ဧက (၈၅၀)ရှိပြီး အဆိုပါကျေးရွာနှင့် တစ်မိုင်ခန့်သာ ကွာဝေးကြောင်း သိရသည်။

“ခု သူတို့တိုးချဲ့တာက (၈၅၀)ဧက ရှိတယ်၊ နမ့်ပန် မြစ်ကမ်းတစ်လျှောက်မှာ နေရာယူထားကြတာ၊ အဲ့တော့ ဒေသခံတွေအတွက် စိုးရိမ်ရတယ်” ဟု စိုင်းဟော်ရှဲန်က ဆိုသည်။

ယခုနှစ် မေလ (၇)ရက်နေ့က ဒေသခံတောင်သူ (၁၅)ဦးအား နားဟုတ်ကျေးရွာအုပ်စု ဥက္ကဌ က ဆင့်ခေါ်ပြီး ၄င်းတို့၏ လယ်ယာမြေပေါ်တွင် သတ္တုတူးဖော်ရေးလုပ်ငန်းအတွက် သဘောတူ စာကို လက်မှတ်ရေးထိုးစေခဲ့သည်။

ထိုချိန်က ငွေရည်ပုလဲကုမ္ပဏီသည် တစ်မီတာပတ်လည်ခန့်သာ မြေတူးစမ်းသပ်မည်ဟု ကျေးရွာဥက္ကဌက ပြောသည့်အတွက် တောင်သူ (၄)ယောက်က သဘော တူခဲ့ကြောင်း၊ သို့သော် ကျန်ရှိသည့် တောင်သူ (၁၁)ဦး၏ သဘောတူလက်မှတ်အား ကျေးရွာဥက္ကဌမှ လက်မှတ်တုထိုးကာ ကုမ္ပဏီတာဝန်ရှိသူကို ပေးခဲ့တာဖြစ်ကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) ဖော်ပြချက်အရ သိရသည်။

အဆိုပါ သတ္တုတူးဖော်ရေးလုပ်ငန်း ရပ်တန့်ပေးရေးအတွက် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည် တပ်မတော် (SSPP/SSA)၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)နှင့် မိုင်းဟပြည်သူ့စစ် အဖွဲ့ထံသို့ ပြီးခဲ့သည့် မေလ (၈)ရက်နေ့က အကူအညီတောင်းခံစာ ပေးပို့ခဲ့ဖူးကြောင်း သိရသည်။

တန့်ယန်းမြို့နယ်အတွင်း စီးဆင်းနေသည့် နမ့်ပန်မြစ်သည် သံလွင်မြစ်၏ အဓိက မြစ်လက်တက်ဖြစ်ပြီး စိုက်ပျိုးရေးဖြင့်အသက်မွေးနေကြသည့် ဒေသခံပြည်သူ (၃၀၀၀)ကျော် မှီတင်းနေထိုင်ကြသည့် ဒေသ ဖြစ်ကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လွိုင်လိန်းတောင်ပေါ် အလှူငွေပုံး ဖျက်ဆီးခိုးယူခံရ

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်ကြားရှိ လွိုင်လိန်းတောင်ပေါ် သာသနာပြုရန်အတွက် ထားရှိသည့် အလှူငွေပုံးသည် ဖျက်ဆီး ခိုးယူခြင်းခံရကြောင်း သတင်းသိရသည်။ မိုင်းဖုန်းဆရာတော်နှင့် တောင်တန်းသာသနာပြုဆရာတော် ဦးသုခမိန္ဒ (စဝ်ဆုခမ်း)တို့၏ သာသနာပြု လုပ်ငန်းဖြစ်သော သျှမ်းပြည် အမြင့်ဆုံး လွယ်လိန်းတောင်အတွက် တောင်တက်လမ်းလှေခါး၊ စေတီ ၉ ဆူ နှင့် ရေအားလျှပ်စစ်အတွက်...

တန့်ယန်းမြို့ ယာယီပျံကျဈေးဆိုင်ခန်းခပေးဆောင်ခိုင်း

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ လေယာဉ်ကွင်းဟောင်းတွင် ယာယီ ပျံကျဈေးဆိုင်ခန်းများကို စစ်ကောက်စီ လက်အောက်ခံ စည်ပင်သာယာရေးဌာန က ဆိုင်ခန်းခ ကောက်ခံမှုများပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ အဆိုပါ တန့်ယန်းမြို့ လေယာဉ်ကွင်းဟောင်း တွင်ရှိသည် ယာယီပျံကျဈေးဆိုင်တန်းသည် ကိုဗစ်-၁၉ ကူးစက်မှု နှုန်းမြင့်တက်လာမှုကြောင့် တန့်ယန်းမြိုု့မ ဈေးမှ ခွဲထွက်လာရောက်ဖွင့်လှစ်ထားသည့် ယာယီပျံကျဈေးဆိုင်တန်းများ ဖြစ်ပြီး၊...

သစ်ပင်ကြီးကျိုးကျ ကားတစ်စီးနှင့် ဓါတ်တိုင်များပျက်စီး၊ လူတစ်ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့တွင် လမ်းဘေးရှိ သစ်ပင်ကြီး ကျိုးကျမှု ဖြစ်ပွားပြီး ကားတစ်စီး နှင့် ဓါတ်တိုင်များ ပျက်စီးကာ လူတစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။ ယနေ့ စက်တင်ဘာလ ၂၇ ရက် မနက် ၁၀ နာရီ ဝန်းကျင်တွင် မိုးမရွာ လေမတိုက်သော်လည်း တန့်ယန်းမြို့ မြကန်သာပန်းခြံအဝင်...

တန့်ယန်းမြို့ဒေသခံများ သူခိုး ဓားပြဒဏ်ပိုခံနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးခရိုင် တန်းယန်းမြို့တွင် သူခိုးဓားပြများ ပေါများလာသည့်အတွက် ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြောင်း သတင်းသိရသည်။ စက်တင်ဘာလ ၁၈ ရက်နေ့ ညသန်းခေါင်ဝန်းကျင်အချိန်တွင် တန့်ယန်းမြို့ မြို့မဈေးရှိ ဆိုင်ခန်း ၂ခန်းသည် ဖော်ထွင်းခံရပြီး ဆိုင်ထဲသိုလှောင်ထားသည့် ပစ္စည်းများနှင့် ငွေကြေးတချို့ ဆုံးရှုံးလိုက်ရကြောင်း တန့်ယန်းမြို့ ရပ်ကွက် ၅...

တန့်ယန်းမြို့ စစ်ကောင်စီခန့်အပ်ထားသည့် ရာအိမ်မှူးတစ်ဦး ဓါးခုတ်ခံရ

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်ရှိ စစ်ကောင်စီတို့မှ ခန့်အပ်ထားသည့် အမှတ် ၅ ရပ်ကွက်မှ ရာအိမ် မှူး တစ်ဦး ဓါးခုတ်ခံရကြောင်း သတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၃) ရက် မနက် ၁၁ နာရီဝန်းကျင် တွင် တန့်ယန်းမြို့ရှိ အမှတ် ၅ ရပ်ကွက်မှ ရာအိမ်မှူးတစ်ယောက်သည်...