Wednesday, January 28, 2026

လွိုင်လိန်းတောင်ပေါ် အလှူငွေပုံး ဖျက်ဆီးခိုးယူခံရ

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်ကြားရှိ လွိုင်လိန်းတောင်ပေါ် သာသနာပြုရန်အတွက် ထားရှိသည့် အလှူငွေပုံးသည် ဖျက်ဆီး ခိုးယူခြင်းခံရကြောင်း သတင်းသိရသည်။

မိုင်းဖုန်းဆရာတော်နှင့် တောင်တန်းသာသနာပြုဆရာတော် ဦးသုခမိန္ဒ (စဝ်ဆုခမ်း)တို့၏ သာသနာပြု လုပ်ငန်းဖြစ်သော သျှမ်းပြည် အမြင့်ဆုံး လွယ်လိန်းတောင်အတွက် တောင်တက်လမ်းလှေခါး၊ စေတီ ၉ ဆူ နှင့် ရေအားလျှပ်စစ်အတွက် တောင်တက်ပြည်သူများ ပါဝင်လှူဒါန်းနိုင်ရန် ထားရှိထားသည့် အလှူငွေပုံးသည် ဖေဖော်ဝါရီလ ၁ ရက်တွင် ဖျက်ဆီးခံရသည့် အနေအထားဖြင့် တွေ့ခဲ့ရကြောင်း တောင်တက်ပြည်သူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဖေဖော်ဝါရီ ၁ ရက်နေ့ ကျနော်တို့ တောင်ပေါ်ရောက်တဲ့အချိန် အလှူငွေထည့်ဖို့ ထားတဲ့ပုံးက ပျက်စီးနေတာ တွေ့ရတယ်၊ ပြီးခဲ့တဲ့ နှစ်ကုန် (၂၀၂၁ ခုနှစ်)တုန်းက တက်လာတာ ဒီပုံးထဲ ငွေတွေရှိနေတာ တွေ့ရတယ်၊ ဒါပေမဲ့ အခု ဘယ်သူတွေ ဖျက်ဆီးလိုက်လဲတော့ မသိရပါဘူး၊ ပုံးထဲမှာ ရှိနေတဲ့ ပိုက်ဆံတွေလည်း အကုန် ပျောက်သွားပြီ” ဟု ကိုယ်တိုင်မြင်တွေ့ရသည့် တောင်တက်ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လွိုင်လိန်းတောင်ပေါ်မှ သာသနာပြုလုပ်ငန်းများအတွက် ရည်စူးထားသည့် အလှူငွေများ ပျောက်ဆုံးသွားမှုနှင့် ပတ်သက်ပြီး အလှူရှင်တစ်ဦးက သာသနာ့နယ်မြေ ဖြစ်သည့်အတွက် ယခုလို မပြုလုပ်သင့်ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဆရာတော်နှစ်ပါးကနေ ဦးဆောင်းလုပ်နေတဲ့ သာသနာ့နယ်မြေမှာ ဒီလို ခိုးယူဖျက်ဆီးမှုတွေ မရှိသင့်ဘူးပေါ့၊ ဒီငွေတွေဆိုတာကလည်း အနယ်နယ်အရပ်ရပ်က တောင်လာတက်တဲ့ ပြည်သူတွေ ဆရာတော်တို့ရဲ့ သာသနာပြုလုပ်ငန်းစဥ်မှာ ပါဝင်ချင်လို့ လှူဒါန်းထားတာဖြစ်လို့ ပိုတောင် မလုပ်သင့်ဘူး” ဟု အထက်ပါ အလှူရှင်က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် လွိုင်လိန်းတောင်ပေါ် စေတီနားအထိ တအာန်းအမျိုးသားတပ်မတော် (TNLA) တပ်သားများ သွားရောက်စခန်းချမှုများရှိကြောင်းလည်း မျက်မြင်တွေ့ရသည့် ဒေသခံပြည်သူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပေ ၈၇၇၇ မြင့်သည့် လွိုင်လိန်းတောင်သည် သျှမ်းပြည်တွင် အမြင့်ဆုံးတောင်ဖြစ်သည့်အလျောက် ဆောင်းရာသီနှင့် ပွင့်လင်းရာသီ အချိန်များတွင် တောင်တက်ဝါသနာပါသည့် ပြည်သူများ၊ တောတောင် သဘာဝအလှ ခံစားလိုသူများက အပန်းဖြေခရီးစဥ်အဖြစ် လာရောက်သူများရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရယ်မြို့နယ် စစ်ကောင်စီဂိတ် စစ်ဆေးမှုကြမ်းပြီး ငွေညှစ်တောင်းခံနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ် လားရှိုး-မိုင်းရှူးလမ်းမကြီးပေါ်ရှိ စစ်ကောင်စီ ယာယီစစ်ဆေးရေး ဂိတ်တွင် ကြမ်းတမ်းစွာ စစ်‌ဆေးမှုများ ပြုလုပ်နေပြီး ငွေညှစ်တောင်းခံနေကြောင်း သတင်းရရှိသည်။ မိုင်းရယ်မြို့နယ်အတွင်း မန်ပုံရွာအနီးရှိ ကျေးသီးလမ်းခွဲ စစ်ဆေးရေးဂိတ်နှင့် နမ့်ဟ တံတားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (၂) ခုတို့သည် မေလ နောက်ဆုံးပတ်မှ စတင်၍ ကြမ်းတမ်းစွာ...

မိုင်းရယ်မြို့နယ် မိုင်းဟ/မိုင်းဟိုင်း ပြည်သူ့စစ် ဆက်ဆံရေး ရုံးခန်းအသစ် ဖွင့်ပွဲပြုလုပ်

0
သျှမ်းပြည် လားရှိုးခရိုင် မိုင်းရယ်မြို့နယ် မိုင်းဟ/မိုင်းဟိုင်း ပြည့်သူ့စစ်တပ်ဖွဲ့၏ ဆက်ဆံရေး ရုံးခန်းအသစ် ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက် မိုင်းရယ်မြို့ နှင့် မိုင် ၃၀ ဝန်းကျင် ကွာဝေးသည့် မိုင်းဟပြည့်သူ့စစ် ဌာနေ မိုင်းဟ/မိုင်းဟိုင်းမှ မန်မုံကျေးရွာတွင် ဆက်ဆံရေးရုံး...

မိုင်းရယ်မြို့နယ်မှ သတ္တုတူးဖော်သည့် နေရာတွင် စစ်ကောင်စီမှ လုံခြုံရေး ယူထားပေး

0
သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ် ဟိုယကျးရွာအုပ်စုတွင် တူးဖော်နေသည့် ခဲ နှင့် ငွေ သတ္တုတွင်း အနီးတွင် စစ်ကောင်စီတပ်ဖွဲ့မှ လုံခြုံရေးယူထားပေးနေကြောင်း သတင်းရရှိသည်။ အဆိုပါ ငွေ၊ သတ္တုတွင်းတူးဖော်နေသည့် နေရာသည် တန့်ယန်းမြို့နယ် နှင့် မိုင်းရယ်မြို့ နယ်စပ်ရှိ မိုင်းရယ် ဘက်ခြမ်း လွိုင်လိန်းတောင်ခြေ ဟိုယကျေးရွာအုပ်စု၏...

PDF ဟု အမည်ခံပြီး မိုင်းရယ်မြို့ နှင့် လဲချားမြို့ တို့တွင် ငွေကြေးတောင်းဆိုမှုရှိနေ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းရယ်မြို့နယ် နှင့် သျှမ်းပြည်တောင်ပိုင်းမှ လဲချားမြို့နယ်တို့တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF ဟု အမည်ခံပြီး ငွေကြေးခြိမ်းခြောက်တောင်းဆိုမှုများ ရှိနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (သြဂုတ် ၃၀) ရက်တွင် မိုင်းရယ် PDF အမည်ခံအဖွဲ့သည် မိုင်းရယ်မြို့နယ် အတွင်းရှိ ရေသန့်စက်ရုံတခုကို...

မိုင်းရယ်မြို့ TA/LT အဖြစ် သျှမ်းစာသင် ဆရာ၊ ဆရာမများ လစာမရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းရယ်မြို့နယ် သျှမ်းစာသင်ကြားပေးနေသည့် (Teacher Assistance -TA) နှင့် တိုင်းရင်းသားစာပေသင်ဆရာ၊ ဆရာမများ (Language Teacher -LT) တို့သည် လစာ မရရှိကြကြောင်း သတင်းသိရသည်။ ၂၀၂၂ - ၂၃ ပညာသင်နှစ် ပထမလ ဇွန်လ ၏...