PDF ဟု အမည်ခံပြီး မိုင်းရယ်မြို့ နှင့် လဲချားမြို့ တို့တွင် ငွေကြေးတောင်းဆိုမှုရှိနေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းရယ်မြို့နယ် နှင့် သျှမ်းပြည်တောင်ပိုင်းမှ လဲချားမြို့နယ်တို့တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF ဟု အမည်ခံပြီး ငွေကြေးခြိမ်းခြောက်တောင်းဆိုမှုများ ရှိနေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (သြဂုတ် ၃၀) ရက်တွင် မိုင်းရယ် PDF အမည်ခံအဖွဲ့သည် မိုင်းရယ်မြို့နယ် အတွင်းရှိ ရေသန့်စက်ရုံတခုကို လိပ်မူပြီး Viber ဖုန်းနံပတ်မှ တဆင့် ငွေကြေးတောင်းယူမှု ပြုလုပ်ခဲ့သည်။

ထိုငွေကြေးတောင်းယူမှုကို လူမှုကွန်ယက်ပေါ်တင်ခြင်း၊ သတင်းပေါက်ကြားခြင်း၊ တိုင်ကြားခြင်းများပြုလုပ်ပါက လာရောက်ပစ်ခတ်မည်ဟုလည်း မိုင်းရယ် PDF တာဝန်ခံ ဗိုလ်မြတ်ခင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်က ကျနော်တို့ သတင်းကို စစ်တပ်ဆီ သတင်းပေးတဲ့ သူရှိခဲ့ဖူးလို့ ကျနော်တို့ရှင်းပစ်လိုက်ရတာရှိတယ်၊ အခုလည်း ကျနော်တို့ အကြောင်းကို လိုင်းပေါ်မတင်ရင်ကောင်းမယ်၊ ထည့်လိုက် ရင် စစ်ကောင်စီက သိပြီး လာရှာရင် ဒုက္ခရောက်မှာလေ” ဟု ဗိုလ်မြတ်ခင်ဆိုသူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ မိုင်းရယ်မြို့နယ်အတွင်း ခြိမ်းခြောက်စာ ပို့နေသည့် မိုင်းရယ် PDF အဖွဲ့သည် မည်သည့်အချိန်တွင် စတင် ဖွဲ့စည်းလိုက်ခြင်း နှင့် မည်သည့်တပ်ရင်း တပ်ဖွဲ့လက်အောက်ခံဖြစ်သည်ကို ပြောပြနိုင်ခြင်းလည်း မရှိခဲ့ပေ။

“စစ်ကောင်စီနဲ့ ပတ်သက်တာ မှန်သမျှကို ကျနော်တို့ လုပ်ရမှာပဲ၊ အဲ့ဒါမှပဲ စစ်ကောင်စီကို မအလဘက် ထောက်ခံသူ မရှိမှသာ စစ်ကောင်စီက မျိုးတုံးသွားမှာ” ဟု ဗိုလ်မြတ်ခင်က ပြောသည်။

မိုင်းရယ် PDF မှ တောင်းဆိုသည့် ငွေကြေးပမာဏသည် ကျပ်သိန်း (၁၅၀) ဖြစ်ကြောင်း နှင့် လက်နက်ဝယ်ယူရေး အတွက်ဟု ပြောဆိုထားကြောင်း သိရသည်။

လက်ရှိ မိုင်းရယ် PDF တပ်ဖွဲ့မှ ပြည်သူများကို ခြိမ်းခြောက်ပြီး ငွေကြေးတောင်းဆိုနေသည့်အပေါ် မိုင်းရယ်ပြည်သူများက စိုးရိမ်ထိတ်လန့်နေကြောင်း လုံခြုံမှုမရှိကြောင်းလည်း မိုင်းရယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

မိုင်းရယ် PDF

“မိုင်းရယ်ရဲ့ အခြေအနေက တနေ့တခြား ဆိုးရွာလာသလိုပဲ၊ အခုလိုမျိုးပါ လက်နက်ပြ ချိန်းခြောက်တာမျိုးက တစ်ခါမှ မရှိဖူးတော့ အခုတခေါက်ကြုံရကြားရတာ တော်တော်ကိုထိတ်လန့်တယ်၊ အခုဆိုဘယ်ကို သွားအားကိုး ရမှန်းလည်း မသိတော့ဘူး၊ ခြိမ်းခြောက်ခံရတဲ့သူတွေကလည်း သာမာန်ပြည်သူတွေပါပဲ” ဟု မိုင်းရယ်မြို့ခံ အမျိုးသား တစ်ဦးက ပြောသည်။

ယခုလ (သြဂုတ် ၂၉)ရက်တွင်လည်း မိုင်းရယ်မြို့ စက်သုံးဆီပန့်ဆိုင်ရှင် အမျိုးသားတစ်ဦးကို မိုင်းရယ် PDF တပ်ဖွဲ့က လာရောက်ပစ်ခတ်ခဲ့သည်ဟု ဗိုလ်မြတ်ခင် က သျှမ်းသံတော်ဆင့်ကို အတည်ပြုပြောဆိုခဲ့သည်။

ထို့ပြင် သြဂုတ် ၂၉ ရက်တွင် သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် တပ်မောက်ကျေးရွာ အနီးမှာ အာဏာသိမ်း စစ်ကောင်စီတပ်နှင့် လဲချားမြို့ နယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲ ပြင်းထန်နေခဲ့ကြောင်း လဲချားမြို့နယ် PDF မှ ထုတ်ပြန်ထားသော်လည်း တိုက်ပွဲဖြစ်စဥ်မသိရကြောင်းလည်း ဒေသခံပြည်သူများမှ ပြောသည်။

“ကျနော်တို့ ဒေသမှာ PDF မရှိပါဘူး၊ မနေ့ကတိုက်ပွဲဖြစ်တယ်ဆိုတာ မကြားမိပါဘူး၊ ဒီဘက်မှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ဒီလောက်ပေါတာ PDF ရှိတယ်ဆိုတာ ကျနော်တို့ တခါမှ မသိရဘူး” ဟု လဲချားမြို့ခံ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၂၉ ရက်၊ နေ့လည်ပိုင်း တပ်မောက်ကျေးရွာ အနီးမှာတိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး စစ်ကား ကြီး ၃ စီးနှင့် အင်အား ထပ်မံတိုးကာ ပြည်သူ့စစ် အကူအညီဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း PDF မှ ပြောဆိုထားသော်လည်း ဒေသခံပြည်သူများမှ တိုက်ပွဲမရှိကြောင်း ပြောသည်။

လဲချားမြို့နယ်သည် သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ ၂ ဖွဲ့ဖြစ်သည့် RCSS နှင့် SSPP တို့ လှုပ်ရှားရာ ဒေသဖြစ်သည်။

PDF အမည်ခံပြီး အကြမ်းဖက် လုပ်ရပ်များ၊ ငွေကြေးတောင်းခံခြင်းများပြုလုပ်ပြီး ထိုဒေသတွင် စစ်ကောင်စီနှင့် PDF တို့ကြား တိုက်ပွဲ မရှိကြောင်းနှင့် ယခုကဲ့သို့ ပြုလုပ်ခြင်းသည် တော်လှန်ရေး အမှန်တကယ်လုပ်နေသူများကို ထိခိုက်ကြောင်းလည်း ပြည်သူများက ဝေဖန်ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...