Saturday, April 20, 2024

အမှုရုပ်သိမ်းပေးမည်ဟုကြေညာချက်ကြောင့် နေအိမ်ပြန်လာသူ ဖမ်းခံရ

Must read

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့မှ အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦး စစ်ကောင်စီ က (၅၀၅) ဖြင့် ဖမ်းဝရမ်းထုတ်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေစဉ် အမှုရုတ်သိမ်းပေးမည်ဟု ကြေညာပြီးနောက် နေအိမ်သို့ လာပြီး ပရဟိတ လုပ်နေစဉ် ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

ဆီဆိုင်မြို့ အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်သည့် ဦးစံဝင်းမောင် ကို အောက်တိုဘာ (၁၁) ရက်နေ့ည က ၎င်း၏ နေအိမ်မှာ လာရောက်ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

“ဖမ်းဆီးသွားတာ ဟုတ်ပါတယ်။ ဘယ်မှာ ဖမ်းသွားမှန်းတော့ မသိရသေးဘူး” ဟု အမည်မဖော်လိုသူ တစ်ဦး က ပြောသည်။

ဦးစံဝင်းမောင် ထွက်ပြေးတိမ်းရှောင်စဉ် အမှုရုတ်သိမ်းပေးမည်ဟု ကြေညာချက်အရ ရဲတပ်ဖွဲ့ ဆက်သွယ်ပြီး နေအိမ်သို့ ပြန်လာပြီး မေတ္တာရောင်ခြည် ပရဟိတ အသင်း ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ပရဟိတ လုပ်ငန်းများကို လုပ်ဆောင်နေစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်းသိရသည်။

ဆီဆိုင်မြို့ ဆန္ဒပြပွဲများကို ဦးဆောင်သူဟု အမှုဖွင့်ခံထားရပြီး ဖေဖော်ဝါရီလ ကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ၎င်းကို လာရှာစဉ် မတွေ့သဖြင့် အမျိုးသမီး ဖြစ်သူကို ဖမ်းဆီးသွားခဲ့သည်။

လက်ရှိ ဦးစံဝင်းမောင်၏ အမျိုးသမီး သည် ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံးထောင်) မှာ ယခုချိန်ထိ ဖမ်းခံထားရကြောင်း သိရှိရသည်။

ဦးစံဝင်းမောင်သည် ဆီဆိုင်မြို့ အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူး အဖြစ်တာဝန်ယူခဲ့သူတဦး လည်း ဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article