စစ်ရေးတင်းမာမှုကြောင့် နေရပ်မပြန် မိုင်းကိုင်စစ်ရှောင်များ စောင်လိုအပ်နေ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် စစ်ရေး တင်းမာမှု ဆက်လက်ရှိနေသဖြင့် နေရပ်မပြန်နိုင် သေးသည့် စစ်ရှောင်များအတွက် စောင်အထူများ လိုအပ်ကြောင်း စုံစမ်းသိရှိရသည်။

မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စု နှင့် ဟမ်းငိုင်းကျေးရွာအုပ်စု တို့မှာ ကျေးရွာပေါင်း (၂၀) ခန့် ထွက်ပြေးခဲ့ရပြီး စစ်ရှောင် (၃၂၀၀) ကျော် ရှိထားကြောင်းသိရသည်။

“ဆောင်းဝင်လာပြီဆိုတော့ ဒီနေ့မနက် တော်တော်အေးလာတယ်။ စစ်ရှောင်တွေ အိမ်မပြန်ရသေးရင် စားစရာတွေအပြင် စောင်အထူတွေလည်း လိုအပ်လာမယ်။ ကွင်းပြင်က မိုးကာတဲအောက်မှာ နေရတာဆိုတော့ ပိုအေးမှာပဲ” ပန်ကေတု ကျေးရွာစစ်ရှောင် ကော်မတီ ဝင် တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လက်ရှိချန်ထိ သျှမ်းတပ် (၂) တပ် စစ်ရေးတင်းမာမှုကြောင့် ဒေသခံများ နေရပ်သို့ မပြန်နိုင်သေးကြောင်း သိရှိရသည်။

“ပြီးခဲ့တဲ့ (၃) ရက် (၄) ရက်က ပြန်သွားတဲ့ သူတွေက ဟိုခဲကျေးရွာအုပ်စုက ဒေသခံတွေပဲ။ အဲ့ဘက်တော့ တိုက်ပွဲတော့ ငြိမ်သွားပြီလို့ ပြောလို့ရတာပေ့ါ။ ခုကျန်နေတဲ့ စစ်ရှောင်တွေက ပန်ကေတုကျေးရွာအုပ်စုထဲက ကျေးရွာတွေ နဲ့ ဟမ်းငိုင်းကျေးရွာအုပ်စုထဲက ကျေးရွာတွေ ဖြစ်တယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသူ တစ်ဦး ကပြောသည်။

ပန်ကေတုကျေးရွာမှာ စစ်ရှောင်များ (၂၂၃၃) ဦးရှိထားပြီး ဟမ်းငိုင်းကျေးရွာမှာ စစ်ရှောင် (၉၈၈) ဦး ရှိထားကြောင်း သိရှိရသည်။

မိုင်းကိုင်မြို့နယ်အတွင်း သျှမ်းတပ် (၂) တပ်တိုက်ပွဲကြောင့် စစ်ရှောင်များ စက်တင်ဘာ (၁၄) ရက်မှစပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရသဖြင့် တစ်လနီးပါး ရှိပေမယ့် စစ်ရှောင်များ နေရပ်သို့ မပြန်နိုင်သေးပေ။

တိုက်ပွဲတွင်း လက်နက်ကြီးထိမှန်ပြီး တစ်ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာ ရရှိခဲ့ခြင်း၊ မြေမြုပ်မိုင်း (၂) ဦး နင်းမိပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများလည်း ရှိခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...