Wednesday, January 28, 2026

မန်လွယ်ကျေးရွာတွင် TNLA နှင့် ဆက်သွယ်သူ ရွာတွင်းထွက်ခွာရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မန်လွယ်ကျေးရွာတွင် တအာင်းအမျိုးသားလွတ်မြောက်‌ရေးတပ်မတော် TNLA နှင့် အဆက်အသွယ် လုပ်သူများကို ရွာတွင်းမှထွက်ခွာသွားရန်အတွက် လက်နက်ကိုင် တပ်ဖွဲ့တစ်ခု က ပြောဆိုကြောင်း စုံစမ်းသိရသည်။

လွန်ခဲ့သည့် အောက်တိုဘာ (၈) နှင့် (၉) ရက်တွင် TNLA ကိုသတင်းပေးသူဟုထင်ရသည့် မန်လွယ်ကျေးရွာဒေသခံ မိသားစု (၂) စုသည် ရွာအတွင်းမှာ ပြောင်းရွှေသွားခဲ့ရကြောင်း မန်လွယ်ကျေးရွာဒေသခံများပြောပြချက်အရသိရသည်။

“ သူတို့က TNLA ကိုသတင်းပေးဆိုပြီး‌တော့ ထွက်သွားခိုင်းတာ။ ထွက်သွားရတဲ့သူတွေက မိသားစု (၂) စုလောက်ရှိပြီး။ ‌ဘယ်နားသွားနေလဲတော့ ကျနော်တို့လည်း အတိကျမသိဘူး” ဟု မန်လွယ်ကျေးရွာခံ ဒေသခံ သျှမ်း အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ရွာအတွင်းမှ ထွက်ခွာသွားရသည့်သူများသည် လက်ရှိတွင် ကျောက်မဲမြို့တို့သွားရောက်နေထိုင်နေလျက် ရှိကြောင်း သီပေါမြို့ ဒေသခံ အသက် (၄၀)ကျော် အမည်မဖော်လိုသည့် သျှမ်းအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ သူတို့ကျောက်မဲမှာ သွားနေပြီးလို့ကြားတယ်။ ဒါပေမယ့် ဘယ်နားမှာသွားနေလဲတော့ မသိရဘူး။ ဘယ်လိုခြေအနေ ရှိနေလဲတော့ ကျမတို့ အသေးစိတ်မသိရဘူး။ ရွာကနေတော့ ပစ္စည်းတွေ သယ်လာကြတယ်တဲ့” သီပေါမြို့ ဒေသခံ အမျိုးသမီးတဦးက ပြောသည်။

သီပေါမြို့နယ် မန်လွယ်ကျေးရွာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ အချင်းချင်း မကြာခဏ ထိတွေ့သည့် နေရာ ဒေသတခုဖြစ်သည်။

“ ရွာထဲမှာ တိုက်ပွဲလာမဖြစ်စေချင်လို့ထင်တယ်။ အဲကြောင့် စစ်တပ်က နှင်းထုတ်လိုက်တာထင်တယ်။ အဲ့နေရာမှာ TNLA သတင်းပေးရှိရင် ပြဿနာ တခုခု ဖြစ်မှာ ကြောက်လို့နေမယ်” ဟု မန်လွယ်ကျေးရွာဒေသခံ သျှမ်း အမျိုးသားတဦးက ပြောသည်။

သီပေါမြို့နယ်တွင်းတွင် သျှမ်းပြည်ပြန်ည်ထူထောင်ရေးကောင်စီ RCSS ၊ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ကသွားလာလှုပ်ရှာနေသည့် ဒေသဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

MNDAA တပ်သားများက သီပေါမြို့နယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...