မန်လွယ်ကျေးရွာတွင် TNLA နှင့် ဆက်သွယ်သူ ရွာတွင်းထွက်ခွာရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မန်လွယ်ကျေးရွာတွင် တအာင်းအမျိုးသားလွတ်မြောက်‌ရေးတပ်မတော် TNLA နှင့် အဆက်အသွယ် လုပ်သူများကို ရွာတွင်းမှထွက်ခွာသွားရန်အတွက် လက်နက်ကိုင် တပ်ဖွဲ့တစ်ခု က ပြောဆိုကြောင်း စုံစမ်းသိရသည်။

လွန်ခဲ့သည့် အောက်တိုဘာ (၈) နှင့် (၉) ရက်တွင် TNLA ကိုသတင်းပေးသူဟုထင်ရသည့် မန်လွယ်ကျေးရွာဒေသခံ မိသားစု (၂) စုသည် ရွာအတွင်းမှာ ပြောင်းရွှေသွားခဲ့ရကြောင်း မန်လွယ်ကျေးရွာဒေသခံများပြောပြချက်အရသိရသည်။

“ သူတို့က TNLA ကိုသတင်းပေးဆိုပြီး‌တော့ ထွက်သွားခိုင်းတာ။ ထွက်သွားရတဲ့သူတွေက မိသားစု (၂) စုလောက်ရှိပြီး။ ‌ဘယ်နားသွားနေလဲတော့ ကျနော်တို့လည်း အတိကျမသိဘူး” ဟု မန်လွယ်ကျေးရွာခံ ဒေသခံ သျှမ်း အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ရွာအတွင်းမှ ထွက်ခွာသွားရသည့်သူများသည် လက်ရှိတွင် ကျောက်မဲမြို့တို့သွားရောက်နေထိုင်နေလျက် ရှိကြောင်း သီပေါမြို့ ဒေသခံ အသက် (၄၀)ကျော် အမည်မဖော်လိုသည့် သျှမ်းအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ သူတို့ကျောက်မဲမှာ သွားနေပြီးလို့ကြားတယ်။ ဒါပေမယ့် ဘယ်နားမှာသွားနေလဲတော့ မသိရဘူး။ ဘယ်လိုခြေအနေ ရှိနေလဲတော့ ကျမတို့ အသေးစိတ်မသိရဘူး။ ရွာကနေတော့ ပစ္စည်းတွေ သယ်လာကြတယ်တဲ့” သီပေါမြို့ ဒေသခံ အမျိုးသမီးတဦးက ပြောသည်။

သီပေါမြို့နယ် မန်လွယ်ကျေးရွာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ အချင်းချင်း မကြာခဏ ထိတွေ့သည့် နေရာ ဒေသတခုဖြစ်သည်။

“ ရွာထဲမှာ တိုက်ပွဲလာမဖြစ်စေချင်လို့ထင်တယ်။ အဲကြောင့် စစ်တပ်က နှင်းထုတ်လိုက်တာထင်တယ်။ အဲ့နေရာမှာ TNLA သတင်းပေးရှိရင် ပြဿနာ တခုခု ဖြစ်မှာ ကြောက်လို့နေမယ်” ဟု မန်လွယ်ကျေးရွာဒေသခံ သျှမ်း အမျိုးသားတဦးက ပြောသည်။

သီပေါမြို့နယ်တွင်းတွင် သျှမ်းပြည်ပြန်ည်ထူထောင်ရေးကောင်စီ RCSS ၊ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ကသွားလာလှုပ်ရှာနေသည့် ဒေသဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...