ဖယ်ခုံမြို့ NLD ပြန်ကြားရေးတာဝန်ခံနေအိမ်ကို စစ်ကောင်စီမှ ဝင်ရောက်ဖျက်ဆီး

သျှမ်းပြည်တောင်ပိုင်းရှိ ဖယ်ခုံမြို့မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြန်ကြားရေးတာဝန်ခံ၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့တို့မှ ဝင်ရောက် ဖျက်ဆီးခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ ( အောက်တိုဘာ ၁၂) ရက် နေ့ခင်းပိုင်း ၁၂ နာရီဝန်းကျင် တွင် ဖယ်ခုံမြို့ရှိ NLD ၏ မြို့နယ် ပြန်ကြားရေးတာဝန်ခံ ဦးနိုင်လင်းထွန်း၏ နေအိမ်ကို စစ်မှုထမ်းဟောင်းနှင့် စစ်ကောင်စီ တပ်သားများပါဝင်သည့် လူတစ်စုက လာရောက်ဖျက်ဆီးသွားကြောင်း သတင်းသိရသည်။

“ဦးနိုင်လင်းထွန်းတို့က အိမ်မှာမနေတာ ကြာပါပြီ၊ အရင်တစ်ခေါက်တုန်းကလည်း သော့တွေဖျက်ပြီး တစ်ခေါက် လာစစ်သေးတယ်၊ အိမ်မှာ ရှိနေတဲ့ အဖိုးတန်ပစ္စည်းတွေကိုလည်း ယူသွားတာ၊ ခုတစ်ခေါက်ကျတော့ လာတာက အင်အားပိုများတယ်၊ တံခါးပေါက်တွေကလည်း ဖျက်ဆီး သွားသေးတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဦးနိုင်လင်းထွန်းတို့ မိသားစုသည် တော်လှန်ရေးစတင်ပြီး စစ်ကောင်စီမှ ပြည်သူများကို လိုက်လံဖမ်းဆီးခြင်းများ ပြုလုပ်နေကတည်းက တိမ်းရှောင်နေကြပြီး ယခုချိန်ထိ အိမ်သို့ ပြန်မလာသေးသော်လည်း အာဏာသိမ်း စစ်ကောင်စီနှင့် အဖွဲ့သားတို့က ၎င်း၏ အိမ်ကို နှစ်ကြိမ်တိုက်လာရောက်ဖျက်ဆီးသွားကြောင်း သိရသည်။

“စစ်ကောင်စီတပ်သားနဲ့ စစ်မှုထမ်းဟောင်း ပျူစောထီး အဖွဲ့ဝင်တွေပါတယ်၊ လာတဲ့ စစ်သားတွေကလည်း သေနတ်ကြီးနဲ့ ချိန်ထားပြီး ကြိမ်းမောင်းနေကြလို့ ဘယ်သူမှ ထွက်မကြည့်ရဲဘူး၊ ထွက်ကြည့်ရင် ပစ်မယ်ဆိုလို့လေ” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

စစ်ကောင်စီတို့သည် နိုင်ငံတော်အာဏာ သိမ်းယူပြီး နောက်ပိုင်းတွင် NLD မှ တာဝန်ရှိသူများနှင့် ပါတီဝင်များ အပါအဝင် အပစ်မဲ့ ပြည်သူများစွာကို မတရားစွပ်စွဲချက်များဖြင့် ဖမ်းဆီးထောင်ချမှုများ ပြုလုပ်နေသည့်အပြင် လက်ရှိ နေအိမ်ဖျက်ဆီးခံလိုက်ရသည့် ဦးနိုင်လင်းထွန်းကိုလည်း အမှုများစွာ ဖြင့် စစ်ကောင်စီတို့က တရားစွဲဆိုထား ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...